" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, January 27, 2019

ဗမာစစ်တပ်မှ ရခိုင်ပြည် စစ်ဆင်ရေးတွင် သူခိုး၊ ဓါးမြထက်ဆိုးနေပြီဖြစ်ကြောင်း NLD ဗဟိုကော် မတီဝင်တစ်ဦးမှ ပြောကြား

မြန်မာလူထုသတင်းဌာန
၂၀၁၉ ဇန်နဝါရီ ၂၇၊



ဗမာစစ်တပ်မှ ရခိုင်ပြည်သို့ စစ်ဆင်ရေးထွက်ရာ တွင် ဗမာစစ်တပ်မှ အရာရှိ၊ စစ်သည်များမှာ ခိုး၊ ဓါးမြထက်ဆိုးနေပြီဖြစ်၍ ဗမာတစ်ဦးအနေဖြင့် အရှက်ရမိကြောင်း NLD ဗဟိုကော်မတီဝင်တစ်ဦးမှ ယနေ့ မြန်မာလူထုသတင်းဌာနကို ပြောကြား လိုက်သည်။

ရသေ့တောင်မြို့နယ်၊ သမီးလှရွာကို ဗမာစစ်တပ်မှ ဓါးမြတိုက်ပြီး ၂၀၁၉ ဇန်နဝါရီ ၂၆ရက်နေ့ကလူတွေကို ညှင်းပန်းနှိပ်စက်သွားကာ ရွှေငွေများကို ခိုးယူ ဓါးမြတိုက်ပြီးနောက် NLD ဗဟိုကော်မတီဝင်တစ်ဦးမှ ယနေ့ မြန်မာလူထုသတင်းဌာနကို ပြောကြားလိုက်တာဖြစ်သည်။

ကျောင်းဒကာ ဦးအောင်စိုးစံမှ ဘုန်းကြီးကျောင်းဆောက်လုပ်ရန် ရံပုံငွေများ(၁၅၀)သိန်းဦးမောင်သိန်းဖြူ၏ အိမ်မှ ငွေ (၂၇)သိန်းဦးမောင်လုံး၊ဒေါ်ပွားနုသာနေအိမ်မှာ ရွှေ "ငွေ အိမ်အတွင်းပစ္စည်းများအားလုံး၊ဦးညီချေဝင်း၊ ဒေါ်ယိုင်ဆန်းနုအိမ်ဆိုင်မှ ငွေကြေးလက်ဝတ်ရတရာများ ပစ္စည်းများကို ဓါးမြတိုက်သွားသည်။

ဦးမောင်လှဖြူ၏ သား၂ယောက်ဖြစ်သူမောင်ဝင်းလှိုင် နှင့် ညီပုချေတို့ိုနှစ်ယောက်ကိုလည်းAAဟု မဟုတ် မ မှန် စွပ်စွဲကာ ညှင်းပန်းနှိပ်စက်ခေါ်ဆောင်သွားသည်။

လင့်၊

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */