Friday, June 7, 2019

ရခိုင်ပြည်နယ်အရေး ဆွေးနွေးအဖြေရှာဖို့ AA အဖွဲ့ကို အစိုးရတိုက်တွန်း

VOA  
ဗွီအိုအေ (မြန်မာဌာန) 
မေခ
07 ဇွန်၊ 2019
 မြန်မာသမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေး 

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေရှင်းရာမှာ ရခိုင်လက်နက်ကိုင် အဖွဲ့ AA အနေနဲ့ ဆွေး နွေး အဖြေရှာဖို့ လိုအပ်ကြောင်း မြန်မာအစိုးရက ပြောဆို လိုက်ပါတယ်။ ဒါပေမဲ့လည်း ရက္ခိုင့်တပ်မ တော် AA ကတော့ မြန်မာစစ်တပ်ဖက်က စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့လိုအပ်ကြောင်း ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက ပြောပြပေးမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်ဖို့ ရက္ခိုင့်တပ်မတော် AA အနေနဲ့ ဆွေးနွေးအဖြေရှာသင့်တယ်လို့ နေ ပြည်တော်မှာ ကျင်းပတဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ ဦးဇော်ဌေးက တိုက်တွန်း လိုက် တာပါ။

"တိုက်ပွဲတွေက တပွဲ ၂ပွဲနဲ့မပြီးပါဘူး။ အမြစ်ပြတ်သွားဖို့လည်းခက်ပါတယ်။ အစိုးရဘက် ပိုင်းကကြိုးစားနေ တာက AA အပါအဝင် မြောက်ပိုင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုး နိုင်ဖို့လုပ်နေတယ်။ နိုင်ငံရေး အခွင့်အရေးနဲ့ နိုင် ငံ ရေးစားပွဲဝိုင်းရောက် ဖို့လုပ်နေတယ်။ ဒီလမ်းကြောင်းကို တိုက်တွန်းချင်တယ်။ တိုင်းရင်း သားခွင့်ရေး၊ ပြည် နယ်ခွင့်ရေးရဖို့ ဆိုရင် နိုင်ငံရေးစားပွဲဝိုင်းလာပါ။ အဘက်ဘက်က ဆိုးကျိုးတွေရှိတယ်။ တပ်မတော်တခု ထဲပြောမရဘူး။ AA ကိုလည်းပြောချင်တယ်။ ပြည်သူတွေအတွက် ငြိမ်းချမ်းရေးစားပွဲဝိုင်း လာဖို့လိုတယ်။"
ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)  

AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရ ခိုင်သုခ ကတော့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ဖို့ တပ် မတော်ဖက်က စစ်ဆင်ရေးတွေ အရင်စဖို့လိုတယ်လို့ တုံ့ပြန်ထားပါတယ်။

"တိုက်ပွဲတွေရပ်ဖို့ဆို စစ်ဆင်ရေးတွေကို အရင်ဆုံးရပ်ဖို့လိုပါတယ်။ အစိုးရဘက်ကကြေ ငြာထားတဲ့ အမြစ်ပြတ်ချေမှုန်းရေးပေါ့အဲဒါကိုလဲပြန်ရုပ်ဖို့လိုပါတယ်။ ဒါမှ ၂ဖက်ယုံကြည်မှု တည်ဆောက်နိုင်မယ်ရှေ့ဆက် စ ကားပြောနိုင်မယ်။ ခုသူတို့လုပ်နေတဲ့ ငြိမ်းချမ်းရေးကျနော် တို့နဲ့လုပ်တာမှာလဲ ဗမာစစ်တပ်ဘက်က AAကို ရခိုင်ပြည်နယ်ထဲ အခြေချခွင့်မပြုနိုင်ဖူး၊ လုံးဝလက်မခံနိုငအသိမှတ်မပြုနိုင်လုပ်တာကကျတော့ ကျနော်တို့ မှာခက်ခဲစေတယ်။ အဓိကကတော့ တပ်မတော်ရဲ့ မိုင်းဆက်တွေပြင်ဖို့လိုတယ်။"

ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ရခိုင်ပြည်နယ်က ရဲကင်းစခန်းတချို့ကို AA လက်နက်ကိုင် အဖွဲ့ က စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က စစ်ဆင်ရေးတွေ ဆင်နွှဲနေရာမှာ ၂ ဘက် ထိခိုက်သေ ဆုံး မှုတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှုတွေပါ ကြုံနေရတာပါ။ ဒါပေမဲ့လည်း တိုက်ပွဲတွေကြား အရပ်သား တွေ ထိခိုက်သေ ဆုံးမှုမှာ မြန်မာစစ်တပ် တခုတည်းကို အပြစ်ဖို့လို့ မရနိုင်ကြောင်း မြန်မာအစိုးရပြောခွင့်ရ ဦးဇော် ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

"ဥပဒေနဲ့ အညီလုပ်တဲ့ အခါမှာလည်း တပ်မတော်ရဲ့စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ရန်သူနဲ့ဆက်ဆံ တာ မှာဘယ်လိုပြုမှုမလဲ၊ အရပ်သားတွေကိုဆက်ဆံတာမှာဘယ်လိုရှိလဲ၊ ဆိုတဲ့ စည်းမျဉ်းတွေထုတ် ထားတဲ့ အတိုင်းလုပ်ဖို့ဘဲလိုပါတယ်။ စွပ်စွဲပြောကြားမှုကတိုက်ပွဲ တွေ ဖြစ်ရင် ၂ဖက်စလုံးမှာရှိပါတယ်။ တဖက် ထဲတော့မဟုတ်ပါဘူး။"

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရသလို၊ ဥပဒေမဲ့ ဖမ်းဆီးမှု သတ်ဖြတ်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အ ခွင့်အရေး အဖွဲ့တွေကလည်း စိုးရိမ်ကြောင်း ပြောဆိုထားကြတာပါ။ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Amnesty International ရဲ့ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာလည်း ရခိုင် လက်နက်ကိုင်တပ်ဖဲ့ွ (AA) နဲ့ တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုတွေ ကျုးလွန်နေကြောင်း စွပ်စွဲထားပြီး၊ နိုင်ငံတကာ စစ်ရာဇဝတ်မှုကနေ အရေးယူဖို့ တိုက်တွန်းထားသလို၊ AA လက်နက်ကိုင် တပ်ဖွဲ့ ဖက်ကလည်း အရပ်သားတွေကို ဖမ်းဆီးတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတချို့ ရှိခဲ့ကြောင်း လည်း ဖော်ပြထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */