Saturday, May 25, 2019

ငြိမ်းချမ်းရေး လာဆွေးနွေးမည့် AA အဖွဲ့ “မှဲ့တပေါက် မစွန်းစေရ” ဟု တပ်မတော် အာမခံ

ဧရာဝတီ
By ထက်နိုင်ဇော် 
25 May 2019

 မိုင်ဂျာယန် ညီလာခံတွင်တွေ့ရသည့် AA ခေါင်းဆောင်များ / ဧရာဝတီ
 
 နေပြည်တော် အပါအဝင် အစိုးရ အုပ်ချုပ်ရေး အာဏာ သက်ရောက်သည့် ဒေသများသို့ ငြိမ်းချမ်းရေး လာရောက် ဆွေးနွေးမည့် ရ က္ခိုစစ်တပ် (AA) အဖွဲ့ မှ ခေါင်းဆောင်များ၏ လုံခြုံရေးကို တပ်မတော် အနေဖြင့် “မှဲ့တပေါက် မစွန်းစေရ” ဟု အာမခံထားကြောင်း သိရသည်။

ပဏာမ အပစ်အခတ် ရပ်စဲရေး (Bilateral) စာချုပ် လက်မှတ်ထိုးနိုင်ရေး အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့ ၄ ခုတို့ကြား တွေ့ ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း AA အဖွဲ့၏ လုံခြုံရေး စိတ်ပူနေမှုကြောင့် နေရာ ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေရကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မေ ၂၄ ရက် နေ့က သတင်းထောက်များကို ပြောသည်။

ဦးဇော်ဌေး က “အထူးသဖြင့် စိုးရိမ်မှုရှိနေတာက AA ပေါ့။ AA အဖွဲ့က သူ့ဒေသမှာ တိုက်ပွဲတွေ နည်းနည်း ရှိနေတဲ့အတွက် သူတို့ ခေါင်းဆောင် တွေ လာတဲ့အခါ လုံခြုံရေး စိုးရိမ်တယ် ပြောတယ်။ ပြောတော့ ကျနော် တို့ တပ်မ တော်ဘက်က အကြီးအကဲတွေကို မေးတယ်။ တပ်မတော်ဘက်က ဘာပြောလဲဆိုတော့ မှဲ့တ ပေါက် မစွန်းစေရဘူး။ လုံခြုံရေးကို အာမခံပါတယ်လို့ ပြောတယ်” ဟု ပြောသည်။

အစိုးရနှင့် တွေ့ ဆုံမည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA/KIO)၊ တအန်း (ပလောင်) အမျိုး သား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မ တော် (MNDAA)နှင့် ရက္ခိုင် စစ်တပ် (AA) တို့ ဖြစ်ကြသည်။

AA အဖွဲ့ ၏ လုံခြုံရေး အကြောင်းပြချက်မှာ အဓိပ္ပါယ် မရှိသလို ဖြစ်နေပြီး ယခင် အဆက်ဆက် နေပြည် တော်နှင့် အခြားနေရာ များသို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လာရောက်ခဲ့စဉ်က မည်သည့် လုံခြုံရေး ပြဿ နာမှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဒါက အကြောင်းပြချက် တခုပါ။ တပ်မတော်မှာ တာဝန်ရှိသူတွေကို လှမ်းမေး လို့ ပြောပြီးသားပဲ။ ဘာမှ မဖြစ် စေရဘူးလို့။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက သူတို့နဲ့တင် မဟုတ်ဘူး။ သူတို့ ထက် ဆိုးတဲ့ အသေချခဲ့တဲ့ ဗကပ (ဗမာပြည် ကွန်မြူနစ် ပါတီ) နဲ့တောင် သူတို့လည်း လာတာပဲ။ ရန်ကုန်ဆို ရန်ကုန်မှာ လာလုပ်တာပဲ။ ဘာဖြစ်ခဲ့လို့လဲ။ လုံခြံရေး ကျိုးပေါက်ခဲ့တယ်ဆိုတာ သမိုင်းကြောင်းကို မရှိ ဘူး” ဟု ပြောသည်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ဘက်က ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ် နယ်မြေ ပန်ဆန်း (ပန်ခမ်း)မြို့၊ တရုတ်နိုင်ငံ ခွင်မင်း(ကူးမင်း)မြို့၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ စသဖြင့် အ ဆိုပြုရာအစိုးရ ဘက်က နေပြည်တော်၊ ရန်ကုန်၊ မြစ် ကြီးနား၊ လားရှိုး စသည့် မြို့များ၌ တွေ့ဆုံနိုင်ကြောင်း ပြန်လည် အဆိုပြုသ ဖြင့် ညှိနှိုင်းမှုမှာ ယနေ့ အချိန်အထိ အဆင်မပြေသေးပါ။

နောက်ဆုံးတွင် တရုတ်သံရုံး၏ အကူအညီဖြင့်ပါ ၂ ဖက် တွေ့ ဆုံနိုင်ရေး ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်ပြီး AA မှ လွဲ၍ KIO အပါအဝင် အခြားအဖွဲ့ များမှာ မည်သည့်နေရာဖြစ်စေ အဆင်ပြေသည်ဟု ပြောဆို ကြောင်း အစိုးရ ဘက်မှ သိရသည်။

ယခုလို လုံခြုံရေး အကြောင်းပြချက်ကြောင့် နေရာညှိမရ ဖြစ်နေသည် ဆိုသည်မှာ AA တဖွဲ့ တည်၏သဘောထား မဟုတ်ဘဲ မြောက်ပိုင်း မဟာမိတ် အဖွဲ့ အားလုံး၏ သဘောထားဖြစ်ကြောင်း၊ ၎င်းတို့က “ဝ” ထိန်းချုပ်ရာ ဒေသ ပန်ခမ်းနှင့် တရုတ်ပြည် ထဲတွင် ပြုလုပ်လိုကြောင်း AA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောသည်။

ဦးခိုင်သုခက “နေပြည်တော်လို နေရာကို လာဖို့က ကျနော်တို့တင် မဟုတ်ဘူး။ တခြားသူတွေလည်း စိတ်ပူ တာပါပဲ။ ရှိတာပဲ။ ၂ ဖက် တွေ့ ဆုံ ကြတဲ့အခါမှာ ၂ ဖက်လုံးက လက်ခံနိုင်တဲ့ နေရာမျိုးဆိုရင် ပိုကောင်း တာပေါ့” ဟု ပြော သည်။

၎င်းက ဆက်၍ “အခု အနေအထားမှာတော့ လုပ်မယ့် နေရာကိုတောင် ညှိလို့ မရဘူး ဖြစ်နေတယ်။ အဲဒီတ ချက်ကလည်း ပြော မယ်ဆိုရင် စစ်တပ်ဘက်ကလည်း ထိုးစစ်တွေ ပြင်းထန်နေတယ်။ တခြားတဖက်မှာလည်း ကျနော်တို့ကို အမြစ်ပြတ် ချေမှုန်းမယ် ဆိုတဲ့ ရပ်တည်ချက်ကို စွဲကိုင်ထားတာ ဆို တော့ အဲဒီလို ကိစ္စတွေကြောင့် ကျနော်တို့ဘက်ကလည်း စိုးရိမ်ချက်တွေလည်း ရှိတာပေါ့” ဟု ရှင်းပြသည်။

တပ်မတော်၏ ဧပြီလကုန်က သက်တမ်းတိုးပေးခဲ့သည့် ဒုတိယ အကြိမ်မြောက် အပစ်ရပ်ကာလ သတ်မှတ် ချက်တွင်လည်း ရခိုင် ပြည်နယ် မပါဝင်ခဲ့ကြောင်း၊ စစ်မှန်သည့် ငြိမ်းချမ်းရေးကို စေတနာသန့်သန့် သဘော ရိုးနှင့် သွားမည် ဆိုပါက ပစ်ခတ်တိုက်ခိုက်မှု များကို အရင် ရပ်ပေးရန် လိုကြောင်း၊ ပြီးမှ နိုင်ငံရေး ပြဿနာ များကို ဆက်လက် ဆွေးနွေး အဖြေရှာသင့်ကြောင်း AA ဘက်က ပြောသည်။

ဦးခိုင်သုခ က “ကျနော်တို့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ တွေရဲ့ သဘောထား ရပ်တည်ချက်တွေကို ပေးထား ပြီ။ လာမယ့် အစည်းအဝေးမှာ ကျရင် တော့ ၂ ဖက် ခေါင်းဆောင်တွေ အပြန်အလှန် ဆွေးနွေးကြမှာပေါ့။ သဘောတူညီချက် ရရင်တော့ တော်တော်ပြေလည်သွားမယ့် သဘောပါ”ဟု ဆိုသည်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ ကိုယ်စား လှယ်များ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်တွင် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တွေ့ဆုံ၍ Bilateral ရေးထိုးနိုင်ရေး ကိစ္စ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် ၂၀၁၉ မေလထဲ၌ ပြန်လည် တွေ့ဆုံ ဆွေးနွေးရန် သဘောတူညီခဲ့ကြကာ မြောက်ပိုင်း မဟာမိတ် အဖွဲ့က ၎င်းတို့ လိုလားသော Bilateral စာချုပ် မူကြမ်းကို အစိုးရ ကိုယ်စားလှယ် များထံ ပေးခဲ့ပြီး ထပ်မံ ဆွေးနွေးရန် စီစဉ်ထား ကြခြင်း ဖြစ်သည်။

You may also like these stories:

ရခိုင်ပြည်နယ်၊ ကျောက်တန်း ဖြစ်စဉ်တွင် AA ဟု ဝန်ခံသူများကို အရေးယူမည်

ဖမ်းဆီးထားသည့် ၁၃၁ ဦးကို AA နှင့် ပတ်သက်မှု ရှိမရှိ စစ်ဆေးနေဟု တပ်မတော်ပြော

မြောက်ဦး ဝေသာလီရွာအနီး တိုက်ပွဲ အတွင်း ရွာသား ၂ ဦး ဖမ်းဆီးခံရ
Did you find apk for android? You can find new Free Android Games and apps.

Topics: AA, ငြိမ်းချမ်းရေး, တပ်မတော်  
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */