Thursday, June 6, 2019

တောင်ပြိုလက်ဝဲမှာ ARSA နဲ့ တပ်မတော် တိုက်ပွဲဖြစ်

RFA
လွတ်လပ်တဲ့ အာရှအသံ 
2019-06-05
ရခိုင်ပြည်နယ်အတွင်းက မြန်မာ့တပ်မတော်သားတစ်ဦးကို တွေ့ရစဉ်
Photo: STR / AFP

ရိုဟင်ဂျာ မွတ်စလင်ပြန်လည်လက်ခံရေးစခန်းရှိတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲဒေ သမှာ ARSA နဲ့ မြန်မာ့တပ်မတော်တို့ကြား အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ မြန်မာ့တပ်မတော်က အတည်ပြုပြောဆိုပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲဒေသက ကမန်းသားကျေးရွာနားမှာ မနေ့က တပ်မတော် လုံခြုံ ရေးအဖွဲ့နဲ့ ARSA တပ်မတော်ဖက်ကလို့ ယူဆရသူတွေဟာ ထိပ်တိုက်ရင်ဆိုင်ကြောင်း ပစ်ခတ်မှု တွေ ရှိခဲ့ပေမယ့် နှစ်ဖက်ဒဏ်ရာရှိတာတွေမရှိကြောင်း တပ်မတော် သတင်းအမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ် မှူး ချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။

ယခုရက်ပိုင်းအတွင်း ARSA က မောင်တောမြို့နယ် မြောက်ဖက်မှာ လှုပ်ရှာမှုတွေရှိလာတယ်လို့ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို ပြန်လည် လက်ခံရေးစခန်းတွေထားရှိရာမှာ တောင်ပြိုလက်ဝဲဒေသဟာ ကုန်းလမ်းကနေ လက်ခံမယ့်လမ်းကြောင်းဖြစ်ပြီး ဒုက္ခသည် တွေပြန်လည်ဝင်ရောက်လာပါက အများဆုံးဝင်ရောက်မယ့်နေရာလည်းဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */