Wednesday, June 19, 2019

မြန်မာဒုက္ခသည်များ နေရပ်ပြန်ရေး ဘေးကင်းလုံခြုံမှု မရှိသေး

VOA 
ဗွီအိုအေ (မြန်မာဌာန) 
19 ဇွန်၊ 2019
မခင်ဖြူထွေး
ရိုဟင်ဂျာ ဒုက္ခသည်များ

UNHCR ပြောခွင့်ရနှင့် ဆက်သွယ်မေးမြန်းချက် 

ဇွန်လ ၂၀ ရက်နေ့က ကမ္ဘာ့ ဒုက္ခသည်များနေ့ပါ။ မြန်မာနိုင်ငံဟာလည်း ကမ္ဘာပေါ်မှာ ဒုက္ခသည် အများဆုံး ထွက်ပြေးရတဲ့ နိုင်ငံတွေထဲမှာ တခု အပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာဖြစ် ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက် ပဋိပက္ခတွေနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ သိန်းနဲ့ချီ ရှိနေတာပါ။ ဒီ ဒုက္ခ သည်တွေ နေရပ်ပြန်နိုင်ရေး အလားအလာ ဘယ်လိုရှိနေပါပြီလဲ။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာ မင်းကြီးရုံး UNHCR ရဲ့ အာရှဒေသဆိုင်ရာ ပြောခွင့်ရ Caroline Gluck ကို မခင်ဖြူထွေးက ဆက်သွယ် မေးမြန်းထားပါတယ်။
မခင်ဖြူထွေး။ ။ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြောင့် အိမ်နီးချင်း နိုင်ငံတွေမှာ ထွက်ပြေးခိုလုံနေကြတဲ့ ဒုက္ခ သည်တွေ သိန်းနဲ့ချီ ရှိနေပါတယ်။ မြန်မာအစိုးရ အနေနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီး ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ ဆိုတော့လက် ရှိမှာ ဒီဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အလားအလာ နီးလာပါပြီလား။ ဘယ်လိုများ သုံးသပ်မိပါလဲ။

Caroline Gluck ။ ။
“စစ်ပွဲတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ နဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ သူတို့တွေ နေရပ်ကို ဘေးကင်းလုံခြုံစွာ အမြန်ဆုံး ပြန်နိုင်ဖို့အတွက် ကျမ တို့ UNHCR အနေနဲ့ အမြဲတမ်း ကြိုးပမ်းဆောင်ရွက်နေတာပါ။ ဖြစ်ရပ်တွေကတော့ တခုနဲ့တခု မတူကြ ပါ ဘူး။ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာလာသူတွေက သူတို့ နေရပ်ပြန်တဲ့အခါ ဘေးကင်း လုံခြုံမှု ရှိ ပါ့မလား၊ အာဏာပိုင်တွေက သူတို့ကို နောက်တကြိမ် ဖမ်းဆီးနှိပ်စက် ညှင်းပမ်းတာ ခံရမလား ဆိုတဲ့ စိုးရိမ် မှုတွေ ရှိကြပါတယ်။ ဒါက ပဋိပက္ခတွေ၊ ဒုက္ခသည်နေရပ်ပြန်ရေး အခြေအနေတွေ နဲ့ ပတ်သက်လာရင် အမြဲ တမ်း ထည့်သွင်းစဉ်းစားရတဲ့အချက်ပါ။ ဖြစ်ရပ်အတော်များများကတော့ နိုင်ငံရေး အကျပ်အတည်းတွေ ကြောင့် ပေါ်ပေါက်လာတဲ့ ပြဿနာတွေပါ။”

မခင်ဖြူထွေး။ ။
မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခိုလုံကြတဲ့ ဒုက္ခ သည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်လို့ အဓိက စိုးရိမ်ချက်က ဘာပါလဲ။

Caroline Gluck ။ ။ “ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ပတ်သက်လာရင်တော့ အဓိက က သူတို့တွေ နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်ခွင့်ရဖို့နဲ့ သူတို့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုတာ ခံရဖို့ပါ။ လွတ်လပ်စွာ သွားလာခွင့်၊ ပညာသင်ကြားခွင့်နဲ့ ဆေးကုသခွင့်တွေ အကန့်အသတ်မထားဘဲ ရဖို့ပါ။ ပဋိပက္ခ တွေအတွင်း နေအိမ်တွေ မီးရှို့ ဖျက်ဆီးခံရပေမဲ့၊ သူတို့အရပ်ကိုပဲ သူတို့ ပြန်ချင်ကြပါတယ်။ ဒုက္ခသည်စခန်း လို တနေရာမှာ စခန်းသွင်းပြီး နေရတာမျိုးကို မလိုချင်ကြပါဘူး။ လူ့ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းလုံခြုံမှုရှိစွာနဲ့ ပြန်ချင်ကြတာပါ။”

မခင်ဖြူထွေး။ ။ ထိုင်း-မြန်မာနယ်စပ်မှာလည်း ဒုက္ခသည်တွေ သိန်းနဲ့ချီ ရှိပါတယ်။ ဒီဒုက္ခသည်တွေ နဲ့ ပတ် သက်လို့ရော သူတို့တွေ နေရပ်ပြန်နိုင်ဖို့ ဆောင်ရွက်နေတာတွေ ရှိပါလား။ အခြေအနေ ဘယ်လိုရှိပါလဲ။

Caroline Gluck ။ ။ “ဒီဒုက္ခသည်တွေ နေရပ်ပြန်ဖို့ကိုတော့ ကျမတို့က ဖိအားပေး တွန်းအားပေးတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ဒုက္ခသည်တွေကိုယ်တိုင်က ကိုယ့်သဘောဆန္ဒ နဲ့ ကိုယ် နေရပ်ပြန်ချင်တယ်ဆိုရင်တော့ ကျမတို့ ကူညီဆောင်ရွက်ပေးပါတယ်။ ဒီဇွန်လအစမှာကိုပဲ ကိုယ့်သဘောနဲ့ကိုယ် ပြန်ချင်ကြတဲ့ ဒုက္ခသည် တချို့ ရှိနေတယ်လို့ ကျမတို့ သိထားပါတယ်။ ဒီဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ဆယ်စုနှစ်တွေ နဲ့ချီ နေထိုင်နေကြသူတွေပါ။ နေရပ်ပြန်သူကတော့ အနည်းအကျဉ်းသာ ရှိပါသေးတယ်။ သူတို့တွေ နေရပ် ပြန်ဖို့ စိတ်ချရတဲ့ အနေအထားမရှိ သေးဘူးလို့ ခံစားရသူတွေ များပါတယ်။ ဆိုတော့ ဒါက အချိန်ယူ လုပ် ဆာင်ရတဲ့ကိစ္စဖြစ်နေပါတယ်။”

မခင်ဖြူထွေး။ ။ ဒီဒုက္ခသည်တွေ နေရပ်ပြန်ဖို့ UNHCR အနေနဲ့ တွန်းအားမပေးဘူးဆိုတာက - ပြည်တွင်းမှာ စစ်ပွဲတွေ ဆက်ဖြစ်နေလို့လား၊ ဒါမှမဟုတ် အစိုးရအာဏာပိုင်တွေဘက်က ဒုက္ခသည်တွေက ကြိုဆိုလက် ခံ တာမျိုး မရှိလို့လား။ ဘာကြောင့်ပါလဲ။

Caroline Gluck ။ ။ “ဒုက္ခသည်တွေကို ပြန် လက်ခံတဲ့နိုင်ငံအနေနဲ့ ဒုက္ခသည်တွေရဲ့ လုံံခြုံရေးနဲ့ ဘေး ကင်းလုံခြုံမှုကို အာမခံနိုင်တဲ့အခြေအနေမျိုးဖြစ်မှ ဒုက္ခသည်တွေ နေရပ်ပြန်သင့်တယ်လို့ ကျမတို့ ယုံကြည် ထားပါတယ်။ ဒါမှသာ သူတို့နေရပ်ပြန်ရတာက ရေရှည် ဖြစ်ပါလိမ့်မယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေ ကတော့ ဒုက္ခသည်တွေအတွက် စိတ်ချရတဲ့အခြေအနေ မဟုတ်သေးပါဘူး။ ဒါကြောင့် ဒုက္ခသည် တဦးချင်း စီကပဲ သူတို့သဘောဆန္ဒနဲ့သူတို့ ပြန်လိုတယ်ဆိုရင် ပြန်နိုင်ပါတယ်။ ဒီအတွက် ကျမတို့ ကူညီပံ့ပိုးပေး ပါ တယ်။ ကျမတို့ UNHCR အနေနဲ့ကတော့ လက်ရှိအခြေအနေမှာ ဒီဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် ဖိ အားပေးတာ တွန်းအားပေးတာမျိုး မလုပ်ပါဘူး။”

မခင်ဖြူထွေး။ ။ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးဆောင်ရွက်မှုတွေမှာ မြန်မာအစိုးရရဲ့ ပူးပေါင်းဆောင်ရွက် မှုကရော ဘယ်လိုရှိပါလဲ။ အားရကျေနပ်စရာ ကောင်းပါသလား။

Caroline Gluck ။ ။ “မြန်မာအစိုးရအနေနဲ့ သူတို့ပြောတဲ့ စကားအတိုင်း လိုက်ပါလုပ်ဆောင်ဖို့ ကျမတို့က တာ့ တိုက်တွန်းနေတာရှိပါတယ်။ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီ၊ ဒုက္ခသည်တွေ အ တွက် လုံခြုံစိတ်ချရတဲ့ အခြေအနေရှိနေပါပြီလို့ သူတို့ကတော့ ပြောပါတယ်။ ဒါပေမဲ့ တကယ်လက်တွေ့ မှာ တော့ အဲ့ဒီလိုအခြေအနေမျိုး ရှိနေတာကို ကျမတို့ သိပ်မတွေ့ရပါဘူး။ ဒါကြောင့် သူတို့ပေးတဲ့ ကတိတွေအ တိုင်း လိုက်ပါဆောင်ရွက်ဖို့ တိုက်တွန်းချင်တာပါ။ ရခိုင်အကြံပေးကော်မရှင် အကြံပြုထားသလို၊ ရိုဟင်ဂျာ ဒုက္ခ သည်တွေ ဘေးကင်းလုံခြုံမှုရှိစွာ၊ လူ့ဂုဏ်သိက္ခာနဲ့အညီ နေရပ်ပြန်နိုင်အောင် ဆောင်ရွက်ပေးရ ပါလိမ့် မယ်။ ဒီအတွက် တချို့ အရေးတကြီး မဖြစ်မနေကိုင်တွယ်ရမယ့် ကိစ္စရပ်တွေကို ကိုင်တွယ် ဖြေရှင်းရပါလိမ့် မယ်။ အပြောနဲ့အလုပ်ညီအောင် ဆောင်ရွက်ဖို့ အဓိက တိုက်တွန်းချင်ပါတယ်။”

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့ အာရှဒေသဆိုင်ရာ ပြောခွင့်ရ Caroline Gluck ကို မခင်ဖြူထွေးက ဆက်သွယ် မေးမြန်းထားတာပါ။ 

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */