" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 2, 2019

ICJ သို့သွားရောက်မည့်အဖွဲ့အား ထောက်ခံပွဲများ မန္တလေး၊ တောင်ကြီးနှင့်စစ်ကိုင်းမြို့များ၌ ပြုလုပ်မည်

မြန်မာတိုင်းမ်
အောင်သန့်ခိုင်
02 DEC 2019
မန္တလေးတွင် ၂၀၁၇ ခုနှစ်ကပြုလုပ်ခဲ့သည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲတွင် တက်ရောက်ခဲ့ကြသူများ။ ဓာတ်ပုံ- အောင်သန့်ခိုင်

မြန်မာနိုင်ငံအတွက် တရားမျှတ မှုနှင့် အမှန်တရားဖော်ဆောင်ရန် နိုင်ငံတကာတရားရုံး ICJ သို့ သွား ရောက် မည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့နောက်တွင် တညီတညွတ်တည်း ရှိကြောင်းပြသသည့် ထောက်ခံပွဲကို မန္တလေးမြို့အပါအဝင် တောင်ကြီး နှင့်စစ်ကိုင်းမြို့များ၌ ဒီဇင်ဘာဒုတိ ယ ပတ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါထောက်ခံပွဲများတွင် မန္တလေးမြို့၌ ဒီဇင်ဘာ ၁၀ ရက်ညနေ ၄ နာရီတွင် ချမ်းမြသာစည်မြို့နယ် လေယာဉ် ကွင်းဟောင်း၌ပြုလုပ်မည် ဖြစ်ပြီး တောင်ကြီးမြို့တွင် ဒီဇင်ဘာ ၁၀ ရက်၌ ကန်ရှေ့ရပ်ကွက် မြကန်သာ ပန်းခြံစုရပ်မှ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံသို့ လည်းကောင်း၊ စစ်ကိုင်းမြို့၌ ဒီဇင်ဘာ ၇ ရက် နံနက် ၈ နာရီတွင် ရွှေမင်းဝံ ပန်း ခြံစုရပ်မှ ဗိုလ်ချုပ်ပန်းခြံလမ်းသို့ လည်းကောင်း လမ်းလျှောက်စီတန်း လှည့်လည်မည်ဖြစ် ကြောင်းသိရသည်။

"တောင်ကြီးမှာ ဒီဇင်ဘာ ၁၀ ရက်မှာလုပ်ဖို့စီစဉ်ထားပြီး အင်အား သုံးထောင်လောက်ပါဝင်မယ်။ ပန်းခြံ စုရပ်ကနေ ဗိုလ်ချုပ်လမ်းအတိုင်းမြန်မာနိုင်ငံအရေးတို့အရေး၊ ICJ ခရီး စဉ်အောင်မြင်ပါစေစတဲ့ကြွေးကြော် သံနဲ့ စီတန်းလမ်းလျှောက်မယ်" ဟု ဦးဆောင်သူတစ်ဦးက ပြောသည်။

တောင်ကြီးမြို့တွင် ပြုလုပ်မည့် ထောက်ခံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်မည်ဟုသိရပြီးအခြားသော အစိုးရအဖွဲ့ ဝန်ကြီးများလည်း တက်ရောက်မည်ဖြစ်ကြောင်း ကနဦး သိရသည်။ စစ်ကိုင်းမြို့ထောက်ခံပွဲတွင် ရွှေမင်းဝံပန်းခြံလမ်းမှတာရိုးလမ်း၊ ရုံးကြီး လမ်းထောင့်၊ မြို့တော်ခန်းမ၊ ဈေးမီး ပွိုင့်မှ ဗိုလ်ချုပ်ပန်းခြံသို့စီတန်း လမ်း လျှောက်မည်ဖြစ်သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */