Monday, July 15, 2019

ဗွီအိုအေက ရိုဟင်ဂျာဘာသာစကားဖြင့် ရေဒီယိုအစီ အစဉ်ထုတ်လွှင့်မည်

DVB
By DVB
15 July 2019
အမေရိကန်အစိုးရက ငွေကြေးထောက်ပံထားတဲ့သတင်းဌာနတခုဖြစ်တဲ့ ဗီအိုအေ (အမေရိကန်အသံ) သတင်း ဌာနက ရိုဟင်ဂျာဘာသာစကားနဲ့ ထုတ်လွင့်မယ့် ရေဒီယို အစီအစဉ်သစ်ကို ဇူလိုင် ၂၉ ရက်နေ့ စတင်တော့မှာ ဖြစ်ပါတယ်။

တနင်္လာနေ့ကနေ သောကြာနေ့အထိ တပတ်ကို ငါးရက်ထုတ်လွှင့်မှာဖြစ်ပြီး မြန်မာစံတော်ချိန် ည ၆ နာရီခွဲကနေ ၇ နာရီအထိ မိနစ် ၃၀ ကြာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာရေဒီယိုအစီအစဉ်ကို လှိုင်းတို ၇၄၆၀ မီတာ ၊ ကီလိုဟာဇ် ၉၃၁၀ ၊ ကီလိုဟာဇ် ၁၁၅၆၅ တို့ ကနေ ဖမ်းယူနားဆင်ရမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဘင်္ဂါလီဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ပေးနေတဲ့ ဌာနရဲ့ လက်အောက်မှာ ထားရှိမှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ SBS ရေဒီယိုကလည်း အပတ်စဉ် ရိုဟင်ဂျာဘာသာစကားနဲ့ ထုတ်လွှင့်ပေးနေတာလည်း ရှိပါတယ်။ 


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */