Sunday, January 5, 2020

ရိုဟင်ဂျာတွေ ပြည်နှင်ဒဏ်ပေးဖို့ ဂျမူးပါတီ တောင်းဆိုဆန္ဒ ပြ

လွတ်လပ်တဲ့အာရှအသံ( RFA ) 
 2020-01-05

 
■ အိန္ဒိယနိုင်ငံတောင်ပိုင်း ဂျမူးမြို့မှာ ဒေသခံ NPP ပါတီက ဦးဆောင်ပြီး မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ အပါအဝင် တရားမဝင် လာရောက်နေထိုင်သူတွေကို ပြည်နှင်ဒဏ်ပေးဖို့ မနေ့က ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

ပါတီ ဥက္ကဋ္ဌနဲ့ ဒေသခံ ဝန်ကြီးတစ်ဦး ခေါင်းဆောင်တဲ့ အဲဒီ ဆန္ဒပြသူ ၂ဝ ခန့်က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ က လာတဲ့ မွတ်စလင်တွေဟာ သူတို့ဒေသရဲ့ လုံခြုံရေးကို ထိခိုက်နေတဲ့အတွက် အမြန်ဆုံး ပြန်လည်ပို့ဆောင် ဖို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးကို ပိုစတာတွေ ကိုင်ဆောင်ရင်း ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။

ဂျမူးနဲ့ ကက်ချ်မီးယားပြည်နယ်က ဂျမူးနဲ့ ဆမ်ဘာ ခရိုင် နှစ်ခုမှာ အခုတရားမဝင်ရောက်ရှိနေတဲ့ ရိုဟင်ဂျာနဲ့ ဘင်ဂါလီ လူဦးရေ ၁၃၇ဝဝ ခန့် ရှိတယ်လို့ဆိုပါတယ်။ ဒါဟာ ၂၀၀ဂ ခုနှစ်ကနဲ့ နိုင်းယှဉ်ရင် လူ ၆ဝဝဝ ကျော် တိုးလာတာဖြစ်တယ်လို့ အစိုးရ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

အိန္ဒိယ အစိုးရ မကြာခင်က ထုတ်ပြန်ခဲ့တဲ့ ဥပဒေအရ သူတို့နိုင်ငံမှာ တရားမဝင် လာရောက်နေထိုင်သူတွေ ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ လျှောက်ထားခွင့်ပေးမှာဖြစ်ပေမယ့် မွတ်စလင်တွေ ပါဝင်လျှောက် ထားခွင့် မရှိပါဘူး။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */