မြန်မာ့အလင်း
နေပြည်တော် မေ ၂၈
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်ရေး အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီ အစဉ် (UNDP) ၊ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တို့အကြားExcha- nge of Lettersလက်မှတ်ရေး ထိုးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီး ကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် မေ ၂၈
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင် တင်၊ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဝန်ကြီးဌာနများမှ အမြဲ တမ်း အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ဌာနေကိုယ် စား လှယ်Mr . Johan Cels ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)ဒုတိယ ဌာနေ ကိုယ်စားလှယ် Ms. Dawn Del Rio နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်တွင် ကျင်းပသည့် တတိယအကြိမ်ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေး အပြီးတွင် နေရပ်စွန့်ခွာသူ ၂၂၄၃၂ ဦးနှင့်ပတ်သက်၍ လိုအပ် သောစိစစ်မှုများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သုံးပွင့်ဆိုင် MoU စာချုပ်အရUNDP နှင့် UNHCR တို့မှ ဝန်ထမ်းများပါဝင်သည့် အကဲဖြတ်အဖွဲ့၏ ဆန်းစစ်ချက် များ အရ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုလေးအုပ်စုမှ ကျေးရွာပေါင်း ၁၀ ရွာနှင့် မောင်တောမြို့ နယ်အတွင်းရှိ ကျေးရွာ အုပ်စု ၁၀ အုပ်စုမှ ကျေးရွာပေါင်း ၁၄ ရွာတို့တွင် ပထမအသုတ် Community-Based Project ၃၅ ခုအနက်မှ ၂၁ ခု၏ လုပ်ငန်းဆောင် ရွက်ခွင့်နှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေး ရွာအုပ်စုငါးအုပ်စုမှ ကျေးရွာပေါင်း ၂၀ နှင့် မောင်တော မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ခြောက်အုပ်စုမှ ကျေးရွာပေါင်း ၁၅ ရွာတို့တွင်ဆောင်ရွက်မည့် ဒုတိယအသုတ် Community- Based Project ၃၆ ခုအ နက်မှ ၁၃ ခု၏ လုပ်ငန်းဆောင်ရွက် ခွင့်တို့ကို ယခုနှစ် ဧပြီ ၁၉ ရက်အထိ နယ်မြေဒေသလုံခြုံရေး အခြေ အနေလေ့လာဆန်းစစ်စုံစမ်း၍ ဆောင်ရွက်ရန် ခွင့်ပြုပေး ထားခဲ့ပါကြောင်း။
ထို့ပြင် သုံးပွင့်ဆိုင် MoU အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ကွင်းဆင်းအကဲဖြတ်မှုများ ဆက် လက် ဆောင်ရွက်နိုင်ရန် ကျေးရွာအုပ်စုများကိုလည်း အတည်ပြုပေး ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် သုံးပွင့်ဆိုင် MoU အား တစ်နှစ်သက်တမ်းတိုး၍ လက်မှတ်ရေးထိုးဆောင် ရွက် ခြင်း ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို ကူညီဆောင်ရွက်ပေးသည့် UNDP နှင့် UNHCRတို့ကိုလည်း ကျေးဇူးတင်ရှိကြောင်းနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထား ရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး တို့အတွက် နီးကပ်စွာဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး (UNHCR) ဌာနေကိုယ်စားလှယ်Mr. Johan Cels နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ဒုတိယဌာနေ ကိုယ်စားလှယ် Ms.Dawn Del Rio တို့က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် တွင် ဆက်လက်ပူးပေါင်း ကူ ညီဆောင်ရွက်သွားမည့် အစီအစဉ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအေးလွင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဌာနေကိုယ်စားလှယ် Mr. Johan Celsနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ဒုတိယဌာနေကိုယ်စားလှယ် Ms.Dawn Del Rio တို့က ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်တင်နှင့် ဦးစိုးအောင် တို့ ရှေ့မှောက်တွင် နား လည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ရခိုင်ပြည် နယ်မှ နေရပ်စွန့်ခွာ သွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက် အပံ့ပြုနိုင်ရေးအတွက် အလုပ် သ မား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် UNDP ၊ UNHCR တို့ အကြား နား လည်မှုစာချွန်လွှာကို၂၀၁၈ ခုနှစ် ဇွန်လ ၆ ရက်တွင် လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ရာ ယင်းလုပ်ငန်းစဉ်များ ဆက်လက် ဆောင် ရွက်နိုင်ရေးအတွက် ယခင်နားလည်မှု စာချွန်လွှာအား ၂၀၁၉ ခုနှစ် ဇွန် ၆ ရက်မှ ၂၀၂၀ ခုနှစ် ဇွန် ၅ ရက်အထိ တစ်နှစ်သက်တမ်းတိုးမြှင့်၍ နထခ့ညေါန သ် Lနအအနမျ လက်မှတ်ရေးထိုးဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
လင့်၊FB

No comments:
Post a Comment