Thursday, October 10, 2019

မဲဆန္ဒရှင် ၁ဝ၄ သန်းတွင် ရိုဟင်ဂျာဆိုသူများ တစ်ယောက် မျှ မပါဝင်ဟု ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင်ပြော

 အကုန်သိ (ဘာသာပြန်)
9 October 2019

ဒုက္ခသည် ရိုဟင်ဂျာ အများအပြားလက်ဝယ်သို့ အမျိုးသားသက်သေခံကတ်ပြား တရားမဝင်ရရှိစေမှုတွင် ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကော်မရှင်၏ မှားယွင်းမှုမဟုတ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ( CEC ) ကေအမ်နူ ရူးလ်ဟူဒါက ရမ်ပူရ်မြို့သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့ကြောင်း ဘင်္ဂလားအခြေ စိုက် Ukhia News က ရေးသားဖော်ပြလိုက်သည်။
လွန်ခဲ့သည့် စက်တင်ဘာ ၂၃ ရက်တွင် စစ်တကောင်းခရိုင်ရွေးကောက်ပွဲကော်မရှင် ယာယီဝန်ထမ်း ၃ ဦးကို ဘင်္ဂလားဒေ့ရှ်အမျိုးသားသက်သေခံ Bangladeshi national identity (NID) ကတ်ပြား တရားမ ဝင်ကိုင် ဆောင်စေမှုနှင့်ပတ်သက်ကြောင်း စွပ်စွဲခံရပြီး သက်ဆိုင်ရာ၏ ဖမ်းဆီးခဲ့ရသည်။

ရွေးကောက်ပွဲကော်မရှင် သည် ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးအတွက် သတင်းအချက်အလက် များကောက် ယူရရှိခဲ့ရာ မဲဆန္ဒရှင် ၁ဝ၄ သန်းတို့တွင် ရိုဟင်ဂျာဆိုသူများ မပါဝင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်ရိုဟင်ဂျာ ၁ ဒဿမ ၁ သန်းတို့အနက် အချို့သည် အမျိုးသားသက်သေခံကတ်ပြားပါ အချက် အ လက်များကို တရားမဝင်နည်း လမ်းဖြင့် ရယူရန် လေ့လာအားထုတ်ခဲ့ကြကြောင်း၊ ၎င်းတို့သည် ကော်မရှင် ၏ ကွန်ပျူတာဆာဗာ ( Server ) မှ သတင်းအချက်အလက်များ ရယူခဲ့ခြင်းမဟုတ်ဘဲ ၎င်းတို့နှင့် အပေါင်း ပါ ရွေးကောက်ပွဲကော်မရှင်ရုံး ဝန် ထမ်း အချို့မှတဆင့် ရရှိသောအချက်အလက်များကို အသုံးပြု၍ NID ကတ်အတုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊  ထိုသို့အချက်အလက် ပေါက်ကြားမှုတွင် ပတ်သက်ကူညီသည့် ရွေး ကောက်ပွဲကော်မရှင် ရုံးဝန် ထမ်းတို့ကို အချိန်မီဖော်ထုတ်နိုင်ခဲ့ပြီး ဆက်လက်၍ ထိရောက်စွာအေ ရး ယူ သွားမည်ဖြစ်ကြောင်း၊ ယခုအခါ အမျိုးသား သက်သေခံကတ်ပြား တရားမဝင် ရရှိစေမှုရပ်တန့် သွားပြီြ ဖစ် ကြောင်း နူရူးလ်ဟူဒါက ပြောဆို သည်။

ရွေးကောက်ပွဲကော်မရှင်ရုံး အမျိုးသားသက်သေခံကတ်ပြားဆိုင်ရာဌာန အထွေထွေမန်နေဂျာသည် အ ချက် အလက် ပေါက်ကြားမှု၌ ပတ်သက်သည်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ၎င်း၏ စက်တင်ဘာ ၂၃ ရက်က အစစ် ခံချက်အရ အခြားဆက်နွယ်သည့် ယာယီနှင့် အမြဲတမ်းဝန်ထမ်းများအပါအဝင် ကော်မရှင်ရုံး ဝန် ထမ်း စုစု ပေါင်း ၁၅ ဦးခန့်နှင့် ပေါက်ကြားခဲ့သည့် အချက်အလက်အတိအကျကို သိရှိခဲ့ရကြောင်း၊ အချက် အလက် များ ကို မသမာသော နည်းလမ်းဖြင့်ရယူ၍ မဲဆန္ဒရှင်အဖြစ် လိမ်လည်ရန် အားထုတ်သည့် ဒုက ္ခသည်ဘင်္ဂါ လီ ၆၁ ဦး၏ အမည်စာရင်းကို ဆက်လက်ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့ အားလုံးကို မကြာမီ တရား စွဲဆို မည်ဖြစ် ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ရွေး ကောက်ပွဲကော်မရှင်အနေဖြင့် အမြင့်ဆုံး ပြစ်ဒဏ်ချမှတ် စေရန် ကူညီဆောင် ရွက် သွားမည် ဖြစ်ကြောင်း၊ နောင်တွင် ကော်မရှင်၏ ဆာဗာမှ အချက်အ လက်များ ကို တ ရားမဝင် ရယူနိုင် ခြင်း မရှိစေရန် လိုအပ်သည်များကို လုပ်ဆောင်လျှက်ရှိကြောင်း ဆက် လက်ပြောဆို သည်။

လွန်ခဲ့သည့် စက်တင်ဘာ ၂၃ ရက်မှစတင်၍ စစ်တကောင်းခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ယာယီဝန်ထမ်း ၃ဦး၊ ဒါကာမြို့ရွေးကောက်ပွဲကော်မရှင်ရုံး အမျိုးသားသက်သေခံကတ်ပြားဆိုင်ရာဌာန နည်းပညာကျွမ်း ကျင်သူ တစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က စတင်ဖမ်းဆီးခဲ့သည်။ ထိုနောက် ရွေးကောက်ပွဲကော်မရှင်ရုံး ဝန်ထမ်းအချို့ကို ကော်မရှင်၏ရုံးသုံးကိရိယာများအား တရားမဝင်အသုံးပြုမှု၊ မသမာသောနည်းလမ်းဖြင့် ရယူထားသော အချက်အလက်များကို အသုံးပြုကာ အမျိုးသားသက်သေခံကတ်ပြားအတုပြုလုပ်မှုတို့ဖြင့် ဆက်လက်ဖမ်းဆီးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့သည် မြန်မာနိုင်ငံမှ အလုံးအရင်းဖြင့် ရောက်ရှိလာသော ရိုဟင်ဂျာဆိုသူများ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသားသက်သေခံကတ် ( NID ) နှင့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင် သူများ အား လွန်ခဲ့သော လအနည်းငယ်မှစတင်ကာ ပိုက်စိပ်တိုက် စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။

 Htay Oung (အကုန်သိ သတင်းဌာန)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */