နိရဉ္စရာ
သိန်းဇော်(မောင်တော)
နိရဉ္စရာ၊မေ ၂၄/၂၀၁၉
သိန်းဇော်(မောင်တော)
နိရဉ္စရာ၊မေ ၂၄/၂၀၁၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာတွင် လူငယ်တစ်ဦးမိုင်းနင်းမိပြီး ဒဏ်ရာ ရရှိ သွားကြောင်း သတင်းရရှိသည်။
မိုင်းနင်းမိပြီးဒဏ်ရာရရှိသွားသူမှာ ချောင်းတူကျေးရွာမှ ဦးကျော်သိန်းမောင်၏သား မောင်ကျော်နိုင်စိုး အသက်(၁၈)နှစ် ဖြစ်ကြောင်းသိရသည်။
အဆိုပါမိုင်းနင်းမိခဲ့သူသည် တောထဲသို့ ဟင်းရှာ ဟင်းခူးသွားစဉ် ယနေ့နံနက်ပိုင်း ၉နာရီခန့်က နင်းမိခဲ့ ခြင်းဖြစ်ကြောင်း ချောင်းတူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက နိရဉ္စရာသတင်းဌာန သို့ပြောသည်။
“သူက တောထဲကို ဟင်းရှာ ဟင်းခူးသွားတာလို့သိရပါတယ်။ သွားတဲ့အချိန်မှာ ခွေးလည်းပါတယ်လို့ သိရပါ တယ်။ ခွေးကေ ရှ့ကနေသွားတော့ မိုင်းကို ခွေးကအရင်ဆုံး သွားနင်းမိတာလို့ သိရပါတယ်။ခွေးတော့ ဘာ မှမဖြစ်ဘူး။ လူတော့ ဒဏ်ရာ ရရှိသွားတယ်”ဟု ဦးကျော်သောင်းကဆိုသည်။
၎င်းဖြစ်စဉ်ကြောင့် မောင်ကျော်နိုင်စိုးမှာ ခြေထောက်၊ လက်၊ မျက်နှာများတွင် ဒဏ်ရာရရှိသွားပြီး လက်ရှိ တွင် ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဖခင်ဖြစ်သူကပြောသည်။
“ကျနော်တို့က ဆင်းရဲတော့ ချက်စားစရာမရှိလို့ တောထဲသွားပြီး ဟင်းစားသွားရှာတာပါ။အဲ့ဒီမှာ မိုင်းနင်းမိ တာ။ ဒဏ်ရာတွေက အများကြီး။ ကြည့်တောင်မကြည့်ဝံ့ပါ။ အခုသူ့ကို ကျောက်တော်ဆေးရုံပို့ ဆောင်ထား ပါတယ်”ဟု ဖခင်ဖြစ်သူ ဦးကျော်သိန်းမောင် ကဆိုသည်။
ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခဖြစ်နေမှုကြောင့် ဒေသခံအပြစ်မဲ့ ပြည်သူများ မကြာခဏ ဆို သလို မိုင်းနင်းမိ၍ ဒဏ်ရာရ သေဆုံးမှုများလည်းရှိနေသည်။
No comments:
Post a Comment