Friday, November 29, 2019

ရိုဟင်ဂျာ ဒုက္ခသည်များ ကျွန်းပေါ်ပြောင်းရွေ့နေထိုင်ရေး ကုလမှ နည်းပညာအကူအညီပေး

မဇျ္စိမ
By AFP
29 November 2019
ဒါကာ၊ နိုဝင်ဘာ ၂၉ ။         ။ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွါထွက်ပြေးသွားကြသည့် ရိုဟင်ဂျာတစ်သိန်းခန့်ကို ကျွန်းပေါ်ပြောင်းရွေ့နေရာချထားရေးအတွက် လိုအပ်သည့် အစီအစဉ်များကို အကဲဖြတ်ရန် နည်းပညာ ကျွမ်းကျင် သူများကို ဘင်္ဂလားဒေ့ရှ်သို့ စေလွှတ်ကူညီသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံး ဒုဥက္ကဋ္ဌ Kelly Clements က နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဒါကာတွင်ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်များကိုနေရာပြန်လည်ချထားပေးရာတွင် ကုလသမဂ္ဂမှ ကူညီပေးချင် ခဲ့ ကြောင်း၊ ပိုမိုကောင်းမွန်သည့်အစီအစဉ်များဆောင်ရွက်ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း ကမ်း လှမ်းပြောဆို ပြီးပြီဖြစ်ကြောင်း၊ စီစဉ်လုပ်ဆောင်ပုံများကို လာရောက် အကဲဖြတ်လေ့လာရန် နည်းပညာ ကျွမ်းကျင်သူများကို လည်း ကမ်းလှမ်းထားပြီးပြီဖြစ်ကြောင်း Kelly Clements က သတင်း ထောက်များကို ပြောသည်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှ နေရပ်စွန့်ခွါထွက်ပြေးသွားသည့် ရိုဟင်ဂျာမွတ်စလင် ၇၄၀,၀၀၀ အပါအဝင် လူဦးရေ တစ်သန်းခန့်သည့် ယခုအခါ ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ဘက် ကော့ခ်ဘဇားရှိ ဒုက္ခသည်စခန်း များတွင် နေထိုင်လျက်ရှိသည်။  

လူပြည့်ကျပ်နေသည့်ထိုဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအယောက် တစ်သိန်းခန့်ကို နေရာချထားပေးရန် ဆိုင် ကလုန်း ဒဏ်ခံရလေ့ရှိသည့် ဘာရှန်ချာကျွန်းပေါ်တွင် အဆောက်အအုံများတည်ဆောက်ပြီးသွားပြီဖြစ်၍ ပြောင်းရွေ့ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း လူ့အခွင့်အရေးအဖွဲ့များနှင့် ကူညီထောက် ပံ့ရေး အေဂျင်စီများသည် အဆိုပါအစီအစဉ်ကို ကန့်ကွက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ကော့ခ်ဘဇားဒုက္ခသည်စခန်းကို သံဆူးကြိုးစည်းရိုးများ ကာထားခဲ့မှုအပေါ် လုံ ခြုံရေးအရ အကောင်းဆုံးဖြေရှင်းချက် မဟုတ်အကြောင်း၊ ဒုက္ခသည်များရော လက်ခံသည့်နိုင်ငံပါ မထိ ခိုက်စေသည့် နည်းလမ်းကို အကောင်အထည်ဖော်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့အား နေရပ် ပြန်ပို့မည့် အချိန်ကို သတ်မှတ်ရန် အင်မတန်ခက်ခဲမည်ဖြစ်ကြောင်း Kelly Clements က ဆိုသည်။

Link :  Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */