Saturday, May 25, 2019

ဘူးသီးတောင် ပြင်ချောင်းရွာအနီးတိုက်ပွဲ တပ်မတော် ဘက်က အကျအဆုံးရှိတယ်လို့ AA ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-25
ရက္ခိုင့်တပ်မတော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန 

     

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ပြင်ချောင်းရွာအနီးမှာ မေလ ၂၃ ရက်နေ့က တပ်မတော် စစ်ကြောင်း ကို AA အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် တပ်မတော်ဘက်က အကျအဆုံးရှိခဲ့တယ်လို့ AA အဖွဲ့က ပြောပါတယ်။ တပ်မတော်ဘက်ကတော့ မေလ ၂၃ ရက်နေ့က တိုက်ပွဲမဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။
မခက်မာ ဆက်ပြီး ပြောပြပါလိမ့်မယ်။
 
■ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြင်ချောင်းရွာအနီးမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ မေလ ၂၃ ရက် နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က အင်အား ၂၀ ကျော် ကျဆုံးခဲ့တယ်လို့ AA အဖွဲ့က ပြောပါ တယ်။

တပ်မ ၁၁ က အင်အား ၂၅၀ လောက်ရှိတဲ့စစ်ကြောင်းကို AA ရခိုင့်တပ်တော်ကွန်မန်ဒိုတွေက လျှပ်တပျက် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ AA ပြောခွင့်ရသူ ခိုင်သုခ က ပြောပါတယ်။

"မေလ ၂၃ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်မှာ ဘူးသီးတောင်မြို့နယ်၊ စိုင်းတိုင်ချောင်း ဘေးမှာရှိတဲ့ ပြင် ချောင်းရွာအနီးမှာ ဗမာစစ်တပ်ရဲ့ အင်အား ၂၅၀ လောက်ရှိတဲ့ တပ်မ ၁၁ စစ်ကြောင်းကို ရခိုင့်တပ်တော် ကွန်မန်ဒိုတွေက လျှပ်တပျက်ဝင်ရောက်တိုက်ခိုက်ခဲ့တာ။ အဲဒီမှာ ရန်သူဘက်က အဲဒီတပ်မ ၁၁ ကပေါ့နော်၊ ဗိုလ်ကြီး ဗညားထွန်း ဆိုတာ အပါအဝင် ၂၀ ဦးထက်မနည်း ကျဆုံးတာရှိတယ်ဗျ။ ကျနော်တို့ဘက်က ကျဆုံးတာ မရှိဘူး"

ခိုင်သုခရဲ့ အခုလို ပြောကြားချက်နဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာမှာ အခုလို တုံ့ပြန်ပြောကြားပါတယ်။

"တိုက်ပွဲဖြစ်တာက ဘူးသီးတောင်ဘက်မှာတော့ မရှိဘူး၊ ဒီဘက်မှာပဲ နည်းနည်းပါးပါးရှိတယ်ခင်ဗျ။ မနေ့ ကတုန်းက ကျနော်တို့ဘက်က တိုက်ပွဲကျတာလည်း မရှိဘူး၊ ဖြစ်တာလည်း မရှိဘူး။ ကြားဖြတ်တိုက် တယ် ဆို တာလည်း မဟုတ်ဘူး။ ဒါကတော့ ဝါဒဖြန့်တယ်လို့ပဲ ကျနော်ထင်တယ်။ ကျနော်တို့ဆီမှာ ဗညားဖြိုး ဆိုတဲ့နာမည်ကို မရှိတာ"

အဲဒီ ပြင်ချောင်းရွာပတ်ဝန်းကျင်မှာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်၊ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာလည်း တိုက် ပွဲတွေဖြစ်ပွားခဲ့ပြီး ၁၀ ရက်နေ့တိုက်ပွဲအတွင်း တပ်မတော်ဘက်က အနည်းဆုံး အင်အား ၂၀ နဲ့ ၁၈ နေ့တိုက် ပွဲအတွင်း ၁၀ ဦးနဲ့ ၁၉ ရက်နေ့တိုက်ပွဲမှာ ၁၅ ဦးလောက် ကျဆုံးခဲ့သေးတယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခ က ပြောပါတယ်။ ပြင်ချောင်းရွာက ရွာသားတွေဟာ မေလပထမပတ်ကတည်းက ရွာလုံးကျွတ်ထွက်ပြေး သွားကြပြီလို့လည်း AA ဘက်က ပြောပါတယ်။

"ရွာသားတွေ မရှိတော့တဲ့အခါ ဗမာစစ်တပ်ကဝင်လာပြီးတော့ အဲဒီရွာကိုမွှေနှောက်ပြီးတော့ သူတို့လိုရာယူ တာတွေရှိတယ်။ ရွာသားတွေ ထွက်ပြေးသွားတဲ့အခါ ကျန်ခဲ့တဲ့ သစ်တွေ၊ တန်ဖိုးရှိပစ္စည်းတွေကို ဗမာစစ် တပ် က ယူပြီးတော့ ဘင်္ဂ ါလီရွာတွေမှာသွားပြီးတော့မှ ရွာသားတွေကို သွားရောင်းခိုင်းတာတွေရှိတယ်။ သူတို့လုပ်ချင်တာ လုပ်နေတာ။ အဲဒါကြောင့်လည်းပဲ မနေ့ကနေပြီးတော့ အဲဒီရွာမှ အခြေစိုက်ထားတဲ့ ဗမာ စစ်ကြောင်းနှစ်ခုကို ကျနော်တို့ဘက်က ကွန်မန်ဒိုအဖွဲ့က ဝင်ရောက်တိုက်ခိုက်တာ"

အဲဒီပြောဆိုချက်ကိုလည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ငြင်းဆိုပါတယ်။

"ဝေသာလီနားမှာပဲဖြစ်တယ်။ ပြီးခဲ့တဲ့ ၂ ရက်လောက်က။ အဲဒီဝေသာလီနားမှာ ထိတွေ့မှုဖြစ်တာလည်း ကျနော်တို့ မသင်္ကာလို့ဆိုပြီးတော့ ဖမ်းဆီးထားတဲ့သူ ၂ ယောက်ပဲရှိတယ်။ ဒါတွေကတော့ ရဲကိုလွှဲပေး လိုက်ပြီ။ စစ်ကြောမေးမြန်းနေတယ်။ ကျန်တာက ဘာမှမရှိဘူး။ ဒါပေမဲ့ တစ်ခုရှိတယ်။ သူတို့အပြစ်ကို သူတို့ ဖုံးချင်လို့ပဲ လုပ်သလားမသိဘူး။ ဟိုတလောက ဘူးသီးတောင်ဘက်အခြမ်းမှာတော့ အရပ်သားတွေ ကိုခေါ် ပြီးတော့ သတ်တာဖြတ်တာရှိတယ်၊ ပစ်တာခတ်တာရှိတယ်။ ဒါ AA ကနေပစ်တာ။ ဒီနေ့ဆိုရင် ပြိုင်းချောင်း မှာ မသင်္ကာလို့ဆိုပြီး AA ကနေပစ်တာ အိမ် သုံးလေးလုံးလောက် မီးလောင်သွားတယ်။ ဒါ ကျနော် တခြား သတင်းအရ သိတာ"

မေလ ၂၄ ရက်နေ့မှာလည်း တိုက်ပွဲတွေရှိခဲ့တယ်လို့ နှစ်ဘက်စလုံးက အတည်ပြုပြောပါတယ်။ ခိုင်သုခ ကတော့ တိုက်ပွဲအခြေအနေ အတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ၂၄ ရက်နေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ကျောက်တော်မြို့နယ် ကန်စောက်ရွာဝန်းကျင်မှာ လမ်းလုံခြုံ ရေး ယူနေတဲ့တပ်ဖွ့ဲကို ဆွဲမိုင်းနဲ့တိုက်ခိုက်တာဖြစ်ပြီး တပ်မတော်ဘက်က အထိအခိုက် အကျအဆုံးမရှိ ဘူးလို့ ပြောပါတယ်။

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */