" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 26, 2019

အမုန်းတရား လှုံ့ဆော်မှု ဆန့်ကျင်ဖို့ Christine Burgener တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
ကျော်ကျော်သိန်း
24 အောက်တိုဘာ၊ 2019
 
မြန်မာနိုင်ငံမှာ သွေးထိုးလှုံ့ဆော်တာနဲ့ အမုန်းပွားအောင် လုပ်တာတွေကို အရပ်ဘက်နဲ့ စစ်ဘက်အာဏာပိုင်တွေ အခိုင်အမာ တညီတညွတ်ထဲ ဆန့်ကျင်ကြရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ပြောပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဆိုင်ရာ ဥပဒေကို ပြန်ပြီးပြုပြင်ဖို့ လိုတယ်လို့လည်း ထောက်ပြ ပါတယ်။

မြန်မာသံအမတ်ကြီး ကတော့ နိုင်ငံသားဖြစ်ရေးကို ၁၉၈၂ ခုနှစ်ဥပဒေအရပဲ ဆက်လုပ်သွားမယ်လို့ တုန့်ပြန်ပါ တယ်။ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လူသားစာနာထောက်ထားမှုရေးရာနဲ့ ယဉ်ကျေးမှုရေးရာ တတိယ ကော်မတီ ၃၂ ကြိမ်မြောက် အစည်းအဝေးမှာ ဗုဒ္ဓဟူးနေ့က ပြောဆိုသွားကြတာတွေကို ကောက် နုတ်စုစည်းပြီး ကိုကျော်ကျော် သိန်းက ပြောပြပါမယ်။

အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ အထွေထွေညီလာခံ တတိယ ကော်မတီ မှာ မြန်မာနိုင်ငံတွင်း အခြေအနေအရပ်ရပ်နဲ့ပတ်သက်လို့ တင်ပြပြောဆိုသွားတာဖြစ်ပြီး အထူးသဖြင့်တော့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အလေးထားပြောဆိုသွားတာပါ။

တိုက်ခိုက်မှုတွေနဲ့ အခိုင်အမာရှိထားပြီးသား ခွဲခြားဆက်ဆံမှုတွေရဲ့ အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြီးမားတဲ့ လုပ်ဆောင်မှုလိုအပ်တယ်လို့ မစ္စ Burgener ကထောက်ပြပြီး အဓိကလုပ်ဆောင်သင့် တာတခုကို အခုလို အကြံပြုသွားပါတယ်။

“ဒီလမ်းကြောင်းမှာ အထူးအရေးပါတဲ့ အဆင့်ကတော့ သွေးထိုးလှုံ့ဆော်တာနဲ့ အမုန်းပွားအောင်လုပ်တာ တွေကို အရပ်ဘက်နဲ့ စစ်ဘက် အာဏာပိုင်တွေ အနေနဲ့ အခိုင်အမာ တညီတညွတ်ထဲ ဆန့်ကျင့်သွားကြ ဖို့ဖြစ်ပါတယ်။ ဒီ လုပ်ဆောင်ချက်နဲ့အတူ အားလုံး ကျယ်ကျယ်ပြန့်ပြန့်ပါဝင်တဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့၊ လက် လှမ်းမီတဲ့ ရွေး ကောက်ပွဲလုပ်ငန်းစဉ် တခုကို အားပေးမြှင့်တင်ပြီး အတူတကွ အကောင်အထည်ဖော်ရပါ မယ်။ ဒါမှသာ ဒီလုပ် ငန်းစဉ်ဟာ နိုင်ငံတဝန်းညီညွတ်စေတဲ့ လုပ်ဆောင်ချက်တခုဖြစ်လာစေမှာပါ။”

ရခိုင်အရေး အစိုးရက အကောင်အထည်ဖော် လုပ်ဆောင်နေတာတွေကို မစ္စ Burgener က အသိအမှတ်ပြု ထည့်ပြောသွား သလို ရခိုင်ပြည်နယ်က လူမှုအဝန်းအဝိုင်းအားလုံးအတွက် လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာနဲ့ ဘေးကင်းလုံခြုံရေး အာမခံချက်ရှိစေဖို့ နောက်ထပ် လုပ်စရာတွေ ရှိသေးတာကိုလည်း ထောက်ပြပါတယ်။

နိုင်ငံသားဖြစ်ခွင့် လျှောက်ထားချက်နဲ့ ဆုံးဖြတ်တဲ့ လုပ်ငန်းစဉ်ကို ရိုးရှင်းလွယ်ကူအောင် လုပ်ဖို့နဲ့ အလျင် အမြန်လုပ်ဖို့ အဆိုပြု ချက်တွေကို အစိုးရက အပြုသဘောဆောင် တုန့်ပြန်ထားတဲ့ အပေါ် မစ္စ Burgener က ကြိုဆိုပြီး ဒါကို အကောင်အထည်ဖော်ရပါ တော့မယ်လို့ ဆိုပေမယ့် ဥပဒေနဲ့ပတ်သက်ပြီးတော့တော့ အခုလို ထောက်ပြသွားပါတယ်။

“ဒါပေမယ့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေမှာ ဒီကိစ္စဟာ ကန့်သတ်ချက်အဖြစ် ဆက်ရှိနေဆဲပါ။ ဒီဥပဒေဟာ ခွဲခြားဆက်ဆံမှုမရှိရေး၊ နိုင်ငံမဲ့ဖြစ်မှု တားဆီး လျှော့ချရေးနဲ့ဆက်စပ်တဲ့ အဓိကကိစ္စရပ်တွေမှာ နိုင်ငံ တကာ စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတာကြောင့် ပြန်ပြီးပြုပြင်ဖို့ လိုအပ်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ တာဝန်ခံမှုရှိရေးဆိုပြီး မြန်မာ့အရေးကို နိုင်ငံ တကာ တရား ရေးအဖွဲ့အစည်းတွေရှေ့မှာ စစ်ဆေးဖို့၊ မြန်မာနိုင်ငံတွင်းမှာ ဘေးကင်းလုံခြုံတဲ့ဒေသ Safe Zone ထူထောင်ဖို့နဲ့ နိုင်ငံသားအဖြစ် ချက်ခြင်းသတ်မှတ်ဖို့ တောင်းဆိုချက်တွေဟာ မျှတမှုမရှိသလို လက်တွေ့လည်း မကျဘူးလို့ တုန့်ပြန်ပြောဆိုပါတယ်။ တဆက်ထဲ မှာပဲ နိုင်ငံသားဖြစ်ရေးကိစ္စကို ၁၉၈၂ ခုနှစ် ဥပဒေအရသာ ဆက်လုပ်သွားမယ်လို့လည်း အခိုင်အမာထပ်ပြောသွားပါတယ်။

“မြန်မာအစိုးရအနေနဲ့ ကိုယ့်ရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ နိုင်ငံသားအဆင့်ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရပဲ ပေးအပ်မှာပါ။ အတည်ပြုထားပြီးသား ပြန်လာသူတွေအနေနဲ့ ပြန်ရောက် တာနဲ့ လက်ခံရေး စခန်းတွေမှာ ကိုယ်ရေးအချက်အလက်တွေကို ယူပြီးတဲ့နောက် NVC နိုင်ငံသားစိစစ်ရေး ကဒ်ပြား ရပါမယ်။ NVC နဲ့ပတ်သက်ပြီး နားလည်မှု လွဲမှားတာတွေ ရှိနေပါတယ်။ NVC ဟာ နိုင်ငံသား အ ဆင့် မရခင်မှာ ပထမအဆင့်အနေနဲ့ အသုံးပြုရမယ့် ယာယီ အသိအမှတ်ပြုကဒ်ပြား ဖြစ်ပါတယ်။ NVC ကိုင်ဆောင်ထားတာဟာ မြန်မာနိုင်ငံမှာ နေထိုင်သူဆိုတာကို အခိုင်အမာ သက်သေ ပြမှုတခုဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ တခြား အချုပ်အခြာအာဏာပိုင် နိုင်ငံ တွေ မှာ ကျင့်သုံးတာနဲ့ အလားတူတဲ့ လုပ်ထုံံးလုပ်နည်းတွေကို ကျင့်သုံးပါတယ်။”

မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် နဂိုကတည်း က ဆိုးနေပြီး သားအခြေအနေတွေ ပိုဆိုးလာတာ၊ ကချင်နဲ့ရှမ်းမြောက်တို့မှာလည်း တိုက်ပွဲတွေ ပြန် ဖြစ်နေတာကြောင့် အရပ်သားတွေကို အကာအကွယ်ပေးဖို့လိုတယ်ဆိုတာကို မစ္စ Burgener က ထည့် ပြောသွားပါတယ်။

မြန်မာ့နိုင်ငံရေးမှာ စစ်ဘက်ရဲ့အခန်းကဏ္ဍ၊ ဒီအခြေအနေအောက်မှာ အရပ်ဘက်ခေါင်းဆောင်မှုပိုင်း ရင် ဆိုင်နေရတာနဲ့ ပတ်သက်လို့လည်း မစ္စ Burgener က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေကို အထူး အလေးထားပြီး ဖော်ပြ ပြောဆိုသွားပါသေးတယ်။

“စစ်ဘက်က မြန်မာ့နိုင်ငံရေးမှာ လွှမ်းမိုးထားတဲ့ အခန်းကဏ္ဍဟာ အကောင်အထည်ဖော်နေဆဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အတားအဆီးတခုအဖြစ် ဆက်ရှိနေဆဲပါ။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမတိုင်ခင် ရပ် တည်ချက်တွေ ပိုခိုင်မာအောင်လုပ်နေတာကို ကျမတို့တွေ့မြင်နေရပါပြီ။ ဒါဟာ အခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးကို ရှေ့ဆက်ဖော်ဆောင်နေတဲ့ အရပ်ဘက်ခေါင်းဆောင် မှုပိုင်း အတွက် သိပ်ကိုကြီးမားစွာ ရင်ဆိုင်နေရတဲ့အခြေအနေ ဖြစ်ပါ တယ်။”

အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကပဲ မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီး နိုဝင် ဘာလမှာ ၉ ကြိမ် မြောက်ခရီးစဉ်အဖြစ် သွားရောက်မယ်လို့ ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂအစည်းအဝေးမှာ ပြော သွားပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */