RFA
လွတ်လပ်တဲ့အာရှအသံ
ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party) AFP ပါတီကို နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုလိုက်ပါတယ်။ AFP ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတာကို ရွေး ကောက်ပွဲကော်မရှင်က ဒီကနေ့ နေ့လယ်လောက်မှာ အကြောင်းကြားတယ်လို့ ပါတီရဲ့ ဒု ခေါင်းဆောင် ဖြစ်တဲ့ ဦးစိုးဝင်းက ပြောပါတယ်။
အဲဒီရခိုင့်ဦးဆောင်ပါတီကို အရင်က ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာ အေးမောင်က တည် aထာင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဒေါက်တာ အေးမောင်ဟာ နိုင်ငံတော် အကြည်ညို ပျက်စေ မှု၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရပါတယ်။
အရင်က "အဖရခိုင်ပါတီ" အမည်နဲ့ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ရာမှာ ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၃၁ ရက်နေ့က ငြင်းပယ်ခဲ့ပြီးနောက် "ရခိုင့်ဦးဆောင်ပါတီ" အမည်နဲ့ တည်ထောင်ဖို့ ထပ်မံ aလျှာက်ထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပါတီရဲ့ လူဦးရေ စာရင်းနဲ့ ပါတီကဆောင်ရွက်မယ့် ကိစ္စ ကိုတော့ ပါတီက ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဒါပေမဲ့ ပြည်ထောင်စုရွေးကောက်ပဲွဲ ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းအရ ပါတီ တစ်ခုမှာ ပါတီဝင်ဦးရေ တစ်ထောင်ကို လာမယ့် ဧပြီလမှာ စာရင်းပေးပို့ရ မှာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့တာပါ။
Link : Here

No comments:
Post a Comment