Sunday, March 31, 2019

ဘူးသီးတောင်မှာ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-31
ကိုကျော်သူ
ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာသူတွေကို တွေ့ရစဉ်
-
  ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စံဂိုးထောင်ရွာထဲကို မတ်လ ၃၀ ရက်နေ့ မနေ့ကတည်းက လက်နက် ကြီးကျည်တွေ ကျရောက်တာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ANP ပါတီက ဘူးသီးတောင်မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က RFA ကို ပြောပါတယ်။

လက်နက်ကြီးကျည်တွေဟာ ရွာထဲကိုကျပြီး နေအိမ်တွေ ပျက်စီးတာတွေရှိသလို စံဂိုးထောင်ရွာသားတွေ လည်း နီးစပ်ရာ စေတီတောင်ကျေးရွာနဲ့ ဘူးသီးတောင်မြို့ပေါ်အထိ ထွက်ပြေးကြရတယ်လို့ ANP ပါတီက ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က ပြောပါတယ်။

"လက်နက်ကြီးပစ်နေတာက ဗမာတပ်မတော်ဖက်ကပစ်နေတာ၊ ဒီနေ့တော့ တိုက်ပွဲဖြစ်တာတော့ မကြား ဘူး၊ အိမ်တွေ ပျက်စီးတယ်၊ ကြောက်ပြီး ထွက်ပြေးကြတာ၊ တစ်ယောက်မှ မရှိတော့ဘူး လို့ပြောတယ်၊ နွားရုံတောင်ဘက်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့လည်းရှိတယ် သူ့ကို ဆက်သွယ်သတင်းမေးကြည့်တော့ ပစ် နေတာတော့ကြားတယ်၊ သူတို့လည်း သတင်းအတိအကျတော့ မသိသေးဘူးပြောတယ်"

စံဂိုးတောင်ရွာမှာ အိမ်ခြေ ၅၂ လုံးရှိပြီး လူဦးရေ ၅၀၀ နီးပါးလောက်ရှိတယ်လို့ သိရပါတယ်။

"တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး၊ ၅၅၁ က လက်နက်ကြီးနဲ့ လှမ်းထုနေတာ ရွာထဲကိုလက်နက်ကြီးတွေ ကျတယ်၊ ရွာလုံးကျွတ် စေတီတောင်ကို ရောက်နေကြပြီ၊ ကျန်တဲ့ နွားရုံတောင်တို့ ကံကောတောင်တို့ အဲဒီရွာနားမှာပဲ ပစ်ကြနေတာ"

အမည်မဖော်လိုတဲ့ စံဂိုးထောင် ရွာသားတစ်ဦး ပြောသွားတာပါ။

စံဂိုးထောင်ကျေးရွာအပါအဝင် စေတီတောင်ရွာဆီ ထွက်ပြေးလာကြသူ အရေအတွက်ဟာ ဒီနေ့အထိ နှစ် ထောင်ကျော်နေပြီလို့ သိရပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ ၃ လ ကျော်ရှိနေပြီဖြစ်ပါတယ်။
မနေ့ကနဲ့ ဒီကနေ့မှာ ဘူးသီးတောင်မြို့နယ် စံဂိုးထောင်ကျေးရွာအနီး ကျရောက်တဲ့ လက်နက်ကျည်တွေနဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ခိုင်သုခကို RFA ကို ဆက်သွယ်မေးမြန်းရာမှာ--

"တိုက်ပွဲဖြစ်တာ မရှိဘူးခင်ဗျ၊ ဗမာစစ်တပ်ရဲ့ စကခ ၁၅ လက်အောက်ခံ ခမရ ၅၅၁ အခြေစိုက် တပ်ရင်း ကနေ ၁၀၅ မမ တွေနဲ့ လှမ်းပြီးတော့ ပစ်နေတာ၊ စံဂိုးတောင် သျှိသျှားတောင် အဲဒီဘက်ရွာတွေမှာ ကျ ရောက်ပေါက်ကွဲတာ၊ မြေပြင်တပ်ဖွ့ဲတွေကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ပြီးတော့မှ ရွာ ထဲကိုဝင်လာတာ၊ ဘာမှတိုက်ပွဲဖြစ်တာ မဟုတ်ဘူး ရွာတွေကိုဝင်ပြီးတော့ သူတို့ပစ်နေတာ၊ ရွာသားတွေ ကတော့ မရှိတော့ဘူး အားလုံးထွက်ပြေးကုန်ကြပြီ"

ဒီလိုရွာလုံးကျွတ် ထွက်ပြေးရတာဟာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲကြောင့် မ ဟုတ် ဘဲ တပ်မတော်ဘက်က ရွာထဲကို ပစ်ခတ်တာလို့ ပြောကြပါတယ်။

ဒီလိုပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အခုလို ငြင်းဆိုပါတယ်။

"ဒီနေ့တော့ မရှိဘူးခင်ဗျ၊ ဘူးသီးတောင်ဘက်မှာ တိုက်ပွဲဖြစ်တာ ဒီနေ့တော့ မရှိဘူးခင်ဗျ၊ ကျွန်တော်တို့ ကတော့ မကြားမိဘူးခင်ဗျ၊ ဘူးသီးတောင်ဘက်မှာ ဒီနေ့ တိုက်ပွဲဖြစ်တယ်ဆိုတာ မကြားမိဘူးခင်ဗျ၊ မနေ့ကလည်း မရှိဘူးခင်ဗျ"

ပြီးခဲ့တဲ့ ဇန်နဝါရီလကနေမတ်လ ၂၈ ရက်နေ့အထိ တိုက်ပွဲပေါင်းတစ်ရာကျော်၊ မိုင်းပေါက်ကွဲမှု ၄၄ ကြိမ်ဖြစ် ပွား ခဲ့ပြီး တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ၁၇၀၀၀ ကျော်နဲ့ အရပ်သား သေဆုံးသူ ၁၂ ဦး ရှိနေပြီလို့ မတ် လ ၂၉ ရက်နေ့ကကျင်းပတဲ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */