ဘီဘီစီ မြန်မာပိုင်း
14 သြဂုတ်လ 2019
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၁၂၄ က နဲ့ ပြီးခဲ့တဲ့ တစ်ပတ်က ဘူးလက်ဦးလှဆွေကို ဝရမ်း ထုတ် ထားရာမှာ အနောက်ပိုင်းခရိုင်တရားရုံးကို ရဲက ခေါ်လာနိုင်ခြင်းမရှိသေးဘူးလို့ အနောက်ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ က သြဂုတ် လ ၁၄ ရက်နေ့ ကပြောပါတယ်။
ဒါကြောင့်ဘူးလက် ဦးလှဆွေကို ဖမ်းဆီးစစ်ဆေးဖို့ ထုတ်ထားတဲ့ ဝရမ်းကို အနောက်ပိုင်းခရိုင်တရားရုံးကို သြဂုတ်လ ၂၈ ရက်နေ့မှာ ပြန်လည် ချိန်းဆိုထားတယ် လို့ လည်းသူကပြောပါတယ်။
ဦးလှဆွေဟာ ဂန့်ဂေါမြို့မှာ မနေဘူးလို့ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့ကပြောထားပါတယ် ။
အဲဒါကြောင့် ဝရမ်းပြန် မသွင်းနိုင်တာလို့ တရားရုံးကပြော တာ ဟာ ဖမ်းဆီးရမိခြင်းမရှိသေးဘူးဆိုတဲ့ အဓိ ပ္ပာယ် ဖြစ်တယ်လို့လည်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဘီဘီစီကို ပြောပါတယ်။
ဦးလှဆွေရင်ဆိုင်ရမယ့် အမှု ၃မှုက တော့ ကျောက်တံတား မြို့နယ်ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦး မျိုးမြင့်က တရားလိုပြုလုပ် ပြီးစွဲထားတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ က၊ အစ္စလမ် ဘာ သာ ရေးဆရာက စွဲထား သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅ နဲ့ သူရဦးရွှေမန်း ယာဉ်မောင်းကစွဲထားတဲ့ နိုင်၊ လွတ်၊လုံ ၁၀ တို့ဖြစ်ကြပါတယ်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ က ကတော့ အနောက်ပိုင်းခရိုင်တရားရုံးက သြဂုတ်လ ၇ ရက်နေ့တည်းက ဒီအမှုကို လက်ခံထားပြီး ဖမ်းဝရမ်းထုတ်ထားပါတယ်။
အစ္စလမ် ဘာသာရေးဆရာက စွဲထားတဲ့ သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ကတော့ ရဲတပ်ဖွဲ့ ကိုပြန်လည် စိစစ်ဖို့ ကျောက်တံတားမြို့နယ် တရားရုံးကကျင့်ထုံး၂၀၂ အရ ချထားပေးလိုက်ပြီးတော့ သြဂုတ် လ ၂၁ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပါတယ်။
သူရ ဦးရွှေမန်း ယာဉ်မောင်းက စွဲထားတဲ့ နိုင်၊လွတ်၊လုံ ၁၀ ကတော့ ဦးရဲထွဋ် နဲ့ ဦးလှဆွေ စစ်ပြီးပြီ ဖြစ်ပြီး တော့ ဦးဘိုဘို ကျော်ငြီမ်း တစ်ယောက်တော့ ကျန်ပါသေးတယ် ။
ဒီအမှု ၃ မှု မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ က ကို တရားရုံးက လက်ခံထားပြီးတော့ ကျန် ၂ မှုကတော့ တရားရုံးက လက်ခံဖို့ စိစစ်နေ ဆဲဖြစ်ပါတယ်။

ဦးလှဆွေ ဘယ်သူလဲ
ဦးလှဆွေ ဟာ တပ်မတော် အရာရှိဟာင်းတစ်ဦးလည်းဖြစ်ပါတယ်။၂၀၁၀ ရွေးကောက် ပွဲမှာတော့ ဂန့်ဂေါ မြောက်ခရမ်းကျေးရွာက အိမ်ထောင်စု စာ ရင်းဝင်ပြီးတော့ လွှတ် တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင် ရောက် အရွေး ခံခဲ့ပြီး လွှတ်တော်ကိုယ်စား လှယ်ဖြစ်လာခဲ့ ပါတယ်။၂၀၁၅ေ ရွးကောက် ပွဲမှာတော့ ထပ်အရွေး မခံခဲ့ရပါဘူး။
တပ်မတော်ထိပ်တန်း အရာရှိတွေကို အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့တဲ့ အပေါ် ၂၀၁၉ သြဂုတ်လ ၃ ရက် က ရန်ကုန်မြို့တော်ခန်းမ ရှေ့ မှာပြုလုပ်တဲ့ ကန့်ကွက်ပွဲမှာ အမေရိကန် သံရုံးက facebook မှာဖော်ပြ ခဲ့တဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီး ဘူးလက်ဦးလှဆွေက ထည့်သွင်း ဟောပြောခဲ့ပါတယ်။
"ဘာသာကြီးလေးမျိုးမှာ သုံးမျိုးကတော့ သူတို့ စော်ကားချင်တိုင်း စော်ကားလို့ရတယ်၊ မိုဟာမက်ကို ထိရဲ လား၊ တော် တော်သတ္တိရှိ တဲ့ အမေရိကန်ပဲ၊ လုပ်ကြည့်ပါလား လေယာဉ်ပျံနဲ့ ဗုံးခွဲပစ်မယ် မိုဟာမက်က၊ အဲ့ဒါကျ ကြောက်တယ် "လို့ပြောသွားခဲ့ပါတယ်။
ဒီလို ပြောဆိုမှုကို မကျေနပ်လို့ အစ္စလမ် ဘာသာရေးဆရာ ဦးစန်းအောင်က တရားစွဲသလို ကျောက်တံတား ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ကလည်း အစိုးရကို အကြည်ညိုပျက်အောင်ပြောတယ်ဆိုပြီး တရားစွဲပါတယ်။ ။
အမေရိကန်သံရုံးက facebook မှာဖော်ပြခဲ့တဲ့ ပန်းချီကားက လေထု ညစ်ညမ်းမှုတွေမြင့်လာတာကို ဗုဒ္ဓပုံ တော်ကို ဓာတ်ငွေ့ကာမျက်နှာဖုံး တပ်ပြီးဖော်ပြခဲ့တာဖြစ်ပြီး နောက်ပိုင်း ပြန်လည် ဖြုတ်သွားခဲ့ပါတယ်။
သူရဦးရွှေမန်းယာဉ်မောင်းက တရားစွဲတဲ့ အကြောင်းကတော့ လူထုမီဒီယာဆို တဲ့ အွန်လိုင်းသတင်းဌာန မှာ ဦးလှဆွေဖြေထားတာတွေဟာ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတယ်၊ အမျိုးသားရင်ကြားစေ့ ရေးကို ထိခိုက်စေတယ် ဆိုပြီးတော့ တရားစွဲတာဖြစ်ပါတယ်။
ပြစ်မှုထင်ရှားရင် ဘယ်လောက် ပြစ်ဒဏ်ခံရမလဲ
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ က ကတော့ ဦးဝီရသူကို အမှုဖွင့်ထားတဲ့ ပုဒ်မ နဲ့တူပါတယ်။ ငွေဒဏ်နဲ့တကွ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင် တဲ့ ပုဒ်မ တစ်ခုဖြစ်ပါတယ်။
သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ကတော့ ထင်ရှားရင် ထောင်ဒဏ် သုံးနှစ်လောက် ကျခံရမှာ ဖြစ်ပါ တယ်။
နိုင်၊လွတ်၊လုံ ၁၀ ဆိုတာ ကတော့ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နဲ့လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ (၁ဝ)ဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် အနည်းဆုံး ခြောက်လကနေ အများဆုံး သုံးနှစ်အထိ ချမှတ်ခံရနိုင်တဲ့အပြင် ငွေဒဏ် အနည်းဆုံး ကျပ် သုံးသိန်းကနေ အများဆုံး ၁၅ သိန်းအထိ ချမှတ်ခံရ နိုင်တယ်လို့ သိရပါတယ်။
ဦးလှဆွေ အမှုမရင်ဆိုင်ရင် ဘာဖြစ်မလဲ
လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ ဟာ ဂန့်ဂေါလိပ်စာ ပေးထားပေမဲ့ ရန်ကုန် ဒဂုံ မြို့သစ်မြောက် ပိုင်းမှာလည်း နေထိုင်လေ့ရှိသလို နေပြည်တော်မှာလည်းနေထိုင်လေ့ရှိပါတယ်။
တိုင်ကြားသူကတော့ မကွေးတိုင်း ဂန့်ဂေါမြို့ အမှတ် (၁၀)စည်ပင်သာယာရပ်ကို လိပ်မူတိုင်ထားပြီးတော့ ဖမ်းဝရမ်းထုတ်ဆင့်ထားရာမှာ ဦးလှဆွေက ဂန့်ဂေါမြို့မှာ နေထိုင်ခြင်းမရှိ သလို မကွေးတိုင်း တစ်တိုင်းလုံး မှာလည်း ရှာမတွေ့ဘူးလို့ မကွေးတိုင်းရဲမှူးကြီး ခင်ဇော်က ဘီဘီစီကို ပြောပါတယ်။
ဖမ်းဝရမ်းထုတ်ခံရမှုအပေါ် ဦးလှဆွေကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းပိတ် ထားပါတယ်။တရား ရုံးကတော့ ထုတ်ထားတဲ့ ဖမ်းဝရမ်းကို ပြန်လည်တင်သွင်းဖို့ စောင့်ဆိုင်းနေပြီး သြဂုတ် ၂၈ရက်ကို ပြန်လည် ချိန်းဆိုထားပါတယ်။
အဲဒီနေ့ အထိ ဦးလှဆွေ ရောက်မလာရင်တော့ အနောက်ပိုင်းခရိုင် တရားရုံးမှာ ဦးဝီရသူလိုပဲ မျက်ကွယ် အမှုဆက်စစ်ဖို့ ရှိတယ်လို့ တရားလွတ်တော်ရှေ့နေ ဦးကြီးမြင့် ကပြောပါတယ်။

Link : Here
No comments:
Post a Comment