B B C
ဘီဘီစီ မြန်မာပိုင်း
26 ဇူလိုင် 2019 ရခိုင်တပ်မတော် (အေအေ) အဖွဲ့နဲ့ ဆက်စပ်ပြီး ငွေတုပြုလုပ်တာနဲ့ ပတ်သက်လို့ ဖမ်းဆီး အရေးယူထား တယ် ဆိုတဲ့ ရခိုင် အသင်း (စင်ကာပူ)က ခေါင်းဆောင်တွေ အပါအဝင် လူကိုးယောက်ကို ရန်ကုန်အေ နာက် ပိုင်းခရိုင် တရားရုံးမှာ ဇူလိုင် ၂၆ ရက် သောကြာနေ့မှာ ချုပ်ရက် ရမန်ထပ်ယူခဲ့ပါတယ်။
စင်ကာပူကနေ ပြည်နှင်ဒဏ်ပေးလို့ မြန်မာနိုင်ငံကို ပြန်ရောက်လာကြတဲ့ အဲဒီရခိုင်တိုင်းရင်းသားတွေ ဖမ်း ဆီး ခံရချိန်က စပြီး ဇူလိုင်လ ၂၆ ရက်နေ့အထိကို ချုပ်ရက်ရမန် နှစ်ပတ် ယူထားတာဖြစ်လို့ အခုက နောက် ထပ် ရမန်ထပ်ယူတာ ဖြစ်ပါတယ်။ဘီဘီစီ မြန်မာပိုင်း
26 ဇူလိုင် 2019 ရခိုင်တပ်မတော် (အေအေ) အဖွဲ့နဲ့ ဆက်စပ်ပြီး ငွေတုပြုလုပ်တာနဲ့ ပတ်သက်လို့ ဖမ်းဆီး အရေးယူထား တယ် ဆိုတဲ့ ရခိုင် အသင်း (စင်ကာပူ)က ခေါင်းဆောင်တွေ အပါအဝင် လူကိုးယောက်ကို ရန်ကုန်အေ နာက် ပိုင်းခရိုင် တရားရုံးမှာ ဇူလိုင် ၂၆ ရက် သောကြာနေ့မှာ ချုပ်ရက် ရမန်ထပ်ယူခဲ့ပါတယ်။
သူတို့ကို ရန်ကုန်တိုင်း အထူးသတင်းတပ်ဖွဲ့က တရားလိုလုပ် အမှုဖွင့်ထားတာပါ။
အခု ချုပ်ရက် ရမန်ယူခဲ့သူတွေကတော့ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲထက်ကျော်၊ မအေးမြတ်မွန် ၊ ကိုတင်လှိုင်ဦးနဲ့ ကိုမြတ်လင်းဦး အပါအဝင် ကိုးဦးဖြစ်ပါတယ်။
သူတို့ကို မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့တာကြောင့် မိသားစုတွေ က သွားရောက် စောင့်ဆိုင်းခဲ့ပေမယ့် နေ့လယ် အထိ မရောက်လာခဲ့ဘဲ အနောက်ပိုင်းခရိုင်တရားရုံး မှာပဲ ရုံးထုတ်သွားတယ်လို့ အဖမ်းခံရသူ ကိုမြတ်လင်းဦးရဲ့ ဦးလေးဖြစ်သူ ဦးသန်းကြည်က ဘီဘီစီကို ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေအနက် ရခိုင်တပ်မတော် အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီဖြစ်သူ ကိုအောင်မြတ်ကျော် အပါအဝင် ကိုထွန်းအေးနဲ့ ကိုဟိန်းဇော်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၅၂ (က)၊(ခ)၊(ဂ) တို့နဲ့ အရေးယူထားတယ်လို့ သူတို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ကိုရဲကျော်ထက် ၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး ၊ ကိုမြတ်လင်းဦး အပါအဝင် ခြောက်ဦးကိုတော့ အကြမ်း ဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၅၂ (ခ) ၊(ဂ)တို့နဲ့ အရေးယူထားတယ်လို့ ကြားသိရကြောင်း မိသားစုဝင်တွေက ဆိုပါတယ်။
သူတို့ကို အနောက်ပိုင်းခရိုင်တရားရုံးက သြဂုတ်လ ၉ ရက်နေ့အထိ ချုပ်ရက်ရမန်ပေးလိုက်ပြီး ဘယ်နေရာ မှာ ချုပ်နှောင်ထားတယ်ဆိုတာတော့ မိသားစုတွေဘက်က မသိရှိရသေးဘူးလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသား စုဝင်တွေက ပြောခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေကို စတင် ဖမ်းဆီးထားတဲ့ ကာလကနေ အခုချိန်အထိ မိသားစုနဲ့ လုံး၀ အဆက် အသွယ်မ ရှိသေးသလို မိသားစုဘက်က လိုက်လံ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်ခွင့် မရခဲ့ဘူးလို့ ဦးသန်း ကြည်က ပြောပါတယ်။
အခုဖမ်းဆီးခံရသူတွေကို ဇူလိုင်လ ၁၀ရက်နဲ့ ၁၁ ရက်တို့မှာ စတင် ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

Link : Here

No comments:
Post a Comment