Wednesday, August 14, 2019

ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းရှေ့ မိုင်း ပေါက် ကွဲမှုဖြစ်

နိရဉ္စရာ 
ဆောင်းဇာခြည်
နိရဉ္စရာ၊ သြဂုတ် ၁၄/၂ဝ၁၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်းရှေ့တည့်တည့်တွင် ယနေ့ နံနက် ၁၁ နာရီခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
“ရဲစခန်း ခြံဝင်းထဲမှာ ပေါက်တာတော့ မဟုတ်ဘူးပေါ့နော်။ ရဲစခန်းရဲ့ အရှေ့တည့်တည့်မှာ  မိုင်းက ပေါက် ကွဲတာပါ။ ဘယ်သူက လုပ်တာလဲတော့ ကျွန်တော်တို့လည်း မသိပါဘူး။ မိုင်းကတော့ တစ်လုံးတည်း  ပေါက်တာပါ။ လူအထိခိုက်တော့ မရှိပါဘူး ”ဟု အပေါက်ဝကျေးရွာ အုပ်ချုပ်ရေးမှူး  ဦးမောင်ဝင်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
 
ယင်းပေါက်ကွဲမှုသည် ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းရှေ့နှင့်  ကိုဦးမောင်၏ နေအိမ်ခြံရှေ့ တည့် တည့်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ပေါက်ကွဲတာက ဟုတ်ပါတယ်။  အဲဒီပေါက်ကွဲတဲ့  နေရာက ရဲစခန်းရှေ့လည်းကျတယ်။ ကိုဦးမောင်ရဲ့ ခြံရှေ့လည်း ကျတယ်။ အဲဒီကိစ ္စကြောင့် ကိုဦးမောင်တို့လင်မယားနှစ်ယောက်ကို ရဲစခန်းက ခေါ်စစ်တယ်။ အခုတော့ ပြန်လွှတ်လိုက်ပါပြီ” ဟု  နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ကိုဦးမောင်သည်  အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် စာရေးတစ် ဦးဖြစ် ပြီး သူ၏ဇနီးဖြစ်သူမှာလည်း ပညာရေးဝန်ထမ်း တစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ  ကိစ္စနှင့်ပတ်သက်၍ အပေါက်ဝရဲစခန်းကို နိရဉ္စရာသတင်းဌာနမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ရန် အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိသည့် အပြင် ဖုန်းချသွားခဲ့သည်။

ပြီးခဲ့သည့်  သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်ကလည်း အပေါက်ဝကျေးရွာနှင့် ခွဆုံကျေးရွာကြားတွင် မိုင်းပေါက်ကွဲမှု  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်ဦးဇော်ဦးအား ဆက်သွယ် မေးမြန်းရာ ၎င်းမိုင်းကို အေအေက ထောင်ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ထိခိုက် တစ်စုံတစ်ရာ မရှိ ကြောင်း ပြောကြားသည်။

ယခု မိုင်းပေါက်ကွဲမှုမှာ ရက္ခိုင့်တပ်တော် (AA) မှ တစ်စုံတစ်ရာ ဆက်စပ်မှုရှိ မရှိ မသိရသေးသော်လည်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်နှင့် ပူးပေါင်း စစ်ဆေးရေး ပြုလုပ်နေခြင်းများကို ရပ်တန့်ရန်နှင့် မရပ် တန့်ပါက  စစ်ရေးကို စစ်ရေးနည်းဖြင့် တုံ့ပြန်သွားမည်ဟု ကြေညာချက်ထုတ်ပြီး ၂ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */