Tuesday, June 4, 2019

ရခိုင်ပြည်နယ် တိုက်ပွဲ - လူ အကျအဆုံးရှိသလို လက် နက်တချို့ ဆုံးခဲ့ကြောင့် တပ်မတော် ဝန်ခံ

B B C
ဘီဘီစီ မြန်မာပိုင်း
04 June 2019

မင်းပြားမြို့နယ်ထဲ အေအေတပ်ဖွဲ့နဲ့ ဖြစ်ခဲ့တဲ့ ဇွန် ၂ ရက် တိုက်ပွဲ အတွင်း တပ်မတော်ဘက်က အကျ အဆုံး ရှိခဲ့ပြီး လက်နက်တချို့ ဆုံးရှုံးခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က အတည် ပြုပါတယ်။

ဒါပေမယ့် အရေအတွက် အတိအကျ အပါအဝင် အသေးစိတ် အချက်တွေကိုတော့ မပြောသေးပါဘူး။
"အကျဆုံးများတာ မဟုတ်ဘူး၊ အကျအဆုံး ရှိခဲ့တာ မှန်တယ်၊ ဒဏ်ရာရတာ ရှိတယ်၊ လက်နက် အချို့ ဆုံး ရှုံး တာ ရှိတယ်၊ ဟိုဘက်မှာလည်း ထိခိုက်ကျဆုံးမှု တချို့ ရှိတာ သိရတယ်" လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

မင်းပြားမြို့နယ် ရွှေတမာနဲ့ အောင်တိုင် ဆိုတဲ့ ကျေးရွာနှစ်ခုကြား ဇွန် ၂ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲဟာ ရခိုင်ပြည် နယ်တွင်း လတ်တလောတိုက်ပွဲတွေ ထဲမှာတော့ အပြင်းအထန်ဆုံးပဲလို့ ဘီဘီစီ သတင်း ထောက်က ပြောပါတယ်။
                                                            အေအေဘက်က ဘာပြောလဲ
ဇွန် ၂ ရက် တိုက်ပွဲဟာ တပ်မ ၅၅ လက်အောက်ခံ ခလရ (၃) နဲ့ အေအေ ကွန်မန်ဒို စစ်ကြောင်းတို့ကြား ဖြစ်ခဲ့တာလို့ အေအေအဖွဲ့ရဲ့ ပြောခွင့်ရ ခိုင်သုခက ဆိုပါတယ်။

အင်အား ၁၅ဝ ဝန်းကျင် ရှိတဲ့ အစိုးရ စစ်ကြောင်းကို အေအေ ကွန်မန်ဒိုတွေက နေ့လယ် ၂ နာရီ လောက်က စပြီး တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာမှာ ၅ နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ခိုင်သုခက ပြောပါ တယ်။

အစိုးရ တပ်ဘက်က အရာရှိတွေ အပါအဝင် အယောက် ၄ဝ ထက် မနည်း ကျဆုံး သွားတယ်လို့ အေအေ ဘက်က ပြောပေမယ့် ဘီဘီစီ အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိ သေးပါဘူး။
သူတို့လက်ထဲမှာတော့ အစိုးရ တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်း ၁ဝ လောင်း ကျော် ရရှိထားတယ်လို့ အေ အက ပြောပါတယ်။ ဒါ့အပြင် စက်လတ်လို့ အသိများတဲ့ MG-42 စက်သေနတ် တစ်လက် အပါအဝင် လက် နက်ငယ် ၁၂ လက် လည်း သိမ်းမိတယ်လို့ ဆိုပါတယ်။

အေအေဘက်က ၃ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။

အိမ်ထောင်စု စာရင်း စစ်ပြီး ပြန်အထွက် အတိုက်ခံရ

ရွှေတမာရွာထဲကို စစ်သား အယောက် ၁ဝဝ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်ပါတဲ့ စစ်ကြောင်း ဇွန်လ ၂ ရက်နေ့က ဝင်လာခဲ့ကြတာလို့ ဒေသခံ ရွာသားတွေက ဘီဘီစီကို ပြောပါတယ်။

အဲဒီ စစ်ကြောင်းဟာ ရွာထဲမှာ အိမ်ထောင်စုစာရင်း စစ်ခဲ့ပြီး ပြန် အထွက်မှာပဲ တိုက်ပွဲ ဖြစ်သံတွေ ကြားလာ ရတာလို့ ဆိုပါတယ်။

လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေနဲ့ ဆူညံနေပြီး ညနေစောင်းတဲ့ အထိ တိုက်ပွဲ ပြင်းထန်နေခဲ့ တယ်လို့ ရွှေတမာ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရွှေတမာနဲ့ မွတ်ဆလင်ရွာ အောင်တိုင်ကြား ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ပွားတဲ့ နေရာဟာ အရင်ကတော့ တခါမှ တိုက်ပွဲ မပေါ်ပေါက်ဖူးတဲ့ နေရာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

တချိန်တည်းမှာပဲ မြောက်ဦး အခြေစိုက် အစိုးရ တပ်ရင်း ၅၄ဝ ကလည်း အနီးနားက တောင်တန်းတွေကို အမြောက်ကြီးတွေနဲ့ ပစ်ခတ် လာခဲ့ပြီး မြောက်ဦးမြို့ပေါ်ကပါ အဲဒီ လက်နက်ကြီးသံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
                                         ဇွန် ၃ မှာလည်း တိုက်ပွဲဆက်၊ အရပ်သားတွေ သေဆုံး

မင်းပြားမြို့နယ်ထဲ နောက်တစ်ရက်မှာလည်း တိုက်ပွဲတွေ ဆက်ရှိ နေခဲ့ပါတယ်။ အဲဒီ ဇွန် ၃ ရက် တိုက်ပွဲ ကတော့ စပါးထား ဆိုတဲ့ ရွာ အနီးမှာ ပေါက်ပေါက်လာတာ ဖြစ်ပြီး ပြင်းထန် ခဲ့ပါတယ်။

ဇွန် ၃ ရက် တိုက်ပွဲမှာတော့ တိုက်ပွဲကြား ညပ်တဲ့ ရွာသားတွေ လက်နက်ကြီးကျည် သင့်ပြီး သေဆုံးတဲ့ဖြစ်ရပ် ပေါ် ပေါက်ခဲ့ပါတယ်။ တိုက်ပွဲကြောင့် စပါးထား ရွာသားတွေ ရွာ ဘုန်းကြီးကျောင်းမှာ စုဝေး ခိုလှုံ နေကြ တုန်း အဲဒီ ဘုန်းကြီး ကျောင်းဝင်းထဲ လက်နက်ကြီးကျည် ကျရောက် ခဲ့တာ ဖြစ်ပါတယ်။

အခင်း ဖြစ်ရာမှာ ၄ ယောက် သေဆုံးပြီး၊ ဆေးရုံပေါ်မှာ နောက်တစ်ဦး ဆုံးပါးသွားခဲ့တယ်လို့ မင်းပြားမြို့နယ် အုပ် ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်က အခင်းဖြစ်တဲ့ နေ့မှာပဲ ဘီဘီစီကို ပြောပါတယ်။ သံဃာတော် တစ်ပါး အပါ အဝင် ဒဏ်ရာရသူ ၉ ယောက်လည်း ရှိတာမှာ အများစုဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က စပါးထားရွာ ဖြစ်ရပ်အကြောင်း ပြောတာမှာတော့ အမျိုး သား ၄ ယောက်၊ အမျိုးသမီး ၂ ယောက် စုစုပေါင်း ၆ ယောက် သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။ 
                                                                  အရပ်သားထိခိုက်မှု
ရခိုင်ပြည်နယ်ထဲ စစ်ရေး ပဋိပက္ခကြောင့် အရပ်သားတွေ သေဆုံး ထိခိုက်နေမှုတွေဟာ အခု ရက်ပိုင်းတွေ အတွင်းမှာပဲ ပိုပြီး တိုးမြင့်လာနေပါတယ်။

စပါးထားရွာ ဘုန်းကြီးကျောင်းထဲ လူတွေ အစုလိုက် သေဆုံး ထိခိုက် ခဲ့ရသလို၊ ဇွန် ၂ ရက် နေ့မှာ မြောင်း ဘွေ ရွာမှာ အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး၊ ရှမ်းရွာ ဆိုတဲ့ မွတ်ဆလင် ရွာမှာလည်း သားအမိ နှစ်ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တခါ၊ မြောက်ဦးမြို့နယ် ထဲမှာလည်း ညောင်ပင်လှ ရွာကသူတချို့ တောင်ပေါ် ဟင်းရွက်ခူး သွားတုန်း မိုင်း ပေါက်ခဲ့လို့ အသက် ၄၂ နှစ် အရွယ် အမျိုးသား တစ်ယောက် သေဆုံး သွားပြီး၊ အမျိုးသမီး နှစ်ယောက် ဒဏ် ရာတွေ ရပြီး ဆေးရုံပို့ ခဲ့ရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */