‘မြန်မာနိုင်ငံအကြောင်း ပိုမိုနားလည်သိရှိစေရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် အခွင့်အလမ်း များ’ခေါင်းစဉ်ဖြင့် ဆွေး နွေးပွဲတစ် ရပ်ကို ပြင်သစ်နိုင်ငံပါရီမြို့၌ကျင်း ပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနကယမန်နေ့တွင် သ တင်း ထုတ်ပြန်သည်။
အဆိုပါ Understanding Myanmar 2019: Challenges and Opportunities Forum ကို UEHRD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်၏ အကြံပေးပုဂ္ဂိုလ်ဦးတိုး အောင်က ဦးဆောင်ရှင်းလင်းခဲ့ ပြီးအသိပညာရှင်များဖြစ် သည့် ဒေါ်ယဉ်မျိုးစု၊ ဦးညီငြိမ်းအေး၊ ဦး အောင်ခန့်တို့က စိန်ခေါ်မှုများနှင့် စီးပွားရေးဆိုင်ရာအခွင့်အလမ်း များ ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန် ချက်၌ ဖော်ပြသည်။
ထို့အပြင် ယင်းဆွေးနွေးပွဲ တွင်ရခိုင်ပြည်နယ် သံတွဲမြို့၌ ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုပြပွဲဖွင့်ပွဲ အခမ်းအနား တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ပြောကြားသည့်အ ဖွင့်မိန့်ခွန်းပါ အဓိက အ ချက်များ ကို ၁၃ မိနစ်စာရုပ်သံဖိုင်ပြသခဲ့ သည်ဟုဆိုသည်။
ယင်းရခိုင်ပြည်နယ်ရင်းနှီး မြှုပ်နှံမှုပြပွဲဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင် ပြည်နယ်၌ ငြိမ်း ချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုအလားအလာများကြီး မားကျယ်ပြန့်စွာရှိနေသော်လည်း နိုင်ငံတကာ အ သိုင်းအဝိုင်းသည် ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့ သည့် ပြဿနာများကိုကျဉ်းမြောင်း သည့်အမြင်ဖြင့် အာရုံစိုက်နေ သည်မှာ ကာလကြာရှည်စွာရှိနေပြီ ဟုထည့်သွင်းပြောကြားခဲ့သည်။
ပါရီမြို့၌ Centre of Jouffroy d’Abbans ၌ကျင်းပ သည့်အထက်ပါဖိုရမ်တွင် ပြင်သစ် နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်ဇေယျက အဖွင့်အမှာစကားပြောကြားပြီးဖိုရမ်သို့ပြင်သစ် နိုင်ငံ အမျိုးသားလွှတ်တော်မှလွှတ် တော်အမတ်များ၊ ပါရီမြို့ အခြေ စိုက်သံရုံးများမှ သံရုံးအကြီးအကဲ များ၊ သံတမန်များ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ကိုယ်စားလှယ်များ၊ ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေးအေ ဂျင်စီမှ ကိုယ်စားလှယ်များ၊ ပြင်သစ် တက္ကသိုလ်မှ ပညာရှင်များ နှင့် ကျောင်းသားများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စာနယ်ဇင်း သမားများစုစု ပေါင်း ၅၀ကျော်တက် ရောက်ခဲ့သည်ဟုဆိုသည်။
Link : Hereထို့အပြင် ယင်းဆွေးနွေးပွဲ တွင်ရခိုင်ပြည်နယ် သံတွဲမြို့၌ ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုပြပွဲဖွင့်ပွဲ အခမ်းအနား တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ပြောကြားသည့်အ ဖွင့်မိန့်ခွန်းပါ အဓိက အ ချက်များ ကို ၁၃ မိနစ်စာရုပ်သံဖိုင်ပြသခဲ့ သည်ဟုဆိုသည်။
ယင်းရခိုင်ပြည်နယ်ရင်းနှီး မြှုပ်နှံမှုပြပွဲဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင် ပြည်နယ်၌ ငြိမ်း ချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုအလားအလာများကြီး မားကျယ်ပြန့်စွာရှိနေသော်လည်း နိုင်ငံတကာ အ သိုင်းအဝိုင်းသည် ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့ သည့် ပြဿနာများကိုကျဉ်းမြောင်း သည့်အမြင်ဖြင့် အာရုံစိုက်နေ သည်မှာ ကာလကြာရှည်စွာရှိနေပြီ ဟုထည့်သွင်းပြောကြားခဲ့သည်။
ပါရီမြို့၌ Centre of Jouffroy d’Abbans ၌ကျင်းပ သည့်အထက်ပါဖိုရမ်တွင် ပြင်သစ် နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်ဇေယျက အဖွင့်အမှာစကားပြောကြားပြီးဖိုရမ်သို့ပြင်သစ် နိုင်ငံ အမျိုးသားလွှတ်တော်မှလွှတ် တော်အမတ်များ၊ ပါရီမြို့ အခြေ စိုက်သံရုံးများမှ သံရုံးအကြီးအကဲ များ၊ သံတမန်များ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ကိုယ်စားလှယ်များ၊ ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေးအေ ဂျင်စီမှ ကိုယ်စားလှယ်များ၊ ပြင်သစ် တက္ကသိုလ်မှ ပညာရှင်များ နှင့် ကျောင်းသားများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စာနယ်ဇင်း သမားများစုစု ပေါင်း ၅၀ကျော်တက် ရောက်ခဲ့သည်ဟုဆိုသည်။
No comments:
Post a Comment