Friday, November 29, 2019

အိုင်စီဂျေတရားရုံး၌ မြန်မာကို တရားစွဲထားသည့်အမှု မြောက်ပိုင်း ၃ ဖွဲ့အားပေးထောက်ခံ

DVB
By DVB
29 November 2019
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အိုင်စီဂျေ အပါအဝင် နိုငငံတကာတရားရုံး ၃ ခုမှာ အမှုဖွင့်တိုင်ကြားပြီး မြန်မာ့ တပ်မတော်ကို အရေးယူဖို့ ကြိုးပမ်းလုပ်ဆောင်ချက်တွေကို အားပေး ထောက်ခံတဲ့ အကြောင်း မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ကိုးကန့်တပ်မတော် MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့် တပ်မတော် AA တို့က အခုလိုပူးတွဲထုတ်ပြန်လိုက်တာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးတို့က အတိဒုက္ခရောက်နေတဲ့ မြန်မာပြည်တိုင်း ရင်းသားပြည်သူတွေအတွက် သမာသမတ်ရှိစွာဖြင့် ပြစ်မှု ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုးကန့်၊ တအာင်းနဲ့ ရခိုင်ဒေသရှိ တိုင်းရင်းသားပြည်သူတွေကို ၂၀၀၉ ကနေ ၂၀၁၉ ခုနှစ်ကာလအတွင်း ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်တွေကို အပြစ်ပေးအရေးယူဖို့ ကြိုးပမ်းသူတွေကို မဟာမိတ် ၃ ဖွဲ့အနေနဲ့ ရရှိထားတဲ့ သက်သေအချက်အလက်တွေနဲ့အတူ ပူပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

မြန်မာ့တပ်မတော်ဟာ အနှစ် ၇ဝ ကျော် ပြည်တွင်းစစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖြစ်ပွား တဲ့ဒေသတွေမှာ ဂျနီဗာသဘောတူညီချက်ကို ဆန့်ကျင်ချိုးဖေါက်ပြီး တိုင်းရင်းသားတွေကို အစုလိုက် အပြုံ လိုက် သတ်ဖြတ်တာ၊ ရွာသူရာသားပိုင် နေအိမ်နဲ့ပစ္စည်းတွေကို ဖျက်ဆီးလုယက် မှုတွေကို ကျူးလွန် ခဲ့ ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုငငံကို ဂမ်ဘီယာနိုငငံက အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ တရားစွဲထားပြီး ဘင်္ဂလားဒေ့ ရှ်နိုင်ငံက အပြည်ပြည်ဆိုင်ရာ ရာဇတ်မှုဆိုင်ရာတရားရုံး (အိုင်စီစီ) မှာ တရားစွဲသလို ယူကေအခြေစိုက် ရိုဟင်ဂျာအဖွဲ့က အာဂျင်တီးနားနိုင်ငံ တရားရုံးမှာ မြန်မာခေါင်းဆောင်တွေကို တရားစွဲထားပါတယ်။


Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */