" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, February 8, 2019

ပလက်ဝ စစ်ရှောင်များကို ဘင်္ဂလားဒေ့ရှ်ဘက် ခိုလှုံရန် ပို့ဆောင်ပေးဟု AA ပြော

ဧရာဝတီ
By နန်းလွင်နှင်းပွင့်
8 February 2019
ပြီးခဲ့သည့် သီတင်းတပတ်အတွင်း ပလက်ဝမှ ထွက်ပြေးကြရသော စစ်ပြေးဒုက္ခသည် တစု / Ko Ko Marma / Facebook

ချင်းပြည်နယ် ပလက်ဝ မြို့နယ်မှ စစ်ဘေးရှောင် ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်ဘက် ခိုလှုံနိုင်စေရန် ရက္ခိုင့် တပ်မတော် (AA) က ကူညီ ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်သည်ဟု AA ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧရာဝတီကို ပြောသည်။

ဦးခိုင်သုခက“ကျနော်တို့က ဘင်္ဂလားဒေ့ရှ် နယ်စပ်နား ရောက်အောင် လိုအပ်တဲ့ ဆန်တွေ အကူအညီပေး တယ်။ ဆောင်း ရာသီဆိုတော့ တအား ချမ်းတယ်။ စောင်တွေ ကူညီပေးလိုက် တယ်။ ပြီးတော့ နယ်စပ်ထိ အရောက်ကူညီပြီး လိုက်ပို့ပေး လိုက်တာ”ဟု ပြောသည်။
.
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် လူသားချင်း စာနာမှု အရ အကောင်းဆုံး ကူညီ စောင့်ရှောက်မှုများ ပေးနိုင် လိမ့် မည်ဟု AA က နားလည်ထားပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ရောက်သွားသည့် ဒုက္ခသည်များ ကို လည်း ဘင်္ဂလားဒေ့ရှ် အစိုးရ နှင့် လူမှု အဖွဲ့အစည်းများက ကူညီနေသည်ဟု ကြားသိထားကြောင်း ဦးခိုင်သုခ က ဆိုသည်။
.
စစ်ဘေးရှောင် ဒုက္ခသည်များမှာ ပလက်ဝမြို့နှင့် ကျောက်တော်မြို့ပေါ်သို့ ပြေးရန် လမ်းတွင် တပ်မတော် စစ် ကြောင်းများ က ပိတ်ဆို့ထားသဖြင့် တောထဲတွင် ပြေးနေကြောင်း၊ ပြည်သူလူထု၏ အသက် အန္တရာယ်ကို ကာကွယ် စောင့်ရှောက်ရ မည် ဟူသည့် လက်နက်ကိုင် တပ် ဆိုင်ရာ စည်းမျဉ်းပေါ်တွင် အခြေခံပြီး နယ်စပ် ဖြတ်ကျော် ခိုလှုံရန် AA က ကူညီရခြင်း ဖြစ်ကြောင်းလည်း၎င်းက ဆိုသည်။
.
ပလက်ဝ မြို့နယ်တွင် တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြား နေရပ်စွန့်ခွာ ပြေးလာသည့် ကင်းတ လင်း နှင့် ခမောင်းဝ ရွာမှ စစ်ဘေးရှောင် ဒုက္ခသည် ၁၂၄ ဦးသည် ဖေဖော်ဝါရီလ ၃ ရက်က AA တပ်ဖွဲ့များ ထံသို့ ခိုလှုံလာကြောင်း AA ဘက်က ဧရာဝတီကို ပြောဆိုထားသည်။
.
ထို ၁၂၄ ဦးကို AA က ဘင်္ဂလားဒ့ရှ် နယ်စပ်ဘက် ခိုလှုံရန် ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။
.
ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဘန်ဒါဘန် ခရိုင် လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးဝင်းသိန်း၏ ပြောဆိုချက် အရ လက်ရှိတွင် ဘင်္ဂ လား ဒေ့ရှ် ဘက်သို့ ရောက်နေ သည့် ဒုက္ခသည် ၂၅၀ ခန့် ရှိပြီဟု သိရသည်။
.
တချို့စစ်ဘေးရှောင် ဒုက္ခ သည်များမှာ ၎င်းတို့ ကိုယ်တိုင် လမ်းကြောင်းရှာပြီး ဘင်္ဂလားဒေ့ရှ်ဘက် ခိုလှုံ သွား ခြင်း ဖြစ်သည် ဟုလည်း AA ဘက်က ပြောသည်။
.
The Times of India သတင်းဌာန၏ သတင်း ဖော်ပြချက်၌ ဘင်္ဂ္လားဒေ့ရှ်ဘက်သို့ ဝင်ရောက်လာသည့် မြန်မာ ဒုက္ခ သည် များ ထပ်မံ ဝင်ရောက် ခိုလှုံလာခြင်း မရှိရန် နယ်စပ်များ ပိတ်လိုက်ပြီဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေး ဝန်ကြီး A K Abdul Momen က ပြောကြောင်း ရေးသားထားသည်။
.
A K Abdul Momen က“ကျနော်တို့ ဘယ်သူ့ကိုမှ လက်မခံတော့ပါဘူး။ နယ်စပ်ကို ပိတ်ထားလိုက်ပါပြီ” ဟုလည်း The Times of India ကို ဖြေဆိုထားသည်။
.
ထိုသတင်းထဲတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ် (BGB) ကလည်း မြန်မာနှင့် ထိစပ်နေသည့် နယ်စပ် ကို လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုးမြှင့်စေလွှတ်ထားပြီ ဖြစ် ကြောင်း ရေးသားထားသည်။
.
ဦးခိုင်သုခက“အရပ်သား ပြည်သူတွေဟာ သူတို့ရဲ့ အသက် လုံခြုံဖို့ ယာယီလာပြီး ခိုလှုံကြတာပါ။ ခိုလှုံလာတဲ့ သူတွေကို အကောင်းဆုံး ကူညီစောင့်ရှောက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကိုရော နိုင်ငံတကာကိုရော ကျနော် တို့ ပြောချင်ပါတယ်”ဟု ဆိုသည်။
.
အစိုးရပိုင် သတင်းစာများ၏ ယနေ့ သတင်း ဖော်ပြချက်များတွင်“အေအေ သောင်းကျန်းသူများက မူလတန်း ကျောင်း သား ကျောင်းသူများ အပါအဝင် တိုင်းရင်းသား ၂၀ဝ ခန့်အားဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ခေါ် ဆောင် သွား” ဟူသည့် ခေါင်းစဉ် ဖြင့် ရေးသားထားသည်။
.
ထို သတင်းများတွင် ကင်းတလင်းနှင့် ခမောင်းဝ ကျေးရွာတို့မှ မူလတန်း ကျောင်းသား ကျောင်းသူ ၃၈ ဦး၊ ရခိုင် တိုင်းရင်း သားများနှင့် အခြား တိုင်းရင်းသား စုစုပေါင်း ၂၀ဝ ခန့်ကို AA က ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ခေါ်သွားသည်မှာ ချစ်ခင် ရင်းနှီးမှု ရှိနေသည့် အိမ်နီးချင်း နှစ်နိုင်ငံကြား နားလည်မှုလွဲအောင် ဆောင်ရွက်ခြင်း ဖြစ်သည်ဟုလည်း ရေးသားထား သည်။
.
ဧရာဝတီမှ နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ် ရေးရာနှင့် ဥပဒေ ရေးရာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေ ကို မေးမြန်း ရာ ၎င်းက “ဒီနေ့ သတင်းစာထဲမှာ ပါတဲ့ အတိုင်းပါပဲ ခင်ဗျ။ ဒီဟာကတော့ AA အဖွဲ့ကနေ ခေါ် ဆောင် သွားတာပေါ့လေ။ ဘင်္ဂလားဒေ့ရှ် ဘက်ကလည်း ကျနော်တို့ကို ခေါ်ပြီး မြန်မာ သံအမတ်ကြီးကို ခေါ် ပြီး ပြော တယ်လို့တော့ ပုံမှန် သတင်း ကြောင်း အရ သိရပါတယ်”ဟု ပြောသည်။
.
အသေးစိတ်ကို တာဝန်ယူ လုပ်ဆောင်နေသည့် ညွှန်ကြားရေးမှူးများကို မေးရန် ဦးမျိုးသန့်ဖေက ဆိုသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်ကို မေးမြန်းရန် ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် ခဲ့သော်လည်း အစည်းအဝေးများ ကျင်းပနေသဖြင့် မေးမြန်းခွင့် မရပါ။
.
အစိုးရဘက်မှ ထုတ်ပြန်ချက် အပေါ် ဦးခိုင်သုခ က နှစ်နိုင်ငံကြား နားလည်မှု လွဲအောင် AA အနေနှင့် လုပ် ရန် အ ကြောင်း မရှိဟု တုံ့ပြန် ပြောဆိုသည်။
.
ပလက်ဝ မြို့နယ်တွင်း စစ်ရေး တင်းမာမှုများနှင့် ပစ်ခတ် တိုက်ခိုက်မှုများ ရှိနေဆဲ ဖြစ်သည်ဟုလည်း ဦးခိုင် သုခ က ဆို သည်။ဧရာဝတီက တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူများကို ဖုန်းဖြင့် ဆက်သွယ် သော်လည်း မရပါ။
.
တပ်မတော် နှင့် AA တို့ ကြား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ စတင်ခဲ့သည့် ချင်းပြည်နယ် ပလက်ဝမြို့ နယ်၊ ရခိုင် ပြည်နယ် ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း မြို့နယ် တိုက်ပွဲများတွင် အရပ်သား ၅၀ဝ၀ ကျော် နေရပ် စွန့်ခွာပြီး စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်နေကြသည်။
.
တိုက်ပွဲ ကာလ အတွင်း တပ်မတော်က ရခိုင် လူမျိုးများကို လူမျိုးရေး ဆန်ဆန် ဖိနှိပ်၍ ညှဉ်းပန်း နှိပ်စက်မှုများ၊ လွတ်လပ် စွာ သွားလာခွင့်ကို ပိတ်ပင်ခြင်းများ ပြုနေသည်ဟု AA ဘက်က ပြောပြီး တပ်မတော်၏ ပြောရေး ဆိုခွင့် ရှိသူများကလည်း တိုက်ပွဲများတွင် AA က အရပ်သား ယောင်ဆောင်၍ ရွာများအတွင်း ဝင်ထွက်သွား လာကာ စစ်ဆင်ရေး လုပ်သည်များ ရှိသည်ဟု အပြန်အလှန် ပြောဆိုထားကြသည်။
.
ဇန်နဝါရီလ၂၅ ရက်မှ စ၍ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မည်သည့် အိမ်မဆို မသင်္ကာပါက ဝင်ရောက် ရှာဖွေ ရန် ရခိုင်ပြည် နယ် အစိုးရက တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို ခွင့်ပြုလိုက်သဖြင့် အရပ်သားများကလည်း စိတ် မလုံမခြုံနှင့် နေနေရကြောင်း ပြောဆိုနေကြသည်။
.
ဇန်နဝါရီလ ၄ ရက်တွင် AA က ဘူးသီးတောင် မြို့နယ် နယ်ခြားစောင့် ရဲစခန်း ၄ ခုကို ဝင်တိုက်ရာ ရဲ ၉ဦးသေ ဆုံး၍ ၁၃ ဦး ဒဏ်ရာရကာ လက်နက် ၄၀ ကျော်၊ ကျည်ဆန် ၁၆၀ဝ၀ ကျော် ယူသွားသဖြင့် လေကြောင်းနှင့် စစ်အင်အားများ သုံးပြီး AA ကို ချေမှုန်းရန် နိုင်ငံတော် သမ္မတရုံးက တပ်မတော်နှင့် သဘောတူထား သည်။
.
တဖက်တွင်လည်း AA ကို အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီဇင်ဘာလ ၂၁ ရက် အပစ်ရပ်ဆိုင်း ကြေညာချက်ဖြင့် ပြောဆိုထားပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန( NRPC) က ဆွေးနွေးမှုများ ပြုလုပ်ရမည် ဖြစ်သည်။
.
သို့သော် NRPC ဘက်မှ အပစ်ရပ်ရေး ဆွေးနွေးရန် AA ကို တရားဝင် ညှိနှိုင်းခြင်း မရှိသေးပါ။တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်တွင် အပစ်ရပ်ဆိုင်းကြောင်း စစ်တိုင်း ၅ တိုင်း ကြေညာ ထားသော်လည်း AA နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် နယ်မြေ မပါဝင်ပေ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */