RFA
လွတ်လပ်တဲ့ အာရှအသံ
20 September 2019( မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရ၊ တပ်ကိုယ်စားလှယ်တွေတို့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ မှာ ၂၀၁၉၊ စက်တင်ဘာ ၁၇ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်)
■ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအောင်း၊ ကိုးကန့်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲသည့်ကာလကို ထပ်မံသက်တမ်းတိုးကြောင်း ဒီကနေ့ သတင်း ထုတ် ပြန်လိုက်ပါတယ်။
ယခုတစ်ကြိမ်သက်တမ်းကို ၂၀၁၉ နှစ်ကုန်အထိ သက်တမ်းတိုးကြောင်း ဖော်ပြထားပြီးတော့ တကယ်လို့ မြန်မာ့တပ်မတော်ဘက်က ဆန္ဒရှိမယ်ဆိုရင် ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ပူးတွဲအပစ်အခတ်ရပ်စဲဖို့ အသင့်ရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါပေမဲ့လည်း ဒီကာလအတွင်းမှာ မြန်မာ့တပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ၊ အရပ်သားတွေ ကို ပစ်မှတ်ထား တိုက်ခိုက်လာမယ်ဆိုရင် ခုခံကာကွယ်မယ်လို့လည်း ဆိုထားပါတယ်။
တပ်မတော်ဘက်က တစ်ဖက်သက် အပစ်ခတ်ရပ်စဲထားတာ လေးကြိမ်မြောက်ရှိပြီးတော့ ယာယီသက်တမ်း တိုးထားတာ ကုန်ဆုံးတော့မယ့် တစ်ရက်အလိုမှာ အခုလိုညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်လိုက် တာ ဖြစ်ပါတယ်။
နှစ်ဖက်တပ်တွေက အပစ်ခတ်ရပ်စဲကြောင်း ကြေညာချက်အသီးသီးထုတ်ပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး ကြပေမယ့် ရခိုင်နဲ့ ရှမ်းမြောက်မှာပါ ပစ်ခတ်တိုက်ခိုက်မှုတွေက မြေပြင်မှာဖြစ်ပွားနေဆဲပါ။
(RFA သတင်းထောက် ကိုမိုးမြင့် ပေးပို့သည်)
Photo: Kan Thar/RFA

No comments:
Post a Comment