Saturday, April 6, 2019

ရခိုင် စစ်ဘေးရှောင်အတွက် အလှူခံနေသည့်အဖွဲ့ကို ရဲတပ်ဖွဲ့ တားမြစ်

DVB
By ဒီဗွီဘီ
6 April 2019

ရခိုင်ပြည်နယ် စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အလှူခံနေတဲ့ မျိုးဆက်ရင်းသွီးပရဟိတ လူငယ်များ အသင်းကို ရဲတပ်ဖွဲ့တွေက လာရောက်တားမြစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မျိုးဆက်ရင်သွီးပရဟိတလူငယ်များအသင်းက ရခိုင်စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူငွေနဲ့ စားနပ် ရိက္ခာ ထောက်ပံမှုတွေပြုလုပ်ဖို့ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီကျော်လောက်က စစ်တွေမြို့ မြို့မ ဈေးအနီး လာရောက်အလှူခံခဲ့တာပါ။


မျိုးဆက်ရင်သွီးပရဟိတလူငယ်များအသင်းခေါင်းဆောင် ကိုဝေယံက “ဘာမှမပြောမဆိုဘဲနဲ့ ကျနော်တို့ကိုဘလိုင်း ကြီး လာတားတာ။ မင်းတို့မှာ ထောက်ခံစာတွေ ပါလားတဲ့ ကျနော်သွားယူပေးမယ်လို့ပြောတော့ မလိုဘူးတဲ့။ မင်းတို့ရဲစခန်းလာခဲ့လို့ ပြောတယ်။ ကျနော်တို့ ရပ်ကွက်အုပ်ချုပ်ရေမှူးတွေ၊ လူကြီးရဲ့ထောက် ခံမှုတွေ၊ ပြီးတော့ဆရာ တော် ဘုရားကြီးထောက်ခံမှုနဲ့ လာကောက်တယ်။ ဒီအထဲမှာ တက္ကသိုယ် ကျောင်း သားတွေ ရပ်ကွက်ရပ်ကွက် သားတွေအကုန်ပါတယ်ဗျ” လို့ပြောပါတယ်။

အခုလို အလှူခံဖို့အတွက် ပြည်နယ်အစိုးရဆီက ခွင့်ပြုချက်လိုတယ်လို့ အလှူခံအဖွဲ့ကို လာရောက်တား ဆီးမှုတွေ ပြုလုပ်ခဲ့တဲ့ မှတ် ၁ ရဲစခန်းမှာ ရဲအရာရှိတဦးက ပြောပါတယ်။

“ခွင့်ပြုချက်လိုတယ်ဗျ။ အစိုးရဆီမှာ၊ ခွင့်ပြုချက်စာမပြနိုင်ဘူး၊ ဒီလောက်ပဲဗျ” လို့ ပြောပါတယ်။

အခုလို စစ်ဘေးရှောင်တွေအတွက် အလှူခံတွေကို လာရောက်မြစ်တားဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ဖြစ် တယ်လို့ လာရောက်အလှူခံရာမှာ ပါဝင်တက္ကသိုယ် ဒုတိယနှစ်ကျောင်းသား ကိုမိုးဝေကပြောပါတယ်။

“အခုစစ်ဘေးဒုက္ခသည်တွေကို ထမင်းငတ် ဟင်းငတ်တွေ ဖြစ်နေကြတယ်။ ကျနော်တို့ မကြည့်နိုင်ဘူး။ ကျနော်တို့မှာ နှလုံးသားရှိတယ်။ လူလူချင်းစာနာတွေ၊ ဒီဒုက္ခသည်တွေ ကျနေ်ာတို့ မကူညီနိုင်ဘူးဆိုရင် ဘယ်သူတွေက လာပြီးကူညီမလဲ။ ဒီတားဆီးတာတော့ တော်တော်ကို ရှက်ဖို့ကောင်းတယ်။ ဒါလုံးဝမဖြစ်သင့်ဘူးလို့ပြောပါတယ်။”

မျိုးဆက်ရင်သွီးပရဟိတ လူငယ်များအသင်းက တက္ကသိုယ်ကျောင်းသားတွေ အပါအဝင် ရပ်ကွက် တက်ကြွ လှုပ်နေတဲ့လူငယ် ၄၀ လောက်ဟာ ဒီကနေ့ မနက်ပိုင်း ၇ နာရီအချိန်စပြီး စစ်တွေမြို့နယ် လှည်လည်အလှူ ခံနေကြတာ ဖြစ်ပါတယ်။

လက်တလောမှာတော့ ရဲတပ်ဖွဲ့တွေလာရောက် တားမြစ်မှုတွေကြောင့် မျိုးဆက်ရင်သွီးပရဟိတလူငယ်များအသင်းက ထပ်မံအလှူခံတာတွေရပ်ပြီး ပြန်လှည့်သွားပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် မြို့နယ် ၇ ခုလောက်မှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ ၂ သောင်းကျော်နေပြီ ဖြစ်ပါတယ်။

သတင်း၊ဓာတ်ပုံ-ဝဏ္ဏခွာညို


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */