Thursday, January 16, 2020

မြန်မာ့အရေး နိုင်ငံတကာအရေးယူမှု တရုတ်ဟန့်တားမှု မလုပ်ဖို့ AI တိုက်တွန်း

16 ဇန္နဝါရီ၊ 2020 
 မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိရေး နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကိုတရုတ် နိုင်ငံက ဟန့်တားတာတွေ မလုပ်ဖို့နဲ့ မြန်မာနိုင်ငံက ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိရေး နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Amnesty International က တိုက်တွန်း လိုက်ပါ တယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ ပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက စစ်ခေါင်း ဆောင်တွေ တာဝန်ခံမှုရှိအောင် ကြိုးပမ်းနေတာတွေကို ဟန့်တားမှုတွေ မလုပ်ဖို့ တရုတ်သမ္မတ Xi Jinping ရဲ့ ခရီးစဉ်မတိုင်ခင် ဒီနေ့မှာပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

တရုတ်နိုင်ငံရဲ့ လုပ်ရပ်ဟာ နိုင်ငံတဝှမ်းက လူနည်းစုတွေအပေါ် ကျုးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးရာ ရောက်နိုင်တယ်လို့လည်း Amnesty International အဖွဲ့ရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး Nicholas Bequelin က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည် တသန်းလောက် ရောက်နေသလို၊ ၆ သိန်းလောက်ဟာလည်း မြန်မာ နိုင်ငံထဲမှာ ဆိုးရွားတဲ့ အခြေအနေတွေအောက် နေထိုင်နေရကြောင်းနဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုး ပမ်းရာမှာ မြန်မာအစိုးရအပေါ် တရုတ်နိုင်ငံက ဖိအားပေးဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ထိရောက်မှုရှိမှာမဟုတ် သလို ဆိုးကျိုးတွေသာ ပေါ်ပေါက်နိုင်တယ်လို့လည်း သတိပေးခဲ့တာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံတဲ့ မြန်မာအစိုးရကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ နဲ့  ပတ်သက်လို့ နိုင်ငံတကာက စွပ်စွဲနေသလောက် ကျုးလွန်ခဲ့တာ မရှိကြောင်း ငြင်းဆန်ထားပေမဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အသင့်ရှိကြောင်း ပြောဆိုထားပါတယ်။ Amnesty International ရဲ့ ထုတ်ပြန် ချက်မှာပဲတရုတ်သမ္မတ ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း အရေးကြီးတဲ့ စီးပွားရေးနဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေကို လက်မှတ်ရေး ထိုးမယ်လို့ မျှော်လင့်ထားပေမဲ့ ပွင့်လင်းမြင်သာမှုတွေ အားနည်းနေတဲ့အပေါ် စိတ်ပျက်ကြောင်းလည်း ပြောဆိုထားတာပါ။ စီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ လူမှုအသိုင်းအ ဝန်းတွေနဲ့ လူ့အခွင့်အရေး၊ ပွင့်လင်းမြင်သာမှုကိစ္စတွေကို တိုင်ပင်ညှိနှိုင်းဖို့ အရေးကြီးကြောင်းလည်း သတိ ပေးထားပါတယ်။
 
 
Link: Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */