B B C
ဘီဘီစီ မြန်မာပိုင်း
02 ဒီဇင်္ဘာ ၂၀၁၉
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေကို အစုလိုက်သတ်ဖြတ်တာတွေကို ရှုတ်ချကြောင်း အစ္စရေး နိုင်ငံ ခြားရေးဝန်ကြီးဌာနကနေ ပထမဆုံးအကြိမ်အဖြစ် တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
အစ္စရေးနိုင်ငံဟာ မြန်မာတပ်မတော်နဲ့ ဆက်ဆံရေးပြေလည်ပြီး မြန်မာနိုင်ငံကို လက်နက်၊ စစ်အသုံး အ ဆာင်တွေ၊ သင်တန်းတွေပေးနေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ဘီဘီစီ မြန်မာပိုင်း
02 ဒီဇင်္ဘာ ၂၀၁၉
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေကို အစုလိုက်သတ်ဖြတ်တာတွေကို ရှုတ်ချကြောင်း အစ္စရေး နိုင်ငံ ခြားရေးဝန်ကြီးဌာနကနေ ပထမဆုံးအကြိမ်အဖြစ် တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အရေးယူအပြစ်ပေးရေးဆိုင်ရာသဘောတူညီချက် (Genocide Convention) ချိုးဖောက်တယ်ဆိုပြီး အာဖရိကတိုက်ရှိ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတာ ကို မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်မယ် လို့ကြေညာပြီးတဲ့နောက် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ဟာ ကောင်းတဲ့ဆုံးဖြတ် ချက်ဖြစ် ပြီး အဲဒီအတွက် ကံကောင်းပါစေလို့ အားပေးစကားတခုကို သူ့တွိစ်တာမှာဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပို့စ် ကို နောက်ပိုင်းမှာ ပြန်ဖျက်လိုက်ပါတယ်။
- ICJ အမှုကနေ ရိုဟင်ဂျာတွေ ဘာတွေ မျှော်လင့်လဲ
- လူသေအလောင်းအများအပြားတွေ့ရတဲ့ဆိုတဲ့ ဂူတာပြင်ဖြစ်စဉ်ကပြစ်မှုကျူးလွန်သူအချို့ကို စစ်တရားရုံးမှာ စတင်စစ်ဆေးတော့မယ်
'' မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ရဲ့တွိစ်တာပို့စ်က မှားယွင်းတာမဟုတ်ပဲ အစ္စရေးအစိုးရရဲ့ ပေါ်လစီနဲ့ တစ်ထပ်ထဲဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ကျွန်တော်ပြောလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ နိုင်ငံကဖြစ်ပျက်နေတာတွေကို အစ္စရေးအနေနဲ့ တခါမှ တရားဝင်ထုတ်ဖော်ဝေဖန်တာမရှိဘူး ကျွန်တော် ပြောလိုက်တယ်။''
'' အဲဒီနောက် ဘယ်လိုဖြစ်လဲဆိုတော့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်တဲ့အနေနဲ့ ထုတ်ပြန်ချက် ထုတ်လိုက်တယ်။ ဒါဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အစ္စရေးအစိုးရက ပထမဆုံးအကြိမ် ထုတ်ဖော်ဝေဖန်လိုက်တာဖြစ်တယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လကတည်းက မြန်မာနိုင်ငံကို လက်နက်ရောင်း ချ တာတွေကိုရပ်လိုက်ပြီလို့လည်း ထုတ်ပြောပါတယ်။'' မစ္စတာ အီတေမာခ်က ပြောပါတယ်။
မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်ပါဝင်တဲ့အတွက် ဂျူးလူမျိုးတွေကို နာဇီအစိုးရက သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်မျိုးနဲ့ နှိုင်းယှဉ်ထောက်ပြတာတွေရှိနေပေမဲ့ ဒါနဲ့ပတ်သက်ပြီး မစ္စတာ အီတေမာခ် က လူမျိုးတုံးသတ်ဖြတ်မှုမှန်ပေမဲ့ နှိုင်းယဉ်လို့ မရနိုင် ဘူးလို့ သူကဆိုပါတယ်။
'' ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံးမှာ မြန်မာကိုတရားစွဲထားတယ်ဆိုတာ သိပ်အရေးကြီးပါတယ်လို့ ကျွန် တော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သီရိလင်္ကာနိုင်ငံနဲ့ တောင်ဆူဒန်မှာဖြစ်ပျက်ခဲ့တာ ကို ကြည့် နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာအစိုးရက သက်သေအထောက်အထားတွေကို ဖျက်ဆီးနေတယ်။ ဥပမာအဖြစ်အပြောရမယ်ဆိုရင် ရိုဟင်ဂျာရွာတွေ၊ အိမ်တွေကို ဖျက်ဆီးတာတွေ၊ မြေပြင်က သက်သေအ ထောက်အထားတွေ ဖျက်ဆီးပြီး ဘာမှမဖြစ်ပါဘူးဆိုပြီး ငြင်းဆိုတာတွေ ထောက်ပြနိုင်ပါတယ်။ ဆိုတော့ မြန်မာအစိုးရက သမိုင်းကိုဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်'' လို့ မစ္စတာ အီတေမာခ်က ပြောပါတယ်။
အစ္စရေးနိုင်ငံဟာ မြန်မာတပ်မတော်နဲ့ ဆက်ဆံရေးပြေလည်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် အစ္စရေးနိုင်ငံကို ၂၀၁၅ ခုနှစ်က သွားရောက်လည်ပတ်ခဲ့ပြီး လက်နက် ထုတ်လုပ်တဲ့ကုမ္ပဏီနဲ့ အစ္စရေးရေတပ်စခန်းတချို့ကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။
Link : Here
No comments:
Post a Comment