By ဒီဗွီဘီ
16 June 2019
ရခိုင်ပြည်နယ် စစ်တွေမြို့ ရဲစခန်းပတ်ပတ်လည်မှာ ဖွင့်ထားတဲ့ ဆိုင်ခန်း ၇၀ ကျော်ဟာ ဇွန်လ ၁၅ ရက်နေ့ က အပြီးဖယ်ရှားပေးလိုက်ရပါတယ်။
အဲဒီဆိုင်ခန်းတွေကို ၁၉၉၄ ခုနှစ်ဝန်းကျင်ကတည်းက စခန်းတာဝန်ရှိသူတွေဆီကနေ ကန်ထရိုက်စနစ်နဲ့ ဝယ် ယူပြီး ကိုယ်တိုင် ဆောက်လုပ်ရောင်းချလာကြတာဖြစ်ပါတယ်။ အဲ့ဒီ ဆိုင်ခန်းတွေမှာ လျှပ်စစ်ပစ္စည်း၊ ဖုန်း၊ ပန်းထိမ်၊ ဆေးဆိုင် အထည်ဆိုင်စတဲ့ အရောင်းဆိုင်တွေ အပြင် နာရီနဲ့ တီဗွီပြင်တဲ့ ဆိုင်တွေလည်း ရှိပါတယ်။

ဆိုင်ပိုင်ရှင်တွေရဲ့ စီးပွားရေးကို ငဲ့ညှာတဲ့အနေနဲ့ မြေနေရာအဆင်ပြေတဲ့အထိ စောင့်ဆိုင်းမယ်လို့ ပြောဆို ထားပေ မယ့် ဇွန်လ ၁၃ ရက်နေ့ကပဲ အစည်းဝေးခေါ်ယူပြီး ၂ ရက် အတွင်းမှာ ဖယ်ခိုင်းခဲ့တာကြောင့် အခုလို ဖြိုဖျက်နေကြရတာလို့ ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
အခုလိုမျိုး ဖယ်ရှားလိုက်ပေမယ့် ဆက်လက်ရောင်းချမယ့် မြေနေရာတွေ အဆင်သင့် မဖြစ်သေးတာကြောင့်ဆိုင် ပိုင်ရှင်တွေအနေနဲ့ အခက်ကြုံနေကြတယ်လို့ဆိုပါတယ်။
လက်ရှိ ဖယ်ရှားခံထားရတဲ့ ဆိုင်ပိုင်ရှင်တွေ အနေနဲ့ကတော့ အဲဒီနေရာအစား ပြည်နယ် အစိုးရနဲ့ ကိုရီးယား ကုမ္ပဏီ BXT တို့ အကျိုးတူ ပူးပေါင်းဖော်ဆောင်နေတဲ့ မြေထဲက နစ်နာကြေး ပေးဖို့ တောင်းဆိုထားကြ ပေ မယ့် လက်ရှိမှာတော့ မသိကြရသေးဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စည်ပင်သာယာရေး ဝန်ကြီးဦးဝင်း မြင့်ကို မေးမြန်းရာမှာတော့ နစ်နာကြေးအဖြစ် မြေနေရာအစားပေးမယ်လို့ အကြမ်းဖြင့်သာ သိထားရပေမယ့် ဘယ်နေရာကို ဘယ်လိုပေးမယ်ဆိုတာကိုတော့ မသိရသေး ဘူးလို့ ဆိုပါတယ်။
သတင်း၊ ဓာတ်ပုံ- ဝဏ္ဏခွာညို
Tags: စစ်တွေမြို့က ဈေးဆိုင်ခန်း ၇၀ ကျော်ကို ဖယ်ရှား
Link : Here

No comments:
Post a Comment