ဗွီအိုအေ (မြန်မာပိုင်း)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ရိုဟင်ဂျာ အကျပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ် တရားရုံး ICC ကို တာဝန်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်းနဲ့ အထူးသဖြင့် တရုတ်နဲ့ ရုရှားနိုင်ငံတို့က မြန်မာနိုင်ငံ ကို ကာကွယ်နေတဲ့အပေါ်မှာလည်း ဝေဖန်ခဲ့တာပါ။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် တာဝန်သက်တမ်း မကုန်ဆုံးခင်နောက် ဆုံးအနေနဲ့ အိမ်နီးချင်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ် အဆုံးသတ်မှာ ရိုဟင်ဂျာအရေးကို နိုင်ငံတကာက ဖိအားပေးဖို့ တိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားတဲ့ မြန်မာအစိုးရကတော့ လူ့အခွင့်အရေး အထူး ကိုယ်စား လှယ်ရဲ့ တင်ပြချက်တွေဟာ ဘက်လိုက်မှုရှိတယ်ဆိုပြီး ပြည်ဝင်ခွင့်ပေးဖို့ ငြင်းဆန်ထားတာပါ။
အထူးကိုယ်စားလှယ်ကတော့ မြန်မာအစိုးရက ဝင်ခွင့်မပေးပေမဲ့လည်း နိုင်ငံတကာ အသိုင်းအဝန်းအတွက်သတင်း အချက်အလက်တွေကို ပြည့်ပြည့်စုံစုံနဲ့ ဘက်လိုက်မှုမရှိဘဲ တင်ပြနိုင်ဖို့ တတ်နိုင်သမျှ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ကြောင်းလည်း ခရီးစဉ်မတိုင်ခင် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
Link: Here
No comments:
Post a Comment