NHK World Japan
တနင်္လာ နိုဝင်ဘာလ 4 မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေကို ထောက်ပံ့ပေးဖို့ အတွက် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ အာဆီယံခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။
တနင်္လာ နိုဝင်ဘာလ 4 မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေကို ထောက်ပံ့ပေးဖို့ အတွက် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ အာဆီယံခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အကုန်မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး သဘာပတိက ထုတ်ပြန် တဲ့ ကြေညာချက်မှာ အာဆီယံအတွင်းရေးမှုးချုပ်ရုံးမှာ အထောက်အပံ့ပေးတဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ ကတိ ကဝတ် ပြုခဲ့ပါတယ်။
အာဆီယံ - ကုလသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲပြီးတဲ့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တို နီ ယို ဂူတဲရက်စ် (Antonio Guterres) က မြန်မာနဲ့ အာဆီယံအကြား ဆက်ဆံမှုနဲ့ လက်ရှိဆောင်ရွက် လျက် ရှိတဲ့ လုပ်ငန်းစဉ်ကို ကုလသမဂ္ဂအနေနဲ့ ထောက်ခံသွားမယ်လို့ ပြောခဲ့ပါတယ်။
မစ္စတာ ဂူတဲရက်စ်က အခြေခံကျတဲ့ အကြောင်းအရင်းကို ဖြေရှင်းဖို့ မြန်မာမှာတာဝန်ရှိတယ်ဆိုတာနဲ့ ဒုက္ခ သည်တွေ ပြန်ပို့ရေးဟာ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ဂုဏ်သိက္ခာရှိပြီး တိုးတက်မှုတွေ စဉ်ဆက်မပြတ်ရှိ ဖို့လည်းလိုတယ်လို့ ပြောခဲ့ပါတယ်။
Link : Here
No comments:
Post a Comment