" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, July 3, 2019

ရခိုင်ပြည်နယ်တည်ငြိမ်ရေးနဲ့ ရိုဟင်ဂျာတွေပြန်လာနိုင် ရေး ကုလသမဂ္ဂမှာ ဆွေးနွေး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-07-03
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်းဘာဂနာ ၂၀၁၉၊ ဇန်နဝါရီ ၂၂ ရက်နေ့က စစ်တွေမြို့မှာ တွေ့ရစဉ် Photo: Min Thein Aung/ RFA
                                        

ရိုဟင်ဂျာတွေ ပြန်လက်ခံရေးနဲ့ပတ်သက်လို့ တိုးတက်မှုမတွေ့ရဘဲ မြန်မာဘက်က အရမ်းနှောင့်နှေးနေပြီး၊အ ရေး တယူလုပ်ကိုင်ဆောင်ရွက်တာ မတွေ့ရဘူးဆိုရင် "အချက်ပေးသံချောင်း ခေါက်ရလိမ့်မယ်" လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စခရစ္စတင်းဘာဂနာ က ပြောလိုက်ပါတယ်။


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ပုံမှန်လုပ်နေ ကျမ ဟုတ်တဲ့ အစည်းအဝေးမှာ မစ္စ ဘာဂနာ ပြောလိုက်တာပါ။ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ပတ်သက်လို့ လက်တွေ့အခြေအနေအရ အပြောင်းအလဲကြီးကြီးမားမား မတွေ့ရဘူး၊ စစ်တပ်ဟာ နိုင်ငံရေးမှာ ဆက်ပြီး သြဇာလွှမ်းလို့ရအောင်ဆိုတာမျိုး ဆောင်ရွက်နေတဲ့အခြေအနေမှာ မြန်မာအရပ်သားအစိုးရအနေနဲ့လုပ်ရ ကိုင်ရတာ အလွန်ကိုခက်ခဲနေတယ်လို့လည်း မစ္စ ဘာဂနာက ထောက်ပြပါတယ်။

သူ့အနေနဲ့ အမြင့်ဆုံးရည်မှန်းထားတာက မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုတွေ ပပျောက် ရေးဖြစ်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ပပျောက်နိုင်ဖို့လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေအဆုံးသတ်ဖို့ မစ္စ ဘာဂနာက ပထမအဆင့်အနေနဲ့ တောင်းဆိုတယ်လို့ ပြောသွားတာပါ။ တိုက်ပွဲတွေကြောင့် ဗုဒ္ဓဘာသာရော၊ မွတ်စလင်ပါ ထွက် ပြေးနေရတာ ၃ သောင်းကျော်နေပြီလို့ သူကပြောပါတယ်။ ဒါ့အပြင် သူက --

ဒီတိုက်ပွဲတွေကြောင့် ဒေသတွင်းမှာရှိတဲ့ ဘယ်ဘာသာဝင်မဆို၊ ဘယ်လူမျိုးမဆို၊ လူ့အဖွဲ့အစည်း အားလုံး ကပ်ဘေးဒုက္ခ ကြုံနေရသလို၊ ဒုက္ခသည်တွေအနေနဲ့ လုံလုံခြုံခြုံနဲ့ ဂုဏ်သိက္ခာရှိရှိ၊ နေရပ်ပြန်ဖို့ကိစ္စတွေလည်း ထိခိုက်ရတယ်လို့ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးဆိုင်ရာ လက်ထောက်ပူးပေါင်းဆောင်ရွက်ရေးမှူး Elaine Frenchကလည်း၊ ရခိုင်ပြည်နယ်မှာ အနည်းအကျဉ်းလောက်ပဲ အခြေအနေတိုးတက်မှုရှိတာတွေ့ရပြီး၊ စိုးရိမ်စရာ ကောင်းနေတုန်းပဲလို့ ပြောလိုက်ပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ သဘောထားအ တူတူပဲလို့ ဆိုပါတယ်။ ဒါ့အပြင် အစိုးရက ရခိုင်ဒေသမှာ အင်တာနက်လိုင်းတွေ ဖြတ်ထားတာဟာ ပြည်သူတွေအနေနဲ့ လုံခြုံတဲ့ဘဝမှာ နေခွင့်ရနေပြီလို့ ခံစားနိုင်အောင် ဖန်တီးပေးတာမျိုးမ ဟုတ်ဘူးလို့ သံသယဖြစ်စေတယ်လို့ ဆိုပါတယ်။

အကောင်းဘက်ကဆိုရင်တော့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကျွမ်းကျင် သူတွေ ရဲ့ အကူအညီနဲ့ဆောင်ရွက်နေတဲ့၊ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ ပိတ်သိမ်းနိုင်ရေး မဟာဗျူဟာ မူကြမ်းချ မှတ်နိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ မစ္စ ဘာဂနာကပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းကတော့ ဒုက္ခသည် သုံးသောင်းထဲမှာ ၁ သောင်း ၃ ထောင် ပြန်လာဖို့ မြန်မာအစိုးရက အတည်ပြုပြီးပြီ၊ အဆင့်မြင့်အရာရှိအဖွဲ့တစ်ဖွဲ့လည်း ဘင်္ဂလားဒေ့ရှ်ကို စေလွှတ်ဖို့ပြင်ထားတယ်၊ AA အဖွဲ့က တိုက်နေတဲ့ကိစ္စအပါအဝင် လူ့အခွင့်အရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးတွေ မှာ အခက်အခဲတွေရှိနေပေမယ့်၊ မြန်မာအစိုးရအနေနဲ့တော့ ငြိမ်းချမ်းမှုတည်ဆောက်ရေး၊ တည်ငြိမ်ရေး၊ သဟဇာ တဖြစ်ရေးနဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကို သန္နိဋ္ဌာန်ချပြီး ဆောင်ရွက်နေတယ်လို့ တုံ့ပြန်ပြောဆို ပါ တယ်ခင်ဗျာ။

(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားသည်)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */