Friday, June 14, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိလစ်ပိုင်လေတပ် ဦးစီးချုပ်နှင့်ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တို့အား သီးခြားစီ လက်ခံတွေ့ ဆုံ

မြန်မာ့အလင်းသတင်းစာ 
နေပြည်တော် ဇွန် ၁၃ 
 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ဖိလစ်ပိုင်လေတပ်ဦးစီးချုပ် Lt. Gen. Rozzano D Briguez AFPအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့် ခန်း မဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုတိုး မြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေး၊ လေတပ် ဆိုင်ရာ အတွေ့အကြုံများနှင့် သဘာဝဘေးအန္တရာယ် ကာကွယ် ရေး ဆိုင်ရာ အတွေ့အကြုံများ အပြန်အလှန်ဖလှယ်ရေး၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် တပ်မတော်နှစ် ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးအတွက် အဆင့်အလိုက် ချစ်ကြည် ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များ အား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စား လှယ်Mr. Eamon Gilmore အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင် သည့် အခြေအနေများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

သတင်းစဉ်

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */