ဘီဘီစီ မြန်မာပိုင်း
31 ဒီဇင်ဘာ 2019
ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေက ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေ တို့ကြားတိုက်ပွဲတွေဟာ လူစည်ကားရာမြို့ပေါ်ကိုထိ ကျယ်ပြန့်လာနေပါတယ်။
ကျောက်တော်မြို့ပေါ်မှာ ဒီဇင်ဘာ ၃၀ ရက်နေ့ည ၇ နာရီခွဲဝန်းကျင်အချိန် တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွား ခဲ့ကြပြီး လက်နက်ကြီးတွေရော လက်နက်ငယ်တွေပါ အချက်ပေါင်းများစွာ ပစ်ခတ်သံတွေကို ကြားလိုက်ရ တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုတွေကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအပါအဝင် လူနေအိမ်တော်တော်များများမှာ ကျည်တွေ ကျရာက်ခဲ့ သလို အဆောက်အအုံ တွေပျက်စီး ထိခိုက်မှုတွေရှိခဲ့ကြောင်းနဲ့ အမျိုးသမီးနှစ်ဦး ဒဏ်ရာရှိခဲ့ တယ်လို့ သူက ပြောပါတယ်။
ဒဏ်ရာ ရရှိခဲ့သူတွေကတော့ မြို့သစ်ရပ်ကွက်က အသက်ကြီးပိုင်းအရွယ် ဒေါ်မဲမဦးဘယ်ဘက်ရင်အုံမှာ ကျည်ရှပ်ထိဒဏ်ရာရရှိခဲ့ပြီး၊ ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်သီရိနိုင်ရဲ့ ဘယ်ဘက်ပေါင်မှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
တပ်ကမြို့တွင်းတိုက်ပွဲ နဲ့ပတ်သက်လို့ဘာပြောလဲ
အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုတွေဟာ တပ်မတော်စစ်ကြောင်းတွေစခန်းချနေတဲ့နေရာတွေက ပစ်ခတ်ခဲ့တာ ဖြစ် တယ်လို့ အဲ့ဒီနေရာတွေအနီးမှာ နေထိုင်သူတွေက ပြောဆိုပေမယ့် တပ်မတော်ဘက်ကတော့ သူတို့ စစ် ကြောင်းတွေက မြို့လုံခြုံရေးဆောင်ရွက်နေတဲ့အချိန်မှာ အေအေဘက်ကနေ လာရောက်ပစ်ခတ် ခဲ့ တာ ဖြစ်ပြီး တပ်မတော်အနေနဲ့ ပစ်ခတ်ခဲ့တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
"ကျွန်တော်တို့က ကျောက်တော်မှာ မြို့လုံခြုံရေးလုပ်ပေးနေတာဗျ။ အဲ့ဒီမှာ ဘဏ်တွေရှိတယ်။ အစိုးရဌာန ဆိုင် ရာ အဆောက်အအုံ တွေရှိတယ်။ အဲ့ဒီအတွက် ကျောက်တော်မြို့ပေါ်မှာ လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့ ဝင်တွေကို အေအေကနေ လာပစ်တာ။ ကျွန်တော်တို့က ဘာမှပြန်မပစ်ဘူး။ ဒေသခံပြည်သူတွေကို ထိခိုက် ဒဏ်ရာရမှာ စိုးလို့။" အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါ တယ်။
တပ်မတော်စစ်ကြောင်းတွေရှိနေတဲ့ အထက(မြို့မ)ကျောင်းနဲ့ မြန်မာ့စီးပွားရေးဘဏ်အနီးကို အေအေဘက် ကနေပြီးတော့ လာရောက်ချေင်းမြောင်း ပစ်ခတ်ခဲ့တာဖြစ်ပြီး 40 MM အမျိုးအစား လက်နက်တွေနဲ့ပစ်ခတ် ခဲ့ တယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့တာဖြစ် ပါတယ်။
ကျောက်တော်မြို့တိုက်ပွဲတွေက ဘယ်လိုသဘောဆောင်လဲ
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ကျောက်တော်မြို့အဝင်မှာရှိတဲ့ မဟာကံကြီးသျှင်ဘုရားဝင်းအတွင်းက တပ်မတော်တပ်စခန်းကို တိုက်ခိုက်ခံရပြီး နောက် ကျောက်တော်မြို့ပေါ်က လမ်းဆုံလမ်းခွ နေရာတော် တော်များများမှာ တပ်မတော်က လုံခြုံရေးတွေတင်းကျပ်စွာချထားခဲ့တာဖြစ် ပါတယ်။
လက်ရှိမှာ ကျောက်တော်မြို့ဟာ ပုံမှန်အနေအထားမဟုတ်တော့ဘဲ ဈေးတွေ၊ ဆိုင်တွေကိုလည်းပိတ်ထား ကြပြီး မြို့တွင်းမှာ အရပ်သားတွေသွားလာနေတာမရှိကြသလို၊ တပ်မတော်ဘက်က လုံခြုံရေးယူထားတာရှိ နေ တာကြောင့် တစ်မြို့လုံးဟာ တိတ်ဆိတ်ငြိမ်သက်နေတယ်လို့ ဦးဦးထွန်းဝင်းက ပြောပါတယ်။
"ဒါကတော့ တကယ်ကိုစိုးရိမ်ရတဲ့အခြေအနေတစ်ခုဖြစ်တယ်။ လူတွေကတော့ တော်တော်ကိုပူပန်နေကြ တယ်။ ဖြစ်နိုင်ရင် မြို့ထဲမှာ၊ လူစည်ကားတဲ့နေရာတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ လာပြီးတော့နေရ ယူ ထားတာက ဘယ်လိုပဲကြည့်ကြည့် ကောင်းတဲ့လက္ခာမဟုတ်ဘူး။ လက်ရှိဖြစ်နေတဲ့အခင်းအကျင်း အ ရရော ပြည်သူတွေခံစားနေရတဲ့အခြေအနေအရပါ ဘယ်လိုမှ အပြုသဘောဆောင်တဲ့လက္ခဏာတစ်ရပ်လို့ ယူဆလို့မရဘူး။ ဒါကိုတော့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက ပြန်ပြီး သုံးသပ်ဖို့လိုတာပေါ့။"လို့ လွှတ်တော် ကိုယ် စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။
ကျောက်တော်မြို့ဟာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့မြို့နယ်တွေထဲမှာ စစ်ရေးတင်းမာမှုအမြင့်ဆုံး အနေအ ထား ဖြစ်လာနေပြီး ဒီဇင်ဘာလတစ်လတည်းမှာ မြို့တွင်းတိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ကတိုက်ပွဲမှာတော့ အသက် ၈ နှစ်အရွယ်ကျောင်းသားလေးတစ်ဦးသေဆုံးခဲ့သလို ၊အ မျိုး သမီးတစ်ဦး ကျည်ထိမှန်ခဲ့ပါတယ်။ ဒီဇင်ဘာ၂၈ ရက်နေ့ဖြစ်စဉ်အတွင်း အမျိုးသမီးတစ်ဦးနဲ့ အမျိုး သား သံးဦးတို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြပြီး၊ဒီဇင်ဘာ ၃၀ ရက်နေ့ဖြစ်စဉ်မှာတော့ အမျိုးသမီးနှစ်ဦး ထပ်မံထိ ခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
Link : Here
No comments:
Post a Comment