Monday, November 25, 2019

ဘင်္ဂလားရောက် ဒုက္ခသည် ဌာနေပြန်ရေး တရုတ်ကမ်းလှမ်း ချက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
25 နိုဝင်ဘာ၊ 2019 
နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာလ ၂၊ ၂၀၁၇)
 
ရိုဟင်ဂျာပြဿနာအတွက် ရေရှည်ခံတဲ့ ဖြေရှင်းချက်တရပ် ထွက်ပေါ်လာရေး တရုတ်ဘက်က တမူထူးခြား တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီးက တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် National Press Club မှာလုပ်တဲ့ ရိုဟင်ဂျာတွေ ငြိမ်းချမ်းစွာ ဌာနေပြန်နိုင်ရေး နည်းလမ်းရှာတဲ့ ဆွေးနွေးပွဲမှာ တရုတ်သံအမတ်ကြီး Li Juming က ပြောဆိုသွားတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သူကိုယ်တိုင် သွားရောက်ခဲ့ပြီးနောက် ယုံကြည်မှု နည်းနေတယ်ဆိုတဲ့အခြေအနေကို ဖြေရှင်းနိုင်ရေးအတွက် သူ့အနေနဲ့ ၁+၁+၂ စီမံကိန်း ထွက်လာကြောင်း၊ ရိုဟင်ဂျာ မိသား စုတွေထဲက ဌာနေပြန်နိုင်ခြေရှိသူ ကိုယ်စားလှယ်တဦးကို ရွေးထုတ်ပေးရင် တရုတ်ဘက်က အဲဒီကိုယ်စား လှယ်နဲ့ ကျန်ခဲ့မယ့် မိသားစုအတွက် မိုဘိုင်းဖုန်း ၂ လုံး ပေးမှာဖြစ်ကြောင်း၊ ဌာနေပြန်မယ့် မိသားစုကိုယ် စားလှယ်က ဆန္ဒအလျောက် မြန်မာပြည်တွင်းကို ပြန်ပြီး ကိုယ်တိုင် လေ့လာကြည့်ရှုပြီး ကျန်ခဲ့တဲ့မိသားစုနဲ့ ဌာနေပြန်သင့် မသင့် ဆုံးဖြတ်နိုင်အောင် အခြေအနေတွေ အချိန်နဲ့တပြေးညီ အကြောင်းကြား ပြောပြဖို့ ဖြစ်တယ်လို့ တရုတ်သံအမတ်ကြီးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ ဌာနေပြန်မယ့်သူရဲ့ လုံခြုံရေးကို မြန်မာအစိုးရက အာမခံချက်ပေး မယ် လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက် ခံ မယ်လို့ ပြောဆိုထားတာပါ။

ရိုဟင်ဂျာကိစ္စအပေါ် ဘင်္ဂလားဒေ့ရှ်ရဲ့ စိုးရိမ်မှုကို တရုတ်က နားလည်တဲ့အကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဝန် ကြီး ချုပ် တရုတ်နိုင်ငံခရီးစဉ် အတွင်းမှာပဲ ဒုက္ခသည်တွေကို လက်ခံပြီး ခိုလှုံခွင့်ပေးတဲ့အတွက် ကျေးဇူးတင် ကြောင်း၊ ဆွေးvနွေးမှုတွေနဲ့ ဖြေရှင်းနိုင်ရေးအတွက် ပတ်သက်နေသူတွေကို တရုတ်ဘက်က ထောက်ပံ့မယ့် အကြောင်း တရုတ်သမ္မတ Xi Jinping က ပြောဆိုခဲ့တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

တရုတ်အနေနဲ့ကတော့ တဖက်ဖက်ကို မျက်နှာသာပေးပြီး ဆောင်ရွက်မှာ မဟုတ်ကြောင်း၊ ရိုဟင်ဂျာအရေး ဖြေရှင်းလိုက်ရင် နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေမှာ ဖြစ်တယ်ဆိုတာကို မြန်မာအစိုးရ လက်ခံလာအောင် တလျှောက်လုံး ကြိုးပမ်းနေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်ကြီးက ဆွေးနွေးပွဲမှာ ပြောဆိုပါတယ်။

အခုအချိန်ထိဆိုရင် ရိုဟင်ဂျာ ၃၄၅၀ ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်ဖက်လုံးက စိစစ် အတည်ပြုထားပြီး ဖြစ်ကြောင်း၊ ဟိန္ဒူ ရိုဟင်ဂျာတွေနဲ့ နှစ်နိုင်ငံ နယ်စပ်မျဉ်းမှာ နေထိုင်နေကြတဲ့သူတွေကို အစောဆုံး ဌာနေ ပြန်နိုင်ရေး ဦးစားပေးဆောင်ရွက်ဖို့၊ မြန်မာဘက်ကလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ရေး ပိုပြီး လုပ်ဆောင်ဖို့နဲ့ NVC မှာ နားလည်မှုလွဲနေတဲ့ အသုံးအနှုန်းတွေကို ပြင်ပေးဖို့၊ နောက် ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဒုက္ခသည် ဌာနေပြန်ရေးအတွက် ပိုပြီး ချဉ်းကပ် ဆောင်ရွက်နိုင်ရေး အတွက် ကော့ဇ်ဘဇားမှာ လူအင်vအားနဲ့ အရင်းအမြစ်တွေ ထပ်မံတိုးမြှင့်ဖို့ သဘောတူထားကြောင်းလည်း တရုတ်သံအမတ်ကြီးက ပြောပါတယ်။ 
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */