" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 6, 2019

“ရှင့်အတွက် ဥရောပခရီး”

Frontier
MYANMAR
Friday, December 06, 2019
Illustration by Jared Downing | Frontier

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးသွား ဝါသနာပါသူ တစ်ယောက်ပါ။ ပျူပျူငှာငှာ ကြိုဆိုကြတာကိုလည်းသဘော ကျပုံရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်အနေနဲ့ အာရှနိုင်ငံတွေကိုရော၊ တခြားနိုင်ငံတွေ ကိုရောသွား ရောက်ပြီး သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုး၊ အင်အားကြီး မိတ်ဆွေနိုင်ငံတွေနဲ့ မဟာ မိတ်ဖွဲ့တာတွေ လုပ်ပါတယ်။

ဒါပေမဲ့ နိုင်ငံတချို့ကတော့ ဒေါ်စုအတွက် ကမ္ဘာ့မြေပုံပေါ်က ပျောက်ကွယ်သွားခဲ့ပါပြီ။ ဒီထဲမှာတချိန်ကသူ့ဘက် က မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ ဥရောပနဲ့ မြောက်အမေရိကနိုင်ငံတွေလည်း ပါပါတယ်။ ဒီနှစ် ဇွန်လ ထဲက သူ့ ရဲ့ ဥရောပခရီးမှာ သူ သွားရောက်တွေ့ဆုံခဲ့သူတွေဟာ ဥရောပတိုက်ရဲ့ ဝိုင်းပယ်ခံတွေသာ ဖြစ်ပါ တယ်။ သူတို့ နှစ်ဦးကတော့ ဟန်ဂေရီဝန်ကြီးချုပ် မစ္စတာ ဗစ်တာအော်ဘင်န် Mr. Viktor Orban နဲ့ ချက် သမ္မတမစ္စတာ မီ လို့စ်ဇီမင်န် Mr. Milos Zeman တို့ပဲ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ် နှစ်ဦးစလုံးဟာ နိုင်ငံခြားကြောက်သူ လူကြိုက်များ ခေါင်းဆောင်တွေဖြစ်ပါတယ်။

ခုတခါဒေါ်စုဟာ လစ်ဘရယ်ဥရောပရဲ့ အသည်းနှလုံးလို့ဆိုနိုင်တဲ့ ဟော်လန်ကိုသွားဖို့ အထုပ်ပြင်နေပါပြီ။ ဒါပေမဲ့ ဟော်လန်နိုင်ငံ မြောက်ပိုင်းပင်လယ်ကမ်းရိုးတန်း North Sea Coast ပေါ်က မြို့တော် သည်ဟိဂ် The Hague ကိုတော့ သွားတော့မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရပြီး အင်န်အယ်လ် ဒီပါတီ အာ ဏာရကာစ ၂၀၁၆ ပျားရည်ဆမ်းနေ့ရက်တွေကို ပြန်တမ်းတလို့လည်း မဖြစ်တော့ပါဘူး။ အဲဒီတုန်းက အောင်ပွဲ ခံခရီးမှာ လန်ဒန်နဲ့ ဝါရှင်တန်မြို့တော်တွေကိုလည်း ဝင်ခဲ့လို့ ပျူပျူငှာငှာကြိုဆိုပြီး လှိုက် လှိုက်လှဲလှဲဂုဏ်ပြုခံ ခဲ့ရပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကိုသွားမယ့်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်မယ်လို့ ပြီးခဲ့ တဲ့လက ကြေညာပါတယ်။ မြောက်အာဖရိက နိုင်ငံငယ်လေးတစ်ခုက မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးမှာ စွဲချက်တင်လိုက်တဲ့အမှုကို ရင်ဆိုင်ဖြေရှင်း ဖို့ဖြစ်ပါတယ်။ အစ္စလာမ္မစ်နိုင်ငံများအသင်း OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက ဖွင့်လိုက်တဲ့ အိုင်စီ ဂျေအမှုမှာ မြန် မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် ပြုမူဆက်ဆံရာမှာ လူမျိုးတုံးသုတ်သင်ရှင်းမှု သဘောတူညီ ချက်ကိုချိုးဖောက် ရာရောက်ကြောင်း စွပ်စွဲထားပါတယ်။

ဒီဇင်ဘာ ၁၀ ရက်မှာ စတင်မယ့် ကြားနာမှုအတွက် သည်ဟိဂ်အခြေစိုက်တရားရုံးမှာ မြန်မာကိုယ်စားလှယ် တစ် ဦး အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မိန့်ခွန်းပြောဖွယ်ရှိပါတယ်။

နိုင်ငံတကာအသိုက်အဝန်းက လူအတော်များများအဖို့ကတော့ ဒီကြေညာချက်အရ ဒေါ်အောင်ဆန်းစုကြည် ဟာ ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာကို နောက်ဆုံးအတည်ပြုချက်ပဲဖြစ်ပါတယ်။ ဒီအမှုကို သူကိုယ်တိုင် ကာ ကွယ်ရမယ်လို့ စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံထဲမှာ မပါပါဘူး၊ ဒါ့အပြင် ဒီလုပ်ရပ်ဟာ စစ်တပ်က နိုင်ငံရေး မှာ ဝင်ပါနေတာကို စွန့်လွှတ်ဖို့ အပေးအယူလုပ်တာပဲဆိုရင်တော့ မြန်မာပြည်သူတွေ ဒီမိုကရေစီ ပိုမိုခံစားရ ရေး အတွက် လူတစ်သန်းလောက်ရဲ့ လူ့အခွင့်အရေးကို အသုံးချသလို ဖြစ်သွားပါမယ်။

ရိုဟင်ဂျာတွေဟာ နိုင်ငံသားတွေမဟုတ်လို့ သူတို့ကို အစိုးရက အကာအကွယ်ပေးဖို့ တာဝန်မရှိဘူးလို့ ယုံကြည် ထားကြသူ မြန်မာတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရွေးချယ်မှုဟာ တစ်မျိုးဖြစ်ပါလိမ့်မယ်။ အခု မှာကို မြန် မာနိုင်ငံတလွှားမြို့ကြီးတွေမှာ လူထုစည်းဝေးပွဲတွေလုပ်ပြီး မြန်မာအစိုးရနဲ့ ဂမ်ဘီယာတို့ အငြင်း ပွားမှုဟာ နိုင်ငံ သားတွေကို တိုက်ခိုက်နေတာပဲလို့ ပြောနေကြပါတယ်။ အင်န်အယ်ဒီပါတီရဲ့ တရား ဝင် ထုတ် ပြန်ချက်မှာ နိုင်ငံ သားအားလုံး ညီညီညွတ်ညွတ်နဲ့ တနိုင်ငံလုံးအကျိုးအတွက် ရပ်တည်ကြဖို့ တိုက်တွန်းနေ ပါတယ်။

အဲဒီအချိန်ကစပြီး မြန်မာနိုင်ငံဖေ့စ်ဘွတ်ခ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်ကြဖို့တွေပဲ ပြည့်နေပါ တယ်။ အိုင်စီဂျေကြားနာမှု စောင့်ကြည့်နေသူတွေဟာ နိုင်ငံတကာဥပဒေအရ အဆိုးဆုံး ရာဇဝတ်မှုတွေ အပေါ် တာဝန်ယူမှုအတွက် ကြိုးပမ်းနေကြတာကို မြင်ကြမှာ မဟုတ်ပါဘူး။ အဲဒီအစား ဓမ္မကျမ်းဟောင်း ထဲကဒေးဗစ်နဲ့ ဂိုလီယက် လူ့ဘီလူးကြီးပွဲကိုပဲ ကြည့်နေကြမှာပါ။ ဒီစာရိတ္တပြုပြင်ရေး ပညာပေးဇာတ်လမ်း မှာ အကွက် ဆင် ထားတဲ့ နိုင်ငံတကာတရားခွင်မှာ နောက်ကွယ်က အင်အားကြီးတွေက သူရဲ့ နိုင်ငံအပေါ် မလိုမုန်းထား အကွက် ဆင်ကြံစည်မှုကို ဒေါ်အောင်ဆန်းစုကြည်က ရင်ဆိုင်ရမှာပါ။

ရိုဟင်ဂျာအကျပ်အတည်းအပေါ် ကမ္ဘာ့အမြင်နဲ့ မြန်မာ့အမြင်က အလွန်ပင်ကွာဟနေပါတယ်။ မြန်မာခေါင်း ဆောင်တွေက ဒီကွာဟချက်ကို ပေါင်းကူးပေးတာမျိုးလည်း မလုပ်ကြပါဘူး။

နိုဝင်ဘာ ၂၃ ရက်က သမ္မတရုံးထုတ်ပြန်ချက်မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦး ကျော် တင်က နိုင်ငံတကာက ဖိအားတွေတိုးပေးလာတာဟာ ပြဿနာရဲ့ ရှုပ်ထွေးနက်နဲမှုကို နားမလည် ကြ လို့ပါလို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တရားသူကြီးတွေကို ပြောမှာကလည်း ဒါပဲဖြစ်ပါလိမ့် မယ်။ တဘက် မှာတော့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူတွေ တွေ့ရှိထားတဲ့ မြန်မာနိုင်ငံ လုံခြုံရေးတပ်တွေရဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေဟာ တပုံတပင်ရှိနေပါတယ်။

“ရှင်တို့ နားမလည်ပါဘူး၊ ဒီကိစ္စက သိပ်ရှုပ်ထွေးပါတယ်” ဆိုပြီး ဒီလိုစောဒကတက်မှုတွေဟာ နိုင်ငံခြားက ဝေ ဖန်သူတွေကို ယုံကြည်လက်ခံနိုင်စေမှာ မဟုတ်ဘူးဆိုတာ မြန်မာအစိုးရ တွေးဆနိုင်လိမ့်မယ်မထင်ပါ ဘူး။ ဒါပေ မဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒါကအကြောင်းမဟုတ်ပါဘူးလို့တော့ ဆိုနိုင်ပါတယ်။ လူမျိုးတုံးသုတ်သင် ရှင်းလင်းမှု ဆို တာ ကလည်း တရားစွဲဆိုဖို့ အတော်ခက်တာမျိုးပါ။ အမှုက သူ့ဘာသာသူ ပြေလည်သွားနိုင် ပါတယ်။

မြန်မာအစိုးရရဲ့ စောဒကတက်မှုတွေနဲ့ သည်ဟိဂ်တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရင့်ပြတ်သားတဲ့ ရပ် တည်မှုတွေဟာ မြန်မာလူထုအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ အမြတ်ရဖို့ ရည်ရွယ်တာပါနောက် နှစ်ဟာ ရွေးကောက်ပွဲနှစ်ပါ။ ဒါဟာ မြန်မာရဲ့ နိုင်ငံတကာရပ်တည်မှုအပေါ် အရေးမထားပုံကို ပြ သလိုက်တာ ပါပဲ။

ဦးကိုကို ဘာသာပြန်သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */