Wednesday, March 27, 2019

တပ်ချုပ်နဲ့ ကုလအထူးကိုယ်စားလှယ် Burgener တွေ့ဆုံ

VOA
ဗွီအိုအေ (မြန်မာဌာန)
27 မတ်၊ 2019

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ Christine Schraner Burgener နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အင်္ဂါနေ့က နေပြည် တော်မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရခိုင်တိုက်ပွဲတွေကိစ္စ အပါအဝင် စစ်ဘေးစစ်ရှောင်တွေ အရေး ဆွေးနွေးခဲ့ကြပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တပ်မတော်ဘက်က ဆောင်ရွက်မှု၊ ရခိုင်ပြည်နယ်တွင်းမှာ ရခိုင်လက်နက်ကိုင်တပ် AA က နယ်ခြားစောင့် ရဲကင်းစခန်းတွေကို တိုက်ခိုက်မှုနဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု၊ ဘင်္ဂလား ဒေရှ့်ဘက်က အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ချက်တွေနဲ့ နိုင်ငံတကာက အခြေအနေ မှန်တွေကို သိရှိဖို့ လိုအပ်နေတာ တွေကိုလည်း ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

၂၀၁၇ နှစ်က ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေမှာ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေကိုလည်း စုံစမ်းစစ် ဆေး ရေး ခုံရုံးဖွဲ့ပြီး သက်သေတွေနဲ့ ဖြစ်ရပ်မှန်တွေကို ဖော်ထုတ်ဆောင်ရွက်နေတဲ့ အကြောင်း၊ နောက်ရခိုင်အခြေ အ နေတွေကိုလည်း တပ်မတော်က သတင်းစာ ရှင်းလင်းပွဲ ပုံမှန် ဆောင်ရွက်နေကြောင်းလည်း ဆွေးနွေးခဲ့ကြပါတယ်။

ကချင်ပြည်နယ်တွင်းက စစ်ဘေးရှောင် စခန်းတွေက တိမ်းရှောင်နေရသူတွေကို ထောက်ပံ့ရေးလည်း ဆွေးနွေးခဲ့ကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ Burgener ရဲ့ အခု ခရီး စဉ်က ၆ ကြိမ်မြောက် မြန်မာ ခရီးစဉ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကက သွားတဲ့ ၅ ကြိမ်မြောက်ခရီးစဉ်အပြီး မှာတော့ မစ္စ Burgener က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မြန်မာ့ အရေး ရှင်းလင်းခဲ့တာမှာတော့ မြန်မာ့ ငြိမ်းချမ်းရေးက စိုးရိမ်နေရဆဲ ဖြစ်ကြောင်း၊ မြန်မာ အစိုးရဘက်က နိုင်ငံ တကာ အသိုင်းအဝိုင်းနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုကြောင်း တိုက်တွန်းခဲ့ပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */