Saturday, December 14, 2019

ဘူးသီးတောင် ရိုဟင်ဂျာရွာ ပေါက်ကွဲမှုဖြစ်ပွား

VOA
 ဗွီအိုအေ (မြန်မာဌာန)
သက်နိုင်
14 ဒီဇင်ဘာ၊ 2019
 ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ကျေးရွာ လက်နက်ကြီးကျရောက်ပေါက်ကွဲ မီးလောက်ပြီး မြင်ကွင်း။ (ဓာတ်ပုံ - ဦးအော်သောင်းရွှေ။ ဒီဇင်ဘာ ၁၄၊ ၂၀၁၉)
ဘူးသီးတောင်မြို့နယ် ဆင်သေပြင် ရိုဟင်ဂျာကျေးရွာအတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် နေအိမ်နှစ်လုံး မီးလောင်သွားပြီး ကျေးရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဘူးသီးတောင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။ လွှတ်တော်အမတ်တွေနဲ့ ဒေ သခံတွေကတော့ တပ်မတော်ကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ပြောဆို ကြပေမယ့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ သူတို့ပစ်တာ မဟုတ်သလို အဲဒီဘက်မှာ သူတို့တပ်လည်း မရှိဘူးလို့ ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုသက် နိုင်က တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဆင်သေပြင် ရိုဟင်ဂျာကျေးရွာအတွင်းကို ဒီကနေ့မနက် ပိုင်း က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်နှစ်လုံး မီးလောင်သွားပြီး ကျေးရွာ သား တွေ ထွက် ပြေးနေရတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင် သောင်းရွှေက ပြောပါတယ်။

“ဘူးသီးတောင်မြို့နယ် စံဂိုးတောင်အုပ်စုမှာ မနေ့က ၃၁ ဘုံ ဘုရားကုန်းပေါ်ကနေပြီးတော့ တပ်မတော် ကနေပြီးတော့ လက်နက်ကြီးတွေ ပစ်ခတ်တယ်။ အဲဒီပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ ဆင်သေပြင်ကျေး ရွာမှာ ကျရောက် ပေါက်ကွဲမှုတွေဖြစ်တယ်။ အဲဒီမှာ နွား ၅ ကောင် သေသွားတယ်။ အိမ်တလုံး ပျက်စီးသွား တယ်။ ဒီနေ့မနက်က ၈ နာရီကျော်လောက်မှာ ပြန်ပြီးတော့ လက်နက်ကြီး ပြန်ပစ်တယ်။ ပစ်တဲ့အခါမှာ အဲဒီ ဆင်သေပြင်ကျေးရွာမှာ နေအိမ်နှစ်လုံး မီးလောင်သွားတယ်။ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ သူတို့က ဒီလိုပဲ ဘု ရား ကုန်းပေါ်က နေပြီးတော့ အရှေ့ဘက်ကို ဒီလိုပစ်နေကြပါ။ နေ့တိုင်းပစ်နေတယ်။ အဲဒီလိုမျိုး။”

ဒီကနေ့မနက်ပိုင်းက အဲဒီ ဆင်သေပြင် ရိုဟင်ဂျာကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တပ်ဘက်က လက် နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အရင်ကလည်း သေဆုံးသူတွေ ရှိခဲ့သလို အခုလည်း ဒေသခံတွေ ကြောက်လန့်ပြီး ထွက်ပြေးနေရတယ်လို့ သူက ဆက်ပြောပါတယ်။

“ဒေသခံတွေကတော့ ကြောက်ပြီးတော့ ပြေးသွားကြတာ ကြာပြီ။ စံဂိုးတောင်အုပ်စုမှာ ဥယျာဉ်သာ၊ ချရှား တောင်း၊ နွားရုံတောင်၊ ကွမ်းတောင်၊ စပါးထားဆိုတဲ့ ရွာတွေမှာ လူတယောက်မှ မရှိတော့ဘူး။ အဲဒီမှာ ဒီဆင် သေပြင်ကျေး ရွာတရွာပဲ ကျန်တယ်။ အဲဒီကျေးရွာက လူတချို့လည်း ထွက်ပြေးနေကြပါတယ်ခင်ဗျာ။ အဲဒီ ဆင်သေပြင်ကျေးရွာမှာ အရင်ကတည်းကလည်း တပ်ကပစ်လို့ ငါးရှာတဲ့ လူတယောက် ဆုံးသွားတာရှိ တယ်။ နောက်ပြီးတော့ လက်နက်ကြီးကျပြီးတော့ ကိုယ်ဝန်သည် အမျိုးသမီးတယောက် ကိုယ်ဝန်ပျက်သွား တာ လည်း ရှိတယ်။”

ဆင်သေပြင် ဒေသခံတဦးကတော့ တိုက်ပွဲမရှိဘဲ အခုလို လက်နက်ကြီးပစ်ခတ်နေတာတွေကြောင့်ကြောက်   လန့်နေကြရတယ်လို့ ပြောပါတယ်။

“အဲဒီမှာ တိုက်ပွဲလည်းမရှိဘူး။ သူတို့ လက်နက်ကြီးတွေနဲ့ပစ်လို့ အိမ်နှစ်လုံး မီးလောင်သွားပါတယ်။ အဲဒါ ကြောင့် ကျနော်တို့ ရွာသားတွေက ကြောက်နေကြရတယ်။တိုက်ပွဲမရှိဘဲနဲ့ ပစ်လို့ ကျနော်တို့ရွာကမီးလောင် ရတယ်။ အဲဒါကြောင့် ရွာသားတွေ ကြောက်လို့ မနေချင်ကြဘူး။”

ဆင်သေပြင် ရိုဟင်ဂျာကျေးရွာကို ကျတဲ့ လက်နက်ကြီးကျည်ဟာ ဘူးသီးတောင်မြို့နယ် ၃၁ ဘုံ ဘုရားအနီး မှာ ရှိတဲ့ တပ်က ပစ်တာဖြစ်တယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုကြပေမယ့် အ နောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ သူတို့ပစ်တာ မဟုတ်ဘူး လို့ပြော ပါတယ်။

“အဲဒါကတော့ မဟုတ်ဘူး။ ဒီနေ့ တိုက်ပွဲဖြစ်တာက အဲဒီဘက်မှာ မဖြစ်ဘူး။ တိုက်ပွဲဖြစ်တာက မြောက်ဦးမြို့ နယ် လက်ကာဘက်မှာပဲ ဖြစ်တာ။ ကျန်တဲ့နေရာ ဘယ်နေရာမှ ဖြစ်တာမရှိဘူး။ မပစ်ဘူး မလုပ်ဘူး အဲဒီ ဘက်မှာ တိုက်ပွဲလည်းမဖြစ်ဘူး။ အဲဒီ ဆင်သေပြင်နားမှာ ကျနော့်တပ်တွေတောင် မရှိဘူး၊ နည်း နည်းတော့ လွဲနေပြီ။ လက်ကာနားမှာတော့ အခုအချိန်ထိ ဖြစ်နေတုန်းပဲ။”

ဘူးသီးတောင်မြို့နယ်ဘက်တွေမှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာတွေ လတ်တ လော မရှိပေမယ့် ပြီးခဲ့ရက်ပိုင်းက NLD ပါတီဥက္ကဋ္ဌ တဦးကို AA ဘက်က ဖမ်းဆီးထားတာရှိသလို ဒီကနေ့မှာလည်း ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေကြောင့် ဒေသခံတွေ ထွက် ပြေးနေရ တာလည်း ဖြစ်ပါတယ်။

ဆင်သေပြင်ကျေးရွာဟာ ရိုဟင်ဂျာတွေ နေထိုင်တဲ့ ကျေးရွာတခုဖြစ်ပေမယ့် မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံထားတာလည်း ဖြစ်ပါတယ်။


Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */