Saturday, March 30, 2019

AA မှ မီးရှို့ခဲ့သည်ဆိုသော မြစ်ကူးတံတားပစ္စည်းများ အတွက် အာမခံကုမ္ပဏီထံ တောင်းခံ

မဇ္ဈိမ သတင်းဌာန
Byမဇ္ဈိမ
30 March 2019 
ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန

မတ် ၃၀ ။             ။ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့အနီးရှိ ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) ဆုံးရှုံးမှုအတွက် သက်ဆိုင်ရာအာမခံကုမ္ပဏီထံ တောင်းခံထားပြီး လျော်ကြေးရရှိပါက အမြန်ဆုံး ပြန်လည် တည်ဆောက်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မတ် ၃၀ ရက်က ကြေညာသည်။

အဆိုပါတံတားဆောက်ရန် MV ရတနာဝင်းသင်္ဘောမှ သယ်ယူလာသော သံပေါင် တန်ချိန် (၂၈၆.၂၃) တန် နှင့် ဆက်စပ်ပစ္စည်းများအား မတ် ၁၆ ရက်က AA မှ မီးရှို့ခဲ့သဖြင့် တံတား၏ Bearing များ၊ မူလီနှင့် Nut များ၊ သုတ်ခဆေးပုံးများ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၂၇၃၆၀)နှင့် ညီမျှသော မြန်မာကျပ်ငွေ (၄၉၁,၀၄၀,၀၀၀.၀၀) ခန့် ဆုံးရှုံးခဲ့သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်မှ ထုတ်ပြန်သည်။

စုစုပေါင်း သယ်ဆောင်လာသော ပစ္စည်းတန်ဖိုးမှာ သံပေါင် တန်ချိန် (၂၈၆.၂၃)တန်နှင့် ဆက်စပ်ပစ္စည်းများ အမေရိကန်ဒေါ်လာ (၇၁၅၀၀၀)နှင့် ညီမျှသော မြန်မာ ကျပ်ငွေ(၁,၀၇၂,၅၀၀,၀၀၀.၀၀) ဖြစ်သည်။

ထိုသို့ သယ်ယူမလာခင် မတ် ၉ ရက်နေ့က IKBZ အာမခံကုမ္ပဏီတွင် ကျပ်(၄,၁၈၂,၇၅၀.၀၀)အား (စစ်နှင့် စစ်အသွင်)အာမခံ အပါအဝင် အာမခံငွေ ပေးသွင်းခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ထုတ်ပြန် ချက် အရ သိရသည်။

လက်ရှိတွင် သံပေါင်များ ပြန်လည်သုံးစွဲ နိုင်ခြင်းရှိ/မရှိကို J&M Steel Solution Co.,Ltd ၏ ကြီးကြပ်မှုဖြင့် စစ်ဆေးဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ဆုံးရှုံးမှုများအား လျော်ကြေးရရှိရေးအတွက် သက်ဆိုင်ရာ အာမခံကုမ္ပဏီထံ စာဖြင့် တောင်းခံထား ပြီး လျော်ကြေး ရရှိပါက ဆုံးရှုံးသွားသော တံတားပစ္စည်းများ အမြန်ဆုံးပြန်လည်ထုတ်လုပ်ပြီး ပလက်ဝတံ တားအား အမြန်ဆုံးပြန်လည်တည်ဆောက်သွားမည်ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */