" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 16, 2019

ကုလားတန် စီမံကိန်း ကာကွယ်ရေး အိန္ဒိယ မြန်မာနဲ့ လက်တွဲမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
16 မတ်၊ 2019 
ကုလားတန်စီမံကိန်း (Credit-Wiki)
 
ကုလားတန်စီမံကိန်း ထိခိုက်မဲ့အရေးကို ကာကွယ်တားဆီးတဲ့ အနေနဲ့ အိန္ဒိယနဲ့ မြန်မာတပ်ဖွဲ့တွေ ညှိနှိုင်း လုပ် ဆောင်တဲ့ စစ်ဆင်ရေး တခုကို ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ကနေ မတ်လ၂ ရက်နေ့အထိ ပြုလုပ်ခဲ့တယ် လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ မနေ့က ဖေါ်ပြထားပါတယ်။

အဓိကကတော့ ရခိုင့်တပ်မတော် AAနဲ့ KIA ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ဝင်တွေကို နှိမ်နင်းဖို့ ဖြစ်ပါ တယ်။ ဒီစစ်ဆင် ရေးအတွင်း သူပုန်စခန်း ၁၀ ခုကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ သူပုန်စခန်းတွေကို ဖျက်ဆီးခဲ့တာဖြစ်ပြီး စစ်ဆင်ရေးမှာ အသုံးပြုဖို့ စစ်လက် နက် ကိရိယာတွေကို အိန္ဒိယက မြန်မာဘက်ကို ပေးခဲ့တယ်လို့ ဆိုပါတယ်။ AA အဖွဲ့ဝင်တွေဟာ အိန္ဒိယ မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ရဲ့ နယ်စပ်မျဉ်းနားကို ကပ်လာခဲ့ပြီး အိန္ဒိယတပ်ဖွဲ့တွေကတော့ စစ်ဆင်ရေး ကာလအတွင်း နယ်စပ်ကို မဖြတ်ခဲ့ကြဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံထဲက သူပုန်တွေ အိန္ဒိယ နိုင်ငံထဲ ဖြတ်ကျော်မလာအောင် အိန္ဒိယတပ်ဖွဲ့ဝင်တွေက နာဂလန်းနဲ့ မနီပူရ်း ပြည်နယ်တွေမှာလည်း လုံခြုံရေး စောင့်ကြပ်ခဲ့ကြပါတယ်။ ကုလားတန်စီမံကိန်းဟာ အိန္ဒိယနိုင်ငံ ကိုလ်ကာတားမြို့ ကနေ ၂ နိုင်ငံနယ်စပ်မီဇိုရမ်ပြည်နယ်ကိုဖြတ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့အထိ ဆက် စပ်လုပ်ဆောင်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ ဒေါ်လာ ၃၈၄ သန်း ကုန်ကျမှာဖြစ်ပြီး အိန္ဒိယဘက်က ငွေကြေး စိုက်ထုတ်ထားပါတယ်။ လာမယ့်နှစ် ၂၀၂၀ မှာ ဒီစီမံကိန်း စတင် လည်ပတ်မယ်လို့ မျှော်လင့်ရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */