RFA
လြတ္လပ္တဲ့ အာရွအသံ
2019-07-02
2019-07-02

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရွှေထွန်းဖြူကျေးရွာက အသက် ၂၈ နှစ်အရွယ်ကိုဇော်ဝင်းလှိုင်ဟာတပ်မတော်ရဲ့ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် စစ်တွေဆေးရုံကြီးမှာ မနေ့ညနေက သေဆုံးခဲ့ပါတယ်။
သူ့ကို AA အဖွဲ့ဝင်လို့ စွပ်စွဲချက်နဲ့ တပ်မတော်က ဇွန် ၁၉ ရက်နေ့က ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပြီး ဇွန်လ ၂၄ ရက်နေ့မှာ ကျောက်တော်မြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့တာလို့ သိရပါတယ်။
ကိုဇော်ဝင်းလှိုင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဇွန်လ ၂၅ ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ကျောက်တော်ဆေးရုံမှာ အပြင်လူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရသလို စစ်တွေဆေးရုံကြီးကို ဇွန်လ ၃၀ ရက်နေ့က ဆက်လက်ပို့ဆောင်ခဲ့ရတာလည်းဖြစ်ပါတယ်။
တပ်မတော်က စစ်ကြောရေးလုပ်ဆောင်စဉ် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ အတွင်းဒဏ်ရာတွေကြောင့် သေဆုံးတာဖြစ် တယ်လို့ မိသားစုကပြောပါတယ်။
ကိုဇော်ဝင်းလှိုင်ဟာ အသက်ရှုမဝတာ၊ သွေးအန်တာ၊ တံတွေးထွေးတိုင်း သွေးပါတာတွေ ရှိခဲ့ပါတယ်။
တပ်မတော်က စစ်ဆေးရာမှာ ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ပြောဆိုချက်နဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ကိုဇော်ဝင်းလှိုင် သေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်လို့ နစ်နာသူတွေအနေနဲ့ သက်ဆိုင်ရာကို တိုင်ကြားနိုင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ဘယ်သူတွေပဲဖြစ်ဖြစ် ညှဉ်းပန်းနှိပ်စက်မှုတွေ မပြုရဘူးဆိုတဲ့ ညွှန်ကြားချက်ဟာ တပ်မတော်မှာရှိပြီး ဒါဟာ အကုန်လုံးလိုက်နာရမယ့် စည်းမျဉ်းဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ AA နဲ့ တပ်မတော်တို့ တိုက်ပွဲကာလအတွင်း AA အဖွဲ့ဝင်ဆိုတဲ့ သံသယနဲ့ တပ်က ဖမ်းဆီးစစ်ဆေးခဲ့သူတွေထဲမှာ သေဆုံးသူ အရင်က ၁၃ ဦး အထိရှိခဲ့ရာကနေ အခုနောက်ထပ်တစ်ဦး တိုးလာတာလည်းဖြစ်ပါတယ်။

No comments:
Post a Comment