လွတ်လပ်တဲ့ အာရှအသံ
2019-05-11
စစ်တွေမြို့ အမျိုးသားကျောင်းတိုက်မှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၉၊ မေ ၁၁ ရက်နေ့က တွေ့ရစဉ်။Photo: RFA
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေကနေ စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေကို ထွက်ပြေးခိုလှုံလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို မနက်ဖြန် နောက်ဆုံးထားပြီး သူတို့ရဲ့မူလမြို့နယ် တွေကို ပြန်ခိုင်းဖို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖိအားပေးနေတယ်လို့ စစ်ဘေးဒုက္ခသည် ၇၀ ကျော် ခိုလှုံနေတဲ့ စစ်တွေမြို့ အမျိုးသားကျောင်းတိုက် တာဝန်ခံဆရာတော် ဦးသုနန္ဒက RFA ကို ဒီနေ့ မိန့် ကြားပါတယ်။
ထွက်ပြေးရောက်ရှိနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို မနေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယ ဦးစီးမှူးက အထက်အမိန့်အရဆိုပြီး ပြန်ခိုင်းဖို့အတွက် လာရောက်လျှောက်ထားခဲ့သလို ဒီနေ့မှာ လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထပ်မံပြီး လာရောက်လျှောက်ထားတယ်လို့ ဆရာတော် ဦးသုနန္ဒက မိန့်ပါတယ်။

အခုလို လာရောက်လျှောက်ထားတာဟာ စစ်တွေမြို့ပေါ်က အမျိုးသားကျောင်းတိုက်၊ ကယုချောင်းကျောင်း တိုက်၊ ဃောသိတာရုံကျောင်းတိုက်တွေကို လျှောက်ထားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ကျောင်းထိုင်ဆရာတော်တွေဘက်ကတော့ ဒုက္ခသည်တွေဟာ သူတို့ရဲ့ဆန္ဒအလျောက် လာရောက် ခိုလှုံ တာ ဖြစ်တဲ့အတွက် မူလမြို့နယ်တွေကို ပြန်၊ မပြန်ဆိုတဲ့ကိစ္စဟာ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေရဲ့ ဆန္ဒ အပေါ်မှာ မူတည်တဲ့အတွက် အတင်းအကျပ် ပြန်ခိုင်းမှာမဟုတ်ဘူးလို့ ပြန်လည်မိန့်ကြားလိုက်တယ် လို့ လည်း သိရပါတယ်။
စစ်တွေမြို့ကို လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို သူတို့ရဲ့ မူလမြို့နယ်တွေဆီကို ပြန်ခိုင်း တယ် ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်း မြင့်ကို RFA က ဒီနေ့ ညနေပိုင်းအထိ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် စစ်တွေမြို့က ဘုန်းတော်ကြီး ကျောင်းတွေနဲ့ နေအိမ်တွေမှာ မြို့နယ်အချို့ကနေ ထွက်ပြေးခိုလှုံနေတဲ့လူ ၃၀၀ နီးပါးရှိတယ်လို့လည်း ဆရာတော်တွေက မိန့်ပါတယ်။

No comments:
Post a Comment