" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, February 23, 2019

မြန်မာ့အရေး ကုလတင်တဲ့သူတွေကို တရားစွဲမယ်လို့ ကြံ့ခိုင်ရေးကိုယ်စားလှယ်ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း ကို တွေ့ရစဉ်

မြန်မာ့အရေးကို ကုလသမဂ္ဂမှာ မဲခွဲခံရအောင် လုပ်ဆောင်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ နိုင်ငံတွေကို တရား စွဲမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း က ပြောပါတယ်။

တပ်မတော်(ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး အငြိမ်းစားလည်းဖြစ်သူ ဦးလှဌေးဝင်းက ဒီကနေ့ ပြည် ထောင်စု လွှတ်တော်မှာ ခေတ္တနားချိန်မှာ သတင်းထောက်တွေကို အဲဒီလိုပြောခဲ့တာဖြစ်ပါတယ်။

သူတို့ကို တရားပြန်စွဲနိုင်အောင်လည်း အချက်အလက်တွေရရှိထားကြောင်း၊ အဲဒီအချက်တွေပေါ်မူတည်ပြီး တ ရားဥပဒေအရဆောင်ရွက်သွားမှာဖြစ်ကြောင်း ဦးလှဌေးဝင်းက ပြောပါတယ်။

တဆက်တည်းမှာပဲ ဝါသနာတူ ဥပဒေပညာရှင်တွေ၊ နိုင်ငံရေးပညာရှင်တွေ၊သုတေသနပညာ ရှင်တွေပါဝင်တဲ့ တာဝန်သိ မြန်မာနိုင်ငံသားများအဖွဲ့ကို ဖွဲ့စည်းထားကြောင်းလည်းပြောပါတယ်။

မြန်မာ့တပ်မတော်ကို စွပ်စွဲထားတဲ့ ဒေသက ပြည်သူတွေကို မေးမြန်းထားတဲ့ မှတ်တမ်းတွေကိုလည်း ရယူထားတဲ့အပြင် လူသက်သေတွေ စုဆောင်းထားပြီး ဖြစ်တယ်လို့လည်းပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */