" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 17, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ ကာကွယ်ရေး အတွင်း ဝန်အား လက်ခံတွေ့ဆုံ

မြန်မာ့အလင်း
နေပြည်တော် မေ ၁၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ ကာကွယ်ရေး အတွင်း ဝန် H.E. Mr. Sanjay Mitra အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့် ခန်းမ ဆောင် ၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ်

ထိုသို့တွေ့ဆုံစဉ် မြန်မာ- အိန္ဒိယ တပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိသည့်အခြေအနေ၊ ငြိမ်းချမ်း စွာ အတူ ယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ ရပ်တည်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြားသက်ဆိုင်ရာ(ကြည်း၊ ရေ၊ လေ) ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */