" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, May 13, 2019

ကုလအရာရှိ ရခိုင်စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံ ခွင့်မရ

RFA 
လြတ္လပ္တဲ့ အာရွအသံ
2019-05-13
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူး အာရ်ဆူလာမြူလာ ကို ၂ဝ၁၉ ခုနှစ် မေလ ၁၃ ရက်နေ့က စစ်တွေမြို့မှာ တွေ့ရစဉ်။ Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်ကို မနေ့ကရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အထွေထွေ အ တွင်းရေးမှူးနဲ့ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးဖြစ်သူ အာရ်ဆူလာမြူလာ ဟာ စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ မြန်မာအစိုးရကို တင်ပြခဲ့ပေမယ့် လုံခြုံရေးအခြေအနေကို အ ကြောင်းပြေတာကြောင့် သွားရောက်ခွင့်မရခဲ့ဘူးလို့ UNOCHA က ဒီနေ့ပြောလိုက်ပါတယ်။
ဒီနေ့ စစ်တွေမြို့မှာ အာရ်ဆူလာမြူလာရဲ့ခရီးစဉ်အတွင်း သတင်းထောက်တွေကို ထုတ်ဖော်ပြော ဆိုခဲ့ တာပါ။

အာရ်ဆူလာမြူလာ ဟာ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံချင်ခဲ့ပေမယ့် ပြည်ထောင်စုအစိုးရက ခွင့်မပြုတာကြောင့် စစ်ဘေးဒုက္ခ သည် စခန်းကို မသွားရောက်နိုင်ခဲ့တာလို့လည်း ဆိုပါတယ်။

အာရ်ဆူလာမြူလာဟာ မနေ့က စစ်တွေမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ ဒီနေ့မှာ ဝန်ကြီးချုပ် ဦးညီပု ဦး ဆောင်တဲ့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့သလို ဒါးပိုင်ကယ်ဆယ်ရေးစခန်းမှာလည်း မွတ်စလင်ဒုက္ခ သည်တွေနဲ့ သီးသန့်တွေ့ဆုံပြီး အခြေအနေတွေကို မေးမြန်းလေ့လာခဲ့ပါတယ်။

မနက်ဖြန်မှာတော့ နေပြည်တော်မှာ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့လည်း သိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */