Thursday, April 4, 2019

အဖွဲ့အစည်းအသီးသီးကြားထဲ၌ တွေ့ဆုံဆွေးနွေး မှုများ ဖြစ်လာစေရန် EU မှ ကူညီနေဟု ဆို

မဇ္ဈိမ သတင်းဌာန 
By ဇေယျာမော်
04 April 2019
သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ် Kristain Schmidt။ ဓာတ်ပုံ - ဇေယျာမော်
 
 ရန်ကုန် ၊ ဧပြီ ၄ ။        ။ မတူညီသည့် အဖွဲ့အစည်း အသီးသီးကြားထဲ၌ တွေ့ဆုံဆွေးနွေးသည့် စကားဝိုင်း များ ဖြစ်လာစေရန် ဥရောပ သမဂ္ဂ က မြန်မာနိုင်ငံအပေါ် အကူအညီပေးနေခြင်းဖြစ်ပြီး ငွေကြေးကိစ္စသည် အဓိက မကျကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် Kristain Schmidt က ပြောဆိုလိုက် သည်။
 “ငွေရေးကြေးရေးအပြင် အဖွဲ့အစည်းအသီးသီးတွေ ကြားထဲမှာ ပြောလာနိုင်အောင် ဆိုလာနိုင်အောင် ပေါင်းစပ် ညှိနှိုင်းပေးတဲ့ ဒိုင်ယာလော့တွေ လုပ်ပေးဖို့ဆိုတဲ့အလုပ်တွေဟာလည်း ကျွန်တော်တို့ရဲ့ အဓိက အကူအညီတွေပဲ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

 ဧပြီလ ၄ ရက်နေ့က ရန်ကုန်မြို့အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်သည့် ဥရောပသမဂ္ဂနှင့် အရပ်ဘက် အဖွဲ့ အစည်းများအကြား ပူးပေါင်းဆောင်ရွက်သည့် ကိစ္စကို ရှင်းလင်းပြောဆိုသည့် ပွဲ၌  မဇ္ဈိမ၏ မေးမြန်း မှုကို ၎င်းက အထက်ပါအတိုင်းပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံအား ဥရောပသမဂ္ဂက အကူအညီပေးနေသည့် ကိစ္စရပ်ကို ဥပမာပေး ပြောဆိုသွားခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အစိုးရအကြား တွေ့ဆုံဆွေးနွေး ပွဲများ ဖြစ်ပေါ်လာစေရန် ကူညီပေးနိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

 “ဥရောပသမဂ္ဂ ယုံကြည်တာက ဒီလုပ်ငန်းစဉ်တွေထဲမှာ အဖွဲ့အစည်းအသီးသီးက အသံစုံတွေပါလာဖို့က အရေး ကြီးပါတယ်။ ဒီလိုမျိုး ဖြစ်လာအောင် ကူညီပေးနေတာ ရှိပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ် Kristain Schmidt က ပြောဆိုခဲ့သည်။

 ဥရောပသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ၊ အမျိုးသမီး ကဏ္ဍများ ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ အပေါ်အဓိက အကူအညီပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။
 
Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */