လွတ်လပ်တဲ့အာရှအသံ( RFA )
ကျော်လွင်ဦး
2019-12-08
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံးရှင်းလင်းရာရောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲဆို ချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားပေမယ့် ရခိုင်ပြည် နယ်မြောက်ပိုင်း ဘူးသီးတောင်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဆက်လက်ကျူး လွန်နေ တယ်လို့ Fortify Rights အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
ကျော်လွင်ဦး
2019-12-08
ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဆက်လက်ကျူးလွန်နေတယ်လို့ Fortify Rights အဖွဲ့ရဲ့ ၂ဝ၁၉ ဒီဇင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ချက်ကို တွေ့ရစဉ်
Photo: fortify-rights
Photo: fortify-rights
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံးရှင်းလင်းရာရောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲဆို ချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားပေမယ့် ရခိုင်ပြည် နယ်မြောက်ပိုင်း ဘူးသီးတောင်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဆက်လက်ကျူး လွန်နေ တယ်လို့ Fortify Rights အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုံးရှင်းလင်း တာတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှုဖွင့်တိုင်ကြား ခံထားရချိန်ပါ။
ဒါပေမဲ့လည်း မြန်မာအစိုးရနဲ့ တပ်မတော်သားတွေဟာ ရိုဟင်ဂျာတွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက် တာတွေ ဆက်လက်ကျူးလွန်နေတဲ့ အထောက်အထားတွေ ရရှိနေဆဲပဲလို့ ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့် အရေးအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Fortify Rights အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုလိုအချိန်မှာပဲ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် တပ်မတော်နဲ့ နယ်ခြားစောင့် တပ်တွေက ကျူးလွန်တာတွေဟာ ကောင်းတဲ့လက္ခဏာတွေ မဟုတ်တဲ့အတွက် ရပ်တန့်ဖို့လိုတယ်လို့ Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ ကိုနစ်ကီဒိုင်းမွန်းက ပြောပါ တယ်။ nickey-diamond-350.jpg
“လွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ်ချုပ်ချယ်တာရယ်၊ အ တင်းအဓမ္မစေခိုင်းတဲ့ကိစ္စတွေရယ် ခုလက်တလောတွေ့နေ ရတာပေါ့၊ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ၊ ကျူးလွန်မှုတွေက အရင်ဖြစ်ခဲ့တဲ့ ပြဿနာတွေကိုပေါ့၊ ခုလက်ရှိထိ ဆက်ပြီးကျူး လွန်နေတယ်ဆိုတဲ့ အထောက်အထားမျိုးတွေ ဆက်တိုက်တွေ နေ ရတာက အစိုးရသော်လည်းကောင်း၊ စစ်တပ်သော်လည်း ကောင်း၊ ကောင်းတဲ့အလားအလာတော့ မဟုတ်ဘူး၊ ဒီကိစ္စ ရပ် တွေက ဘယ်ကိုသွားမလဲဆိုရင် ICJ မှာရှိတဲ့ အခြေအနေနဲ့ကို အစိုးရ အတွက် ပိုပြီးတော့ဆိုးသွားစေတဲ့ အခြေအနေဖြစ်နေ တယ်”
ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ၁၂ ဦးကို Fortify Rights အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဘူးသီးတောင်မြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ အဓမ္မ ခိုင်းစေမှု ခုနှစ်မှု ရှိခဲ့ကြောင်း၊ အဲဒီမြို့နယ်က သပြေတောရွာမှာလည်း အမျိုးသားနဲ့ ကလေးတွေ စုစုပေါင်း လူ ၃၀ ကို အဓမ္မခိုင်းစေဖို့ ထိန်းသိမ်းထားကြောင်း၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ လုယက်သိမ်း ဆည်း ခံခဲ့ရပြီး၊ အစားအစာနဲ့ ရေလည်း ဖြတ်တောက်ခံရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေရှိတယ်လို့ ဒီမိုကရေ စီနဲ့ လူ့အခွင့်အရေးပါတီ အတွင်းရေးမှူး ကိုကျော်စိုးအောင်က ပြောပါတယ်။
“အခုထိ လူ့အခွင့်ရေး ချိုးဖောက်နေဆဲဆိုတာ သေချာတယ်၊ ကျနော်တို့ နယ်မြေတွေကို မေးမြန်းလိုက်
တော့ အဲအနေထားတွေရှိနေတယ်၊ ဒါပေမဲ့ အရင်လောက်တော့ မဆိုးဘူးပေါ့နော်၊ တဖြည်းဖြည်းနဲ့တော့ ပြောင်းလည်းမှုရှိလာတယ်၊ အစိုးရနဲ့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ယူထားသူတွေက လူ့အခွင့်ရေး ချိုး ထောက်တာတွေက ထင်သာမြင်သာရှိနေတာပေါ့”
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ ကတော့ ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကိုသာမက ရခိုင်တွေအပါအဝင် အားလုံးဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ပြော ပါတယ်။
ရခိုင်ပြည်နယ်မှာ ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် နေရပ်စွန်ခွာ ထွက်ပြေးနေရတာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ အများအပြားရှိတယ်လို့ဦးအောင်သောင်း ရွှေက ပြောပါတယ်။
“လူ့အခွင့်ရေး ချိုးဖောက်ခံရတာတွေက အစ္စလာမ်တွေချည်း မဟုတ်ဘူး၊ ရခိုင်တွေမှာလည်းရှိတယ်၊ တိုင်း ရင်းသားတွေ အကုန်လုံးပေ့ါ၊ အဲရခိုင်ပြည်နယ် တစ်ပြည်လုံးပေါ့၊ အကုန်လုံး ချိုးဖောက်ခံနေရတာပဲ၊ စစ်ဖြစ် တဲ့နေရာမှာ နိုင်ငံတကာက အကူညီပေးနေတာတွေကို တားမြစ်တာတွေရှိတယ် ဒါလည်း လူ့အခွင့်ရေး ချိုးဖောက်ခံနေရတာပဲ”
ဘူးသီးတောင်မြို့နယ်မှာ လူ့အခွင့်ရေး ချိုးဖောက်ခံရတာတွေ ရှိတယ်ဆိုတာနဲ့ပတ်သက်လို့ အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဦးအေးလွင်ကို ဆက်သွယ်မေးမြန်းရာမှာတော့
“ကျနော်စိတ်ထင်တော့ အပေါ်နဲ့အောက်က ချိန်ဆက်မှုက သိပ် မညီသေးဘူးလား မသိဘူး၊ ကျနော်တော့ အခိုင်အလုံ မသိဘူး လေ၊ သို့သော်လည်း အပေါ်နဲ့အောက် အချိတ်အဆက် မညီတဲ့အ တွက် တော် တော်လေးကို တိုင်းပြည်နာမည်ပျက် ရတာတွေ ရှိပါ တယ် လေ၊ သေချာစုံစမ်းပြီး ဒါတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့ လို အပ်ပါတယ်”
တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အဓမ္မစေခိုင်းတာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာ မှာတော့ အခုလို ငြင်းဆိုပါတယ်။
“အဲဒါတော့ မဟုတ်ပါဘူးဗျ၊ ဒါပဲ ပြောချင်ပါတယ်၊ ကျနော်လည်း အလုပ်ရှုပ်နေလို့နော်”
ICJ မှာ ဂမ်ဘီယာနိုင်ငံက အမှုဖွင့်တိုင်ကြားချက်တွေကို ခုခံချေပဖို့ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ နယ်သာလန်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။
အဲဒါတော့ မဟုတ်ပါဘူးဗျ၊
ဒါပဲ ပြောချင်ပါတယ်၊
ကျနော်လည်း အလုပ်ရှုပ်နေလို့နော်
Link : Here
ဒါပေမဲ့လည်း မြန်မာအစိုးရနဲ့ တပ်မတော်သားတွေဟာ ရိုဟင်ဂျာတွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက် တာတွေ ဆက်လက်ကျူးလွန်နေတဲ့ အထောက်အထားတွေ ရရှိနေဆဲပဲလို့ ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့် အရေးအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Fortify Rights အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုလိုအချိန်မှာပဲ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် တပ်မတော်နဲ့ နယ်ခြားစောင့် တပ်တွေက ကျူးလွန်တာတွေဟာ ကောင်းတဲ့လက္ခဏာတွေ မဟုတ်တဲ့အတွက် ရပ်တန့်ဖို့လိုတယ်လို့ Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ ကိုနစ်ကီဒိုင်းမွန်းက ပြောပါ တယ်။ nickey-diamond-350.jpg
ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ၁၂ ဦးကို Fortify Rights အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဘူးသီးတောင်မြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ အဓမ္မ ခိုင်းစေမှု ခုနှစ်မှု ရှိခဲ့ကြောင်း၊ အဲဒီမြို့နယ်က သပြေတောရွာမှာလည်း အမျိုးသားနဲ့ ကလေးတွေ စုစုပေါင်း လူ ၃၀ ကို အဓမ္မခိုင်းစေဖို့ ထိန်းသိမ်းထားကြောင်း၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ လုယက်သိမ်း ဆည်း ခံခဲ့ရပြီး၊ အစားအစာနဲ့ ရေလည်း ဖြတ်တောက်ခံရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေရှိတယ်လို့ ဒီမိုကရေ စီနဲ့ လူ့အခွင့်အရေးပါတီ အတွင်းရေးမှူး ကိုကျော်စိုးအောင်က ပြောပါတယ်။
“အခုထိ လူ့အခွင့်ရေး ချိုးဖောက်နေဆဲဆိုတာ သေချာတယ်၊ ကျနော်တို့ နယ်မြေတွေကို မေးမြန်းလိုက်
တော့ အဲအနေထားတွေရှိနေတယ်၊ ဒါပေမဲ့ အရင်လောက်တော့ မဆိုးဘူးပေါ့နော်၊ တဖြည်းဖြည်းနဲ့တော့ ပြောင်းလည်းမှုရှိလာတယ်၊ အစိုးရနဲ့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ယူထားသူတွေက လူ့အခွင့်ရေး ချိုး ထောက်တာတွေက ထင်သာမြင်သာရှိနေတာပေါ့”
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ ကတော့ ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကိုသာမက ရခိုင်တွေအပါအဝင် အားလုံးဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ပြော ပါတယ်။
ရခိုင်ပြည်နယ်မှာ ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် နေရပ်စွန်ခွာ ထွက်ပြေးနေရတာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ အများအပြားရှိတယ်လို့ဦးအောင်သောင်း ရွှေက ပြောပါတယ်။
“လူ့အခွင့်ရေး ချိုးဖောက်ခံရတာတွေက အစ္စလာမ်တွေချည်း မဟုတ်ဘူး၊ ရခိုင်တွေမှာလည်းရှိတယ်၊ တိုင်း ရင်းသားတွေ အကုန်လုံးပေ့ါ၊ အဲရခိုင်ပြည်နယ် တစ်ပြည်လုံးပေါ့၊ အကုန်လုံး ချိုးဖောက်ခံနေရတာပဲ၊ စစ်ဖြစ် တဲ့နေရာမှာ နိုင်ငံတကာက အကူညီပေးနေတာတွေကို တားမြစ်တာတွေရှိတယ် ဒါလည်း လူ့အခွင့်ရေး ချိုးဖောက်ခံနေရတာပဲ”
ဘူးသီးတောင်မြို့နယ်မှာ လူ့အခွင့်ရေး ချိုးဖောက်ခံရတာတွေ ရှိတယ်ဆိုတာနဲ့ပတ်သက်လို့ အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဦးအေးလွင်ကို ဆက်သွယ်မေးမြန်းရာမှာတော့
တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အဓမ္မစေခိုင်းတာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာ မှာတော့ အခုလို ငြင်းဆိုပါတယ်။
“အဲဒါတော့ မဟုတ်ပါဘူးဗျ၊ ဒါပဲ ပြောချင်ပါတယ်၊ ကျနော်လည်း အလုပ်ရှုပ်နေလို့နော်”
ICJ မှာ ဂမ်ဘီယာနိုင်ငံက အမှုဖွင့်တိုင်ကြားချက်တွေကို ခုခံချေပဖို့ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ နယ်သာလန်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။
အဲဒါတော့ မဟုတ်ပါဘူးဗျ၊
ဒါပဲ ပြောချင်ပါတယ်၊
ကျနော်လည်း အလုပ်ရှုပ်နေလို့နော်
Link : Here
No comments:
Post a Comment