မူလှိုင်းသိမ့်
19 November 2019
နိုင်ငံ ၈ နိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားဟောင်းတွေလည်း ဆိုက်ရောက်ဗီဇာ လျှောက်ထားနိုင်ပြီ ဆိုတဲ့အကြောင်း မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
သြစတြေးလျနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျာမနီ၊ အိန္ဒိယ၊ အီတလီ၊ ရုရှား၊ စပိန်နိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံမှာ နိုင်ငံသား ခံယူထားတဲ့ မြန်မာနိုင်ငံသားဟောင်းတွေလည်း ဆိုက်ရောက်ဗီဇာ Visa on Arrival (Tourist) ဗီဇာ လျှောက် ထားခွင့်ရှိပြီ ဖြစ်ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။
အရင်တလောတုန်းက အဲဒီ ဆိုက်ရောက်ဗီဇာဟာ မြန်မာနိုင်ငံသားဟောင်းတွေအတွက် အကြုံးမဝင်ပဲ မြန်မာနိုင် ငံသားဟောင်းတွေအနေနဲ့ လူမှုရေးဗီဇာ (Social Visa) ကို လျှောက်ထားရမယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
အဲလို ပြောဆိုချက်ကြောင့် မကြေနပ်ချက်တွေ ထွက်ပေါ်လာပြီးနောက် အခုအခါမှာတော့ မြန်မာနိုင်ငံသားဟောင်း တွေလည်း ဆိုက်ရောက်ဗီဇာ လျှောက်ထားနိုင်ကြောင်း ဖော်ပြလာတာ ဖြစ်ပါတယ်။
ဆိုက်ရောက်ဗီဇာနဲ့ ဝင်ရောက်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၅၀ ပေးဆောင်ရမှာဖြစ်ပြီး ဟိုတယ်တွေမှာ သာ တည်းခိုခွင့်ရမှာဖြစ်သလို လုပ်ငန်းလုပ်ကိုင်ခွင့်လည်း မရှိဘူးလို့ ဖော်ပြထားပါတယ်။ အဲဒီဗီဇာက ရက် ပေါင်း ၃၀ သာ နေထိုင်ခွင့်ရမှာဖြစ်ပြီး ဗီဇာသက်တမ်းတိုးခွင့် ရမှာမဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။
လူမှုရေးအလည်အပတ် သွားလိုသူတွေအနေနဲ့ Social Visa လျှောက်ထားနိုင်ပါတယ်။ အမေရိကန် ဒေါ်လာ ၅၀ ကုန်ကျမှာဖြစ်ပြီး ရက်ပေါင်း ၇၀ အထိ နေထိုင်ခွင့်ရှိပြီး ဆက်လက်နေထိုင်လိုရင် နေခွင့်သက်တမ်းတိုး မြင့် တာမျိုးလည်း လုပ်ဆောင်နိုင်သလို အကြိမ်ကြိမ်ပြည်ဝင်ခွင့်ကိုလည်း လျှောက်ထားနိုင်မယ်လို့ ဖော်ပြ ထားပါတယ်။
Link : Here
No comments:
Post a Comment