Saturday, March 16, 2019

ဝံသာနုစိတ်ဓာတ် ကဗျာသင်ကြားခြင်းမပြုရန်ပယ် ဖျက်ခြင်းအပေါ် မဘသအဖွဲ့ ကန့်ကွက်စာထုတ်ပြန်

7 DAY DAILY 
By ထက်သာဦး 
Saturday, March 16, 2019

စတုတ္ထတန်း ကျောင်း သင်ရိုးညွှန်းတမ်းတွင် ပါဝင်သည့် ဝံသာနုစိတ်ဓာတ်ကဗျာကို ပညာ ရေးဝန်ကြီးဌာနက သင် ကြားခြင်း မပြုရန် ပယ်ဖျက်ခြင်းအပေါ် အမျိုးဘာသာနှင့် သာသနာကာ ကွယ်စောင့်ရှောက်ရေး (မဘသ) အဖွဲ့ (အထက်မြန်မာပြည်)က ကန့်ကွက်စာ ထုတ်ပြန်ခဲ့သည်။

မတ်လ ၁၄ ရက် ထုတ်ပြန်ချက်တွင် ဝံသာနုစိတ်ဓာတ်ကဗျာကို ပယ်ဖျက်ခြင်းသည် တိုင်းရင်းသားရင်သွေး ငယ်တို့၏ နှလုံးသား၌ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ပျောက်ကွယ်ပျက်စီးစေရန် ယုတ်မာအောက်ကျသော စိတ် ဓာတ် ဖြင့်ရည် ရွယ်ချက်ရှိရှိ လုပ်ဆောင် သည်ဟုမှတ်ယူကြောင်း  ပါဝင် သည်။

စတုတ္ထတန်း စာရိတ္တနှင့် ပြည်သူ့နီတိပြဋ္ဌာန်းစာအုပ် (သင် ရိုးဟောင်း) ၂၀၁၅-၁၆ စာမျက်နှာ ၁၂ တွင် ပါဝင် သည့် ဝံသာနု စိတ်ဓာတ်ကဗျာကို သင်ကြားခြင်း မပြုရန်နှင့် ပယ်ဖျက်ကြောင်းကို ပညာရေးဝန်ကြီးဌာနက မတ်လ ၇ ရက်၌ ညွှန်ကြားချက် ထုတ် ပြန်ခြင်းဖြစ်သည်။

‘‘ဒီကဗျာ ပယ်ဖျက်လိုက်တာ နဲ့ ပတ်သက်လို့ ပညာရေးဌာနကို ကန့်ကွက်တယ်’’ဟု မဘသအဖွဲ့ (အထက် မြန်မာပြည်)အဖွဲ့ဝင် ဆရာတော် ဦးဝီရတေဇောက မိန့်ကြားသည်။

ဝံသာနုစိတ်ဓာတ်ကဗျာကို ပယ်ဖျက်ခြင်းသည် တိုင်းပြည်နှင့် လူမျိုး မျက်နှာမထောက်ဘဲ ဘာ သာခြား၊ လူ မျိုးခြား တိုင်းတစ်ပါး သားတို့၏ အလိုကျ ဆောင်ရွက် ခြင်းဖြစ်သည်ဟု မှတ်ယူသည်။ တိုင်းပြည်နှင့် လူမျိုး မျက်နှာ မထောက်ဘဲ တိုင်းပြည်နှင့် လူမျိုး ပျောက်ကွယ်ပျက်စီးစေရန် ဘာ သာခြား၊ လူမျိုးခြားတိုင်းတစ်ပါး သားတို့ အလို ကျဆောင်ရွက်နေ သော ကိစ္စမှန်သမျှကို ကန့်ကွက် ကြောင်း ထုတ်ပြန်ချက်က ဆို သည်။

ဝံသာနုစိတ်ဓာတ်ကဗျာကို သင်ကြားခြင်းမပြုရန် ပယ်ဖျက် သည့် ကိစ္စနှင့် ပတ်သက်၍ မဘသအဖွဲ့ (ရန်ကုန်) က လည်း ကန့်ကွက်ကြောင်း မတ်လ ၁၂ ရက်က ထုတ်ပြန်ထားသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်း ရေးနှင့် ပဋိပက္ခဖြေရှင်းရေး ဖွဲ့ စည်းထားသည့် Peace Group Mandalay အဖွဲ့မှတရား လွှတ် တော်ရှေ့နေ ဦးထွန်းလွင်ဦးက ‘‘ကျွန်တော့်ဆန္ဒသဘောထားက တော့ ပယ်ဖျက်တာကို ထောက်ခံတယ်။သွေး နှောတယ်ဆိုတာ သွေးတွေအများကြီးနှောမှ လူမျိုး တစ်မျိုးဖြစ်တာလေ။ ဥပမာ- ဗမာလူမျိုးဆိုတဲ့ ကျွန်တော်တို့ တောင် လူမျိုးခုနစ်မျိုး၊ ရှစ်မျိုး သွေးနှောပြီး ဖြစ်လာတာ’’ဟု ၎င်း ၏ အမြင်ကို ပြောသည်။

‘သားသမီးဝတ် ငါးပါးမှာ တစ်ပါးဝင်အပါ၊ အမျိုးဂုဏ်သာ စောင့်ပါမှ အမျိုးချစ်မည်ပ၊ မြေ မျိုသည်က မ ထောင်းတာ လူမျိုး မပျောက်ပါ။ လူမျိုရင်သာ လူမျိုး ပျောက် အားလုံးဒုက္ခရောက်၊ အမျိုးပျောက်မှာ စိုး ကြောက်ပါ ကျွန်ဖြစ်နွံနစ်မှာ၊ သွေးနှောတာ ငါတို့မုန်း လူမျိုးအညွန့်တုံး’ ဟူသည့် ခွဲခြားဆက်ဆံမှုဆိုင်ရာ စာသားများကြောင့် ခေတ်ကာလနှင့် ကိုက်ညီခြင်းမရှိဟုဆိုကာ အရပ်ဘက်အဖွဲ့အစည်း ၁၆၀ ကျော်နှင့် တစ်ဦးချင်း ပုဂ္ဂိုလ် ၁၂ ဦးတို့ က နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ အိတ်ဖွင့်ပေးစာတစ်စောင်ကို ယခင်နှစ် ဒီ ဇင်ဘာတွင် ပေးပို့ပြီးနောက် ပညာရေးဝန်ကြီးဌာနက သင်ရိုးညွှန်းတမ်းမှ ပယ်ဖျက်ခဲ့သည်။

 ဝံသာနုစိတ်ဓာတ်ကဗျာ သည် မျိုးချစ်စိတ်ဓာတ်ကို မြှင့် တင်ပေးသည်ဟု မည်မျှပင် ရည်ရွယ်ချက်ကောင်းစေကာ မူ နုနယ် သည့် ကလေးငယ်များကို ခွဲခြား ဆက်ဆံတတ်သည့်၊ မတူကွဲပြား မှုကို မုန်းတီးစရာအဖြစ် ရှုမြင် တတ်သည့် အမုန်းစိတ်ဓာတ်ကို သွတ်သွင်းပေးနေသကဲ့သို့ ဖြစ် ကြောင်း အိတ်ဖွင့်ပေးစာတွင် ရေး သား ထားသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) အမည်ကို သုံးစွဲပြီး မည်သည့်အမှု ကိစ္စမျိုးကိုမျှ မလုပ် ဆောင်ရန်နှင့် မြန်မာပြည်အနှံ့ စိုက်ထူထား သာ မဘသအဖွဲ့ ဆိုင်းဘုတ်များကို ဇူလိုင် ၁၅ ရက် နောက်ဆုံးထား ဖြုတ်သိမ်းပေးရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန)က ၂၀၁၇ မေလ ၂၃ ရက် စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အဖွဲ့ဆိုင်းဘုတ် များ ဖြုတ်သည်ဖြစ်စေ၊ မဖြုတ် သည်ဖြစ်စေ အမျိုးဘာသာ၊ သာသနာစောင့် ရှောက်ရေးအဖွဲ့ (မဘသ)နှင့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းသည် တရားမဝင် အဖွဲ့အစည်းများဖြစ်ပြီး သက်ဝင် လှုပ်ရှားမှုမရှိတော့ဟု သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုက ဩဂုတ် ၃၁ ရက် တွင် မီဒီယာများအား ပြောကြား ထားသည်။


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */