Thursday, April 4, 2019

ဘယ်လိုနိုင်ငံတကာစုံစမ်းမှုမျိုးမှ လက်ခံမှာမဟုတ် - ဦးဟောက်ဒိုစွမ်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်

B  B  C 
ဘီဘီစီ မြန်မာပိုင်း
ဧပြီလ ၄ ရက် ၂၀၁၉
မြန်မာအရေး စုံစမ်းမယ့် ကုလသမဂ္ဂ ယန္တရားအဖွဲ့ ဖွဲ့စည်းထားရှိတာကိုရော၊ အဲဒီ အဖွဲ့ကို ဦးဆောင်ဖို့ ဆို ပြီး အမေရိကန် ဝါရင့် ရှေ့နေ နီကိုးလပ်စ် ကုမ်ဂျီအန် (Nicholas Koumjian) ကို ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်က အခုရက်ပိုင်းမှာပဲ ခန့်အပ်လိုက်တဲ့ အဖြစ်ကိုရော မြန်မာအစိုးရက အသိအမှတ် မပြုဘူးလို့ နယူး ယောက်မှာ ရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ် ဦးဟောက်ဒိုစွမ်းက ပြောပါတယ်။
မြန်မာ့အရေးကို နိုင်ငံတကာ စုံစမ်းမှု ပြုလုပ်ခွင့် မပေးဘူးဆိုတဲ့ ရပ်တည်ချက်မျိုး ဘာလို့ စွဲကိုင်ထားရတာလဲ ဆိုတာ သိရဖို့ ဦးဟောက်ဒိုစွမ်းကို ဘီဘီစီက ဆက်သွယ် မေးမြန်းထားပါတယ်။

ဘီဘီစီ။ နီကိုးလပ်စ် ကုမ်ဂျီအန် ဦးဆောင်မယ့် ကုလသမဂ္ဂ စုံစမ်းရေး ယန္တရားကို မြန်မာ အစိုးရက လက်ခံ ပြီး ပူးပေါင်းဆောင်ရွက်မှာလား။

ဦးဟောက်ဒိုစွမ်း။ ကျွန်တော်တို့က လက်မခံဘူး။ ဒီယန္တရားကို ဖွဲ့ခဲ့တဲ့ လူ့ အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ် ချက်ကို ကျွန်တော်တို့က လက်မခံဘူးလေဗျာ။ ဒီဟာ မတိုင်ခင် ကတည်းက ဖွဲ့ထားတဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ FFM ကိုလည်း ကျွန်တော်တို့က လက်မခံဘူး၊ အသိအမှတ် မပြုဘူး။ အခု ယန္တရား ထပ် ဖွဲ့တယ်၊ အဲဒီ ယန္တရားကို ဦးဆောင်ဖို့လူ ခန့်တယ်ဆိုတာလည်း ဒီသဘောတရားပဲလေဗျာ။ ဒီ ယန္တရား mechanism ကို လက်မခံတဲ့ အတွက်ကြောင့် ဒီ mechanism နဲ့ ပတ်သက်ပြီး ဆောင်ရွက်လာတာ ကို လည်း လက်ခံစရာ အကြောင်း မရှိဘူး။

ဘီဘီစီ။ ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင်ပါ။ FFM ကို လက်မခံဘူး၊ ဝင်ခွင့်မပြုဘူး ဆိုတာ သိထား ပြီးပါပြီ။ အခု FFM နဲ့ မတူတဲ့ သပ်သပ် ယန္တရား ကိုပါ မြန်မာ အစိုးရက အသိအမှတ်မပြု၊ လက်မခံဘူးဆိုတဲ့ အဓိပ္ပာယ်လား။

ဦးဟောက်ဒိုစွမ်း။ ဒီ ယန္တရားရဲ့ ပုံစံက FFM နဲ့ ဘာမှ မထူးဘူး။ သူတို့ပြောတဲ့ ကျူးလွန်မှုဆိုတဲ့ ဟာတွေကို အချက်အလက်တွေ စုစောင်းပြီး သိမ်းထားမယ်ဗျာ၊ ပြီးလို့ရှိရင် သူတို့ရဲ့ ရည်ရွယ်ချက်က နိုင်ငံတကာ ခုံရုံးမှာ အရေးယူဖို့ ကိစ္စပေါ်လာရင် အဆင်သင့်ဖြစ်အောင်လို့ ဆိုပြီး လုပ်တာ။

ဘီဘီစီ။ နိုင်ငံတကာ စုံစမ်းမှုကို လက်မခံနိုင်ဘူး ဆိုတာ မြန်မာ အစိုးရ အနေနဲ့ ဘယ်အပေါ် အဓိက စိုးရိမ်မှု ရှိလို့ပါလဲ။

ဦးဟောက်ဒိုစွမ်း။ ကိုယ့်ကိစ္စ ကိုယ်ဖြေရှင်းရမှာပေါ့ဗျာ။ နိုင်ငံတကာက လုပ်မယ်ဆိုတာ ဘက်မလိုက်ပဲနဲ့ လုပ်ပေးနိုင်မယ်လို့ ဘယ်သူ အာမခံမလဲ။ သမာသမတ်ကျမှု ဘယ်လောက် သလဲ၊ ကုလသမဂ္ဂရဲ့ စံနှုန်းတွေ အပေါ် လိုက်နာပြီး ဘယ်လောက် လုပ်မလဲ … ဒါတွေ ကျွန်တော်တို့ မေးခွန်းထုတ်စရာတွေ အများကြီးရှိ တယ်။ ဒီနေ့ ကမ္ဘာမှာ ဖြစ်ပျက်နေတာတွေ ကြည့်ပေါ့ဗျာ။ အားနည်းတဲ့သူတွေ အပေါ်မှာပဲ ဖိနှိပ်မှုတွေက များနေတာပဲ။ ဒီ ယန္တရားအကြီးအကဲကို အတွင်းရေးမှူးချုပ်က ခန့်တယ်လို့ ဆိုပေမယ့်၊ ဒီ ယန္တရား ထူထောင် ဖို့ဆိုတာ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ထားတာ။ ဒီ အကြီးအကဲ ရာထူးဆိုတာ လက်ထောက် အ တွင်းရးမှူးချုပ် အဆင့်ရှိတဲ့ ရာထူးနေရာ။ ဘတ်ဂျက်ကို ဒေါ်လာ သန်း ၆ဝ ကျော်လောက် ဖြုန်းပြီးမှ သူတို့ ဖွဲ့စည်းတာ။ ခန့်ဖို့ဆိုတာ အတွင်းရေးမှူးချုပ်ကို တာဝန်ပေးလို့ အတွင်းရေးမှူးချုပ်က ရွေးပြီး ခန့်လိုက်တဲ့ သဘောပဲ။

ဘီဘီစီ။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဘာတွေ တကယ် ဖြစ်ပျက်ခဲ့လဲ၊ လူတွေ သိန်းချီပြီး တစ်ဘက်ကို ဘာ လို့ ထွက်ပြေးသွားရလဲ ဆိုတဲ့ အဖြစ်မှန်တွေ ပေါ်ပေါက်ဖို့ရာ မြန်မာအစိုးရဘက်ကရော စုံစမ်းနေမှုတွေ ရှိ လားဗျ။

ဦးဟောက်ဒိုစွမ်း။ အဲဒါတွေလဲ ဆရာတို့ ပြန်ကြည့်လိုက်ပါ … ခုဆိုရင် လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် Independent Commission of Enquiry ICOE ဆိုပြီး ဖွဲ့ထားတာ ရှိတယ်။ ကျွန်တော်တို့ သတင်းစာတွေ ကနေလည်း ကြေညာထားတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ချိုးဖောက်မှု ရှိတယ်ဆိုရင် အဲဒီ အဖွဲ့ကို တိုင်ကြားနိုင်တယ်။ အဲဒီ အဖွဲ့မှာ နိုင်ငံခြားက ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ကြီး နှစ်ယောက်လည်း ပါတယ်။ ကျွန်တော်တို့ mechanism နဲ့ ကျွန်တော်တို့ လုပ်နေတာပဲ။

ဘီဘီစီ။ ကုလသမဂ္ဂနဲ့ မြန်မာအစိုးရနဲ့ ကြားထဲမှာ စုံစမ်းရေး ယန္တရားမျိုး မဟုတ်ပဲ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အတွက် သီးသန့် ယန္တရား ဒါမှမဟုတ် အဖွဲ့မျိုးရော ပေါ်ပေါက်လာဖို့ ရှိပါလား။

ဦးဟောက်ဒိုစွမ်း။ သီးသန့် ယန္တရားရယ်လို့ မရှိပါဘူး။ နယူးယောက်ပိုင်းမှာ UN ရုံးချုပ်နဲ့ ဆက်သွယ်ဖို့ဆိုတာ ကျွန် တော်တို့ လက်ခံထားတဲ့ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ခရစ္စတီးနား ဘူဂနာ Christine Burgener ရှိတယ်လေ။ သူ မြန်မာနိုင်ငံကို ခဏခဏ လာနေတာပဲ။ လူ့အခွင့်အရေးသပ်သပ်ရယ်လို့ မဟုတ် ပဲ သူနဲ့ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်နေတယ်။ သူ့ကိုလည်း အတွင်းရေးမှူးချုပ်က ခန့်ထားတာပဲ။ ကျွန် တော်တို့ကတော့ အပြုသဘောဆောင်တဲ့ ပူးပေါင်း ဆောင်ရွက်မှုဆိုရင် ကျွန်တော်တို့က လမ်းကမ်း ကြိုဆို တယ်။
ဆက်စပ် အကြောင်းအရာများ

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */