နိရဉ္စရာ
သိန်းဇော်(မောင်တော)
နိရဉ္စရာ၊ မေ ၁၅/၂၀၁၉
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ် ကျေးရွာတစ်ချို့တွင် ကျွဲ၊ နွားများ အစားအစာနှင့် ရေပြတ်လပ်ရာမှ သေဆုံးမှု များပြားလာနေကြောင်းသတင်းရရှိသည်။
“ကျနော်တို့ ရသေ့တောင်မြို့နယ် ကျေးရွာတစ်ချို့မှာ ကျွဲ
တွေ နွားတွေသေဆုံးနေကြတာကို တွေ့ရပါတယ်။ ဘာကြောင့် သေလဲဆိုတော့ ကျနော်သိရသလောက်ပြော ရရင် ကျနော်တို့ ကျောက်တန်း အပါအဝင် တခြား အနီးအ နားကျေးရွာကလူတွေပါ ကျေးရွာတွေကို စွန့်ခွာ ထွက်ပြေး ကြတယ်။ အဲသလို ထွက်ပြေးတဲ့ အချိန် မှာ ကျွဲ၊ နွားတွေက ဒီအတိုင်း ကျန်ခဲ့ကြတယ်။ နွေရာသီကလည်း ရောက်နေ တာဆိုတော့ ချောင်းတွေ၊ မြောင်းတွေ အပါအဝင် ကန်တွေ မှာလည်း ရေတွေက အကုန်ခမ်းခြောက်လာတော့ ရေ မ သောက်ရလို့ သေကြတာများပါတယ်”ဟု ဦးငြိမ်းဇော်က ဆိုသည်။

သောင်းဒရားကျေးရွာမှ ကိုဘတင်ရွှေက “ကျနော်တို့သောင်းဒရားဖက်မှာတော့ သေတာတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရွာအနီး ကျောက်တန်းကျေးရွာမှာ စစ်တပ်က ပစ်ခတ်မှုတွေရှိခဲ့တယ်။ အဲ့ဒါကြောင့် ကျေးရွာကလူတွေက ကြောက်လန့်ပြီးထွက်ပြေးကြတယ်။ ကျန်ခဲ့တဲ့ ကျွဲ၊ နွားတွေကို ဂရုစိုက် စောင့်ရှောက်မှု မရှိလို့သေကြတာပါ။ အရင်တုန်းကဆိုရင် နွေရာသီရေခမ်းရင် ရေထွက်တဲ့ စမ်းချောင်းတွေ ကို သွားပြီး တိုက်ကြတယ်။ အခုက ဘယ်ကိုမှသွားလို့မရဘူးဖြစ်နေတော့ ရေမသောက်ရဘဲ သေကုန်ကြ တာပေါ့”ဟု ကိုဘတင်ရွှေကဆိုသည်။
ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်ကလည်း ကျွဲနွားများ သေဆုံးနေ ခြင်းကို အတည်ပြုပြီး ကျွဲနွားတစ်ချို့မှာ ရေအိုင်ထဲ ရေကို ဆင်းသောက်ရာမှာ နွံနစ်ပြီး ပြန်မတက်နိုင်ဘဲ သေဆုံးမှုများရှိခဲ့သည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရကြောင်း ပြောကြားသည်။
ကျွဲ နွား သေဆုံးမှုများပြားလာနေသည့် ကျေးရွာများမှာ ရသေ့တောင်မြို့နယ်အတွင်းမှ ကျောက်တန်း၊ သောင်းဒရား၊ အောင်မြေကုန်း၊ သမီးလှကျေးရွာများ ဖြစ်ကြောင်းသိရသည်။
(ဓာတ်ပုံ- အစာရေစာပြတ်လပ်၍ သေဆုံးနေသည့် နွားတစ်ကောင်)
No comments:
Post a Comment